ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူတွင် မှတ်ပုံတင်ကွင်းဆင်းလုပ်ပေးသော်လည်း ရွေးကောက်ပွဲမလုပ်နိုင်သည့် ရွာများက ဒေသခံများကို လုပ်မပေး

Dawei Watch

December 13, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်တွင် စစ်ကော်မရှင် လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေး (လဝက) ဝန်ထမ်းများက ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ရာ၌ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာအုပ်စုများမှ ဒေသခံများကို မလုပ်ပေးကြောင်း ကိုယ်တိုင်ကြုံရသည့် ကာယကံရှင်များနှင့် ဒေသခံများက ပြောသည်။ နိုဝင်ဘာလ နောက်ဆုံးအပတ်နှင့် ဒီဇင်ဘာပထမအပတ်တွင် ကံပေါက်ရွာနှင့် မောရဝတီရေတပ်စခန်းဌာနချုပ်တည်ရှိသည့် အုန်းပင်ကွင်းရွာတို့တွင် မှတ်ပုံတင် ကွင်းဆင်း လုပ်ပေးခြင်းဖြစ်သည်။ “ဖောင်းတောအုပ်စု ခြောက်ရွာ (ဖောင်းတော၊ ကောင်းမှု၊ မော်ကြီး၊ ဓမင်းဆိပ်၊ ပိုက်တဲ၊ မီးတိုင်တက်) က လူတွေဆိုရင် အမဲရောင်နယ်မြေဖြစ်နေတယ်။ လုပ်မပေးဘူးပြောတယ်။ ရွာက သွားလုပ်ကြတဲ့သူတွေ အားလုံး မရကြဘူး။ လုပ်ချင်ရင် ရုံးမှာသွားလုပ်လို့ ပြောတယ်” ဟု ကိုယ်တိုင်ကြုံခဲ့ရသည့် ဖောင်းတောဒေသခံတစ်ဦး ပြောဆိုသည်။ ဖောင်းတောကျေးရွာအုပ်စုသည် ကံပေါက်တိုက်နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာအုပ်စု […]

ရေဖြူ၊ နဘုလယ်ဒေသခံ ၅ ဦးကို စစ်အာဏာရှင်တပ်ဖမ်းဆီး

Dawei Watch

December 13, 2025

ရေဖြူမြို့နယ်၊ နဘုလယ်ကျေးရွာမှ ဒေသခံအမျိုးသားငါးဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အင်အားတစ်ရာကျော် ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် နဘုလယ်ဒေသ ထိန်ကြီးကျေးရွာသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး နေအိမ်တစ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းနောက်စစ်ကြောင်းပြန်လည်ထွက်ခွာသွားချိန်တွင် ထိန်ကြီးရွာပြင်၌ရှိနေသည့် ဒေသခံအမျိုးသား ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “ဖမ်းခံရတဲ့ သူတွေက ရွာပြင်မှာ ကြက်မွေး၊ဘဲမွေး လုပ်နေတဲ့ရွာသားတွေ အိမ်မီးရှို့ ခဲ့ပြီး ပြန်အထွက်မှာ ဖမ်းသွားတာ”ဟု အထက်ပါအမျိုးသားကပြောသည်။ အဆိုပါစစ်ကြောင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်း ယာယီစစ်စခန်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းဖြစ်သည်။ ဒီဇင်ဘာလ ၁၂ ရက် နေ့ ရေဖြူမြို့အနောက်ဘက်ကမ်းရှိ မြို့မ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် […]

ရေဖြူ၊ နဘုလယ်ဒေသတွင် စစ်အာဏာရှင်တပ်က နေအိမ်မီးရှို့

Dawei Watch

December 12, 2025

ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာဖြစ်သော ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထိန်ကြီးရွာရှိ နေအိမ်တစ်ဆောင်ကို စစ်အာဏာရှင်တပ်က လာရောက်မီးရှို့သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာတွင်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်မှ တပ်သားများ ယနေ့ (ဒီဇင်ဘာ ၁၂) မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် ထိန်ကြီးကျေးရွာသို့ ရောက်ရှိလာပြီး နေအိမ်တစ်ဆောင် ကို မီးရှို့သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ထိန်ကြီးရွာပြင်မှာရှိတဲ့ ဆိုင်ပါ။ မိသားစု သုံးယောက်တည်းနေတာ၊ ကုန်ခြောက်တွေလည်း ရောင်းတယ်”ဟု ၎င်းကပြောသည်။ စစ်အာဏာရှင်တပ်မီးရှို့မှုကြောင့် ကုန်ခြောက်ဆိုင်တစ်ဆိုင် မီးလောက်ပျက်စီးသွားခဲ့ပြီး မီးလောင်မှုကြောင့် ကုန်ပစ္စည်းများ ဆုံးရှံးသွားခဲ့ကြောင်း ဒေသခံတို့ကပြောသည်။ နေအိမ်မီးရှို့ပြီးနောက် စစ်အာဏာရှင်တပ်သည် ရေနက်ဆိပ်ကမ်းရှိ ယာယီစစ်စခန်းအတွင်းသို့ ပြန်သွားကြောင်း ဒေသခံများကဆိုသည်။ မည့်သည့်အကြောင်းယင်းကြောင့် နေအိမ်မီးရှို့သွားသည်ကိုမူ မသိရသေးပေ။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် ရေနက်ဆိပ်ကမ်းယာယီစစ်စခန်းရှိ စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့က […]

ရေဖြူ ဇာဒီအုပ်စုတွင် စစ်အာဏာရှင်တပ် တပ်စွဲပြီး ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်တင်းကျပ်

Dawei Watch

December 12, 2025

ရေဖြူမြို့နယ်၊ ဇာဒီရွာတွင် ဒီဇင်ဘာလဆန်းကတည်းက ရောက်ရှိတပ်စွဲနေသော စစ်အာဏာရှင်တပ်သားများသည် ဇာဒီရွာနှင့် ကျောက်ထရံတို့တွင် ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်ကို တင်းကျပ်စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။ ဇာဒီရွာနှင့် ကပ်လျက်ရှိသည့် ငါးဖမ်းတံငါလုပ်ကိုင်သော ကျောက်ထရံရွာတွင်လည်း ရေတပ်စစ်သင်္ဘော နေရာယူထားသည့် အပြင် စစ်အာဏာရှင်တပ်သားအချို့ထားရှိပြီး ငါးဖမ်းလှေ အဝင်အထွက်စာရင်းကောက်ယူနေကြောင်း ဒေသခံများက ဆိုသည်။ ဇာဒီရွာနှင့် ကံပေါက်ဒေသကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းများပေါ်ရှိ ပယရွာစစ်ဆေးရေးဂိတ်နှင့် မော်ကြီးရွာ စစ်ဆေးရေးဂိတ်တို့တွင်လည်း ဇာဒီရွာသားများအား ဖြတ်သန်းခွင့် မပြုသလို အခြားရွာသားများလည်း ဇာဒီရွာဘက်သို့ သွားခွင့်မပြုကြောင်း ဇာဒီဒေသခံများက ပြောဆိုသည်။ “အစကဆိုရင် ကျောက်ထရံမှာ အသား၊ ငါး သွားဝယ်စားလို့ရသေးတယ်။ အခုက ကျောက်ထရံရွာအထိ (စစ်အာဏာရှင် တပ်သားများ) လာနေနေတော့ သွားလာပြီး ဝယ်ရစားရ ခက်သွားတယ်။ ကံပေါက်ဘက်ကိုက လုံးဝ […]

ရေဖြူမြို့ အနောက်ဘက်ကမ်းတွင် တိုက်ပွဲပြင်းထန်၊ စစ်အာဏာရှင်တပ်က မြို့အဝင်အထွက်ဂိတ်များပိတ်

Dawei Watch

December 12, 2025

ရေဖြူမြို့အနောက်ဘက်ကမ်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ အပြင်းထန်ဖြစ်ပွားနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြစ်အနောက်ကမ်းတွင်ရှိသော ရေဖြူမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၉ နာရီ ခွဲ အချိန်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “လက်နက်ကြီးတွေ တရစပ်ပစ်နေကြတယ်။ ကျောင်းလည်းဖွင့်နေတော့ ကျောင်းသားတွေပဲ စိတ်ပူနေရတယ်။ ဖုန်းတွေလည်း ဆက်မရကြဘူး”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ တိုက်ပွဲအတွင်း ရေဖြူမြို့နယ် အနီးရှိ အမှတ် ၄၀၆၊၄၀၇ စစ်အာဏာရှင်တပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မြို့ခံများထံမှသိရသည်။ နှစ်ဘက်ပစ်ခတ်မှုများအတွင်း ရေဖြူမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြိုမရဲစခန်း မီးလောင်နေကြောင်း ဒေသခံများထံမှသိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ “အခုတိုက်ပွဲဖြစ်နေတဲ့နေရာမှာ ထွေအုပ်ရုံးရှိတယ်၊ ရဲစခန်းရှိတယ်။ အဲဒီနေရာကနေ […]

သရက်ချောင်းတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်၊ သင်းကျွန်းရွာက နေအိမ်အချို့မီးလောင်နေ

Dawei Watch

December 11, 2025

သရက်ချောင်းမြို့နယ်ထဲ ကျေးရွာများကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး သင်းကျွန်းရွာတွင် နေအိမ်အချို့ မီးလောင်နေကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် ထားဝယ်-မြိတ်သွားကားလမ်းတစ်လျှောက်က သရက်နှစ်ခွရွာ၊ သင်းကျွန်းရွာကို စစ်အာဏာရှင် တပ်သားများ ကားများဖြင့် လာရောက်ပြီး တပ်စွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် နေ့လယ် ၁၂ နာရီခန့်မှ ညနေ ၆ နာရီအထိ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။ “အိမ်တွေ မီးလောင်နေတယ်။ (အဝေးကနေ) ကြည့်ရသလောက် သုံးလေးဆောင်လောက် ရှိမယ်ထင်တယ်။ ပစ်တာကတော့ နှစ်ဖက်ပစ်တာလား တစ်ဖက်တည်းက ပစ်နေတာလား မသိဘူး။ ဒီလောက်ပဲနော် စကားပြောလို့မရဘူး။ အသံတောင် မထွက်ရဲဘဲ နေနေရတာ” […]

သရက်ချောင်း၊ ပန်းတောရပ်ကွက်လမ်းဆုံတွင် ဒေသခံ ၁၀ဦး ဖမ်းဆီးစစ်ဆေးခံရ

Dawei Watch

December 11, 2025

သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်လမ်းဆုံတွင် ဒီဇင်ဘာလ ၁၀ ရက်က ဒေသခံ ၁၀ဦး ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။ ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် အဆိုပါလမ်းဆုံသို့ စစ်အာဏာရှင်တပ် ကားတစ်စင်းရောက်ရှိလာပြီး လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ယနေ့ ညနေ ၄နာရီခန့်တွင်လည်း စစ်အာဏာရှင်တပ် ကားတစ်စင်း ရောက်လာပြီး လမ်းဆုံးအနီးဝန်းကျင်ရှိ အမျိုးသား ခုနစ်ဦးကို ထပ်မံဖမ်းဆီးကြောင်း ၎င်းတို့က ပြောဆိုသည်။ “ပန်းတောလမ်းဆုံမှာက သိတဲ့အတိုင်းပဲ၊ ခြင်းခတ်သူခတ်၊ ကွမ်းယာဆိုင်မှာ ထိုင်သူထိုင်ပဲ၊ ဖမ်းခေါ်သွားတဲ့အထဲမှာ လူငယ်တွေရော လူလတ်ပိုင်းတွေရောပါတယ်။ မိန်းမက တစ်ယောက်ပါတယ်” ဟု သရက်ချောင်းမြို့ပေါ် ရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းအပြင် တီတွတ်ပြင်ရွာနှင့် အိမ်ရှေ့ပြင်ရွာက အမျိုးသားနှစ်ဦးလည်း ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ […]

ဆောင်းရာသီ တောင်တက်သူများ စစ်ကောင်စီဂိတ်များကို သတိထားရန် ဒေသခံများဆို

Dawei Watch

December 11, 2025

ယခုနှစ် ဆောင်းရာသီတွင် ထားဝယ်ဒေသရှိ တောမိုးတောင်နှင့် စပါးတောင်တို့တွင် အပျော်တောင်တက်သူများ ပြန်ရှိလာပြီး စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကို သတိထားရန်လိုကြောင်း ဒေသခံများကပြောဆိုသည်။ ” အဓိက ပြန်စည်နေတာက တောမိုးတောင်နဲ့ စပါးတောင်ပဲ။ အချို့ ညအိပ်ညနေတောင်လာကြတယ်။ ကျန်တဲ့တောင်တွေကသွားလို့ရတဲ့ အခြေအနေမှာမရှိဘူး။ အဓိက လာနေကြတာတော့ သူငယ်ချင်းအစုအဖွဲ့အလိုက် လာနေကြတာများတယ်။ အများအားဖြင့် ပိတ်ရက်တွေလာကြတယ်။ အရင်နှစ်တွေမလာကြဘူး” ဟု စပါးတောင်သွားသည့် လမ်းတွင် နေထိုင်သူတစ်ဦးကပြောပြသည်။ တောမိုးတောင်သည် လောင်းလုံးမြို့နယ်၊ တောရှည်ရွာတွင် တည်ရှိပြီး ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းကာသွားရသလို စပါးတောင်သည်လည်း ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာတွင် တည်ရှိပြီး ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းကာသွားရသည်။ အထက်ပါ ထားဝယ်မြို့အဝင် တံတားစစ်ဆေးရေးဂိတ် နှစ်ခုစလုံးတွင် စစ်မှုထမ်း အဓမ္မစုဆောင်းလေ့ရှိသဖြင့် တောင်တက်လာသူများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုသင့်ကြောင်း ဒေသခံတို့က […]