ထားဝယ်မြို့တွင် မသန်စွမ်းသူအပါအဝင် မြို့ခံအချို့စစ်မှုထမ်းဆီးခံရ
Dawei Watch
February 9, 2026ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့တွင် စစ်အာဏာရှင်တပ်က ကားငါးစီးဖြင့် ဖေဖော်ဝါရီလ ၈ရက် ညသန်းခေါင်ကျော်တွင် နေအိမ်များကို ဝင်ရောက်ပြီး လူငယ်များကို စစ်မှုထမ်းဖမ်းဆီးကြောင်း မြို့ခံများထံမှ သိရသည်။ ယင်းသို့ စုဆောင်းခံရသူများအနက် ဘုမ္မော်ရပ်ကွက်တွင် ခြေတစ်ဖက် မသန်သူတစ်ဦးလည်း ပါဝင်ကြောင်း ရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။ “ဘုမ္မော်မှာ ညောင်ပင်ကြီးလမ်းနဲ့ မြစံပယ်လမ်းတွေမှာ ဝင်ဆွဲသွားတယ်။ ဖုန်းဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ ခြေတစ်ဖက် မသန်တဲ့တစ်ယောက် ပါသွားတယ်” ဟု ဘုမ္မော်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ယင်းအပြင် ယမန်နေ့ည၌ပင် စစ်မှုထမ်း စုဆောင်းရန် ဝင်ရောက်စစ်ဆေးခံရသည့် စာရင်းတွင် အထက်တန်း ကျောင်းသား တစ်ဦး ပါဝင်နေကြောင်း ဖြစ်စဥ်အားသိရှိသူတစ်ဦးက ပြောဆိုသည်။ “စစ်မှုထမ်းဝင်ဆွဲဖို့ စာရင်းထဲပါလာတယ်ဆိုပြီး အိမ်ကိုဝင်စစ်ပြီးမှ ကျောင်းသားဖြစ်နေတယ်ဆိုတော့ ထားခဲ့တယ်။ မခေါ်သွားဘူး” ဟု ၎င်းက ပြောသည်။ ဖေဖော်ဝါရီလ […]


