စစ်အာဏာရှင်တပ်က လောင်းလုံး၊ ခမောင်းတောင်ကျေးရွာရှိ နေအိမ်များမှ ပစ္စည်းများခိုးယူ
Dawei Watch
January 28, 2026လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ကျေးရွာရှိ နေအိမ်တစ်ရွာလုံးနီးပါးကို စစ်အာဏာရှင်တပ်က ဖောက်ထွင်းပြီး အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်သွားခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံများ၏ ပစ္စည်းများကို ဖောက်ထွင်းခိုးယူသွားသူများမှာ ဇန်နဝါရီလ ၂၅ ရက်နေ့က စခန်းကြီးကျေးရွာအုပ်စုတွင် ကျင်းပနေသော စစ်အာဏာရှင်တပ်၏ ရွေးကောက်ပွဲတွင် လုံခြုံရေးယူပေးခဲ့သော စစ်အာဏာရှင်တပ်သားများဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ စစ်အာဏာရှင်တပ်သားများမှာ ဇန်နဝါရီ ၂၆ ရက် နံနက်စောစောတွင် ခမောင်းတောင်ကျေးရွာသို့ ရောက်ရှိလာပြီး လူမရှိသည့် နေအိမ်များတွင် တပ်စွဲနေထိုင်ကာ ဖောက်ထွင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒီတစ်ကြိမ်မှာတော့ ခမောင်းတောင်တစ်ရွာလုံးနီးပါးပါပဲ။ အဝတ်အစား၊ ထမင်းပေါင်းအိုး၊ အသုံးအဆောင်ပစ္စည်းတွေ အများကြီးပါသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းစစ်အာဏာရှင်တပ်စစ်ကြောင်းမှာ ခမောင်းတောင်ကျေးရွာ၌ တစ်ရက်ကျော်ကြာ တပ်စွဲခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၈ […]


