ကံပေါက်တွင် ဆယ်ကျော်သက် မိန်းကလေး သူငယ်ချင်း အချင်းချင်းဓားထိုးမှုဖြစ်
Dawei Watch
April 21, 2026ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာတွင် အသက် ၁၆နှစ်ဝန်းကျင် မိန်းကလေးသူငယ်ချင်း အချင်းချင်း ဓားထိုးမှုဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ကံပေါက်ကျေးရွာ၌ ရွာပတ်လမ်း (ရတနာလမ်း) တွင် ဧပြီလ ၁၈ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ရွာပတ်လမ်းသည် လူအသွားအလာနည်းပြီး ဥယျာဉ်ခြံများ ရှိသည့်နေရာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဓားဖြင့် အထိုးခံခဲ့ရသည့် မိန်းကလေးတွင် ဦးခေါင်း၊ လည်ပင်းနှင့် လက်တို့တွင် ဓားဒဏ်ရာ ဆယ်ချက်ထက်မနည်း ရရှိခဲ့ကြောင်း လူနာကို မျက်မြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။ အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ Dawei Watch မြင်တွေ့ရသည့် ရုပ်သံတစ်ခုတွင် ဓားဒဏ်ရာများဖြင့် သွေးထွက်၍ ကားလမ်းနံဘေးလဲကျနေသည့် အမျိုးသမီးငယ်တစ်ဦးက သတိမေ့မျောလုဆဲ အခြေအနေဖြစ်နေသည်ကို တွေ့ရသည်။ ယင်းသို့ လဲကျနေသည့် […]


