ထားဝယ်၊ ပေါက်တိုင်းတံတား စစ်အာဏာရှင်တပ်ဂိတ် ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရ
Dawei Watch
March 11, 2026ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ် မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရကြောင်း လမ်းသွားလမ်းလာများနှင့် ဒေသခံများထံမှ သိရသည်။ မတ်လ ၇ ရက်ကလည်း အဆိုပါ စစ်ဆေးရေးဂိတ်မှာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရသဖြင့် မတ်လဆန်းအတွင်း၌ပင် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု နှစ်ကြိမ်ရှိပြီဖြစ်သည်။ “ညနေ ၃ နာရီထိုးခါနီးမှာ ဒရုန်းနဲ့ ဗုံးချခံရတာ။ ဂိတ်ကို တစ်နာရီလောက် ပိတ်ထားလိုက်ပြီးမှ ပြန်ဖွင့်တယ်” ဟု အဆိုပါလမ်းပိုင်းကို အသုံးပြုနေသည့် ကားသမားတစ်ဦးက ပြောသည်။ ဒရုန်းဖြင့် ဗုံးချခံရမှုကြောင့် စစ်ဆေးရေးဂိတ်အတွင်း ထိခိုက်မှု ရှိ၊ မရှိကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။ ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်က ထားဝယ်မြို့နယ်၊ ရှမ္မတွင်းကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ “လက်နက်ကြီးနဲ့ […]


