ထားဝယ်အရှေ့တော၊ ဝကုန်းရွာမှ ခဲဝယ်၊ရောင်း အမျိုးသမီးတစ်ဦးကို KNLA ဖမ်းဆီးထားဟုဆို
Dawei Watch
April 15, 2026ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာမှ ခဲအရောင်းအဝယ်လုပ်နေသည့် အမျိုးသမီးတစ်ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဖမ်းဆီးသွားသည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လနောက်ဆုံးပတ်တွင် ဝကုန်းရွာမှ အသက် ၄၈ နှစ်ခန့်အရွယ် ဒေါ်တင်မာဆွေဆိုသူကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နှင့် တပ်မဟာ (၆) လက်အောက်ခံ KNLA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ဒေါ်တင်မာဆွေကို KNU/KNLA တပ်က ဖမ်းဆီးထားသည့် ကိစ္စနှင့် ပတ်သက်ပြီး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားနှင့် KNU တပ်မဟာ (၆) KNLA တပ်ရင်း (၂၇) တပ်ရင်းမှူး ဗိုလ်မှူးကြီး စောမှူးဂေတို့ကို Dawei Watch က စာပို့မေးမြန်းထားဆဲ […]


