ထားဝယ်တွင် အိမ်ထောင်သည်သုံးဦး စစ်မှုထမ်းစုဆောင်းခံရ
Dawei Watch
April 6, 2026ထားဝယ်မြို့တွင် ဧပြီလ ၂ရက် ညပိုင်းက မြို့ခံ အိမ်ထောင်သည် အမျိုးသားသုံးဦး စစ်မှုထမ်းစုဆောင်းခံရကြောင်း မြိုခံများထံမှ သိရသည်။ စစ်မှုထမ်းစုဆောင်းခံရသူသုံးဦးမှာ ထားဝယ်မြို့ပေါ်ရပ်ကွက် နှစ်ခုမှ ဖြစ်ကြပြီး နှစ်ဦးမှာ အသက် ၃၅ နှစ်အောက်ဖြစ်ကာ ကျန်တစ်ဦးမှာ ၃၅ နှစ်အထက်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အဆိုပါ အမျိုးသားသုံးဦးကို ညဘက် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖြစ်စဥ်အားသိရှိသည့် မြို့ခံတစ်ဦးက ဆိုသည်။ “မြိတ် (စစ်မှုထမ်းသင်တန်းကျောင်း) ကိုတော့ မပို့သေးဘူး။ ၄၀၁ (ထားဝယ်မြို့အခြေစိုက် စစ်အာဏာရှင်ခြေမြန်တပ်ရင်း) ထဲမှာ ရှိနေတယ်။ ပါသွားတဲ့ တစ်ယောက်ကိုတော့ တွေ့ခွင့်ရဖို့ မိသားစုက ကြိုးစားနေတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါအမျိုးသားသုံးဦးစလုံးသည့် အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း မြို့ခံအစ္စလာမ်အသိုင်းအဝိုင်းထံမှ သိရသည်။ ထားဝယ်တွင် စစ်မှုထမ်းစုဆောင်းခံရသူများကို စစ်အာဏာရှင်တပ်၏ […]


