ထားဝယ်တွင် စက်သုံးဆီအခက်အခဲကြောင့် ကမ်းနီးငါးဖမ်းလှေအချို့ရပ်နား
Dawei Watch
March 19, 2026ထားဝယ်ခရိုင်တွင် စက်သုံးဆီ ပြတ်လပ်ခြင်းနှင့် ဝယ်ယူရခက်ခဲခြင်းတို့ကြောင့် ကမ်းနီးငါးဖမ်းလှေ့အချို့ လုပ်ငန်းရပ်နား နေကြကြောင်း ကမ်းနီးငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဒီဇယ်စက်သုံးဆီတစ်ပီပါလျှင် ၆၈၀,၀၀၀ ကျပ်ခန့်သာ စျေးရှိရာမှ မတ်လ ပထမပတ်တွင် ၁၂သိန်း၊ ဒုတိယပတ်တွင် ၁၃သိန်းဝန်းကျင်အထိ ဖြစ်လာသည့်အပြင် ဝယ်ယူ၍လည်း မရတော့ကြောင်း လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ ကမ်းနီးငါးဖမ်းလှေလုပ်ငန်း လုပ်သူအမျိုးသမီးတစ်ဦးက ဆိုသည်။ “အခုက ၁၄ သိန်းပေးတာတောင် ဝယ်မရတော့ဘူး။ ဒီတစ်ခေါက်ပြီးရင် နားဖို့ စဉ်းစားနေတယ်” ဟု ၎င်းက ပြောဆိုသည်။ စက်သုံးဆီ စျေးကြီးပြီး အခက်အခဲအပြင် စျေးကောင်းသည့်ငါးများ ရှာဖွေဖမ်းဆီးရမိမှု နည်းလာခြင်းတို့ကြောင့် အကျိုးအမြတ် နည်းသဖြင့် လုပ်ငန်းယာယီ ရပ်ဆိုင်းရန် ဆုံးဖြတ်ကြခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာရှိ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။ […]


