ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်လေယာဉ်ကွင်း စချဲ့၊ ထားဝယ်ကိုဗုံးကြဲရန် အသုံးပြုလာမည်ကိုစိုးရိမ်

Dawei Watch

November 22, 2025

ထားဝယ်လေယာဉ်ကွင်း အဆင်မြှင့်‌တင်ရေးလုပ်ငန်းများ ယခုနိုဝင်ဘာလထဲတွင် စတင်အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ စက်တင်ဘာလ ၁၈ နေ့ ထားဝယ်ခရီးစဉ်အတွင်း ထားဝယ်လေဆိပ်အား ‌အဆင့်မြှင့်တင်ရန် ပြောဆိုခဲ့ပြီးနောက်ပိုင်း ယင်းသို့လုပ်ငန်းစတင်လာခြင်း ဖြစ်သည်။ ဒေသတွင်းသုံး( Domestic Airport) အဆင့်မှ နိုင်ငံတကာအဆင့်မီလေယာဉ်ကွင်း (Code 4D) အထိ အဆင့်မြှင့်ရန် စီမံကိန်း (Master Plan) ရေးဆွဲ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။ လတ်တလောတွင် ကွင်းဘေးသို့ ၂၅ ပေအကျယ်သို့ချဲ့ထွင်ရန် ကနဦးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်သည်။ “လေယာဉ်ကွင်းလည်းစချဲ့နေပြီ။ လေယာဉ်ဆီ‌တွေလည်း ကားတွေနဲ့ (ထားဝယ်မြို့) ကြက်စားပြင်ဆိပ်ကမ်းကနေ ကားတွေနဲ့ ညဘက်သယ်နေတာတွေရှိတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။ ထားဝယ်လေယာဉ်ကွင်းသည် လက်ရှိတွင် ခရီးသည်တင် ATR 72 အမျိုးအစား လေယာဉ်ငယ်နှစ်စီးသာ […]

စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးနေ၍ သရက်ချောင်းမှ ကျေးရွာ ၁၀ ရွာခန့် ထပ်မံထွက်ပြေးနေရ

Dawei Watch

November 21, 2025

သရက်ချောင်းမြို့နယ်အောက်ဘက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံများ ပြန်လည်ထွက်ပြေးနေရကြောင်း သရက်ချောင်းမြို့နယ် ဒေသခံများထံမှသိရ သည်။ အင်အား ၂၀၀ ခန့်ရှိ အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ ၂၁ ရက်တွင် ဆင်ကူးမှ ဘုတ်တောင်အထိ စစ်ကြောင်းထိုးခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်ခန့်တွင် ဘုတ်တောင်မှ ကတွဲ၊ ကျောက်ခမောက်၊ ဆိတ်ချောင်း၊ ကညင်ချောင်း၊ အောက်သရက်ချောင်း၊ ရငဲ၊ ကမြိုင်စသည့်ကျေးရွာများကို စစ်ကြောင်းဆက်ထိုးနေသည်ဟု ဒေသခံများကဆိုသည်။ စစ်ကြောင်းထိုးစဉ် လမ်းမှာတွေ့သည့် ဒေသခံများကို ဖမ်းဆီးသွားပြီး တခြားရွာသို့ရောက်ရှိချိန်တွင် ပြန်လည်လွှတ်ပေးလိုက်သည်ဟု ၎င်းတို့ကပြောသည်။ ရော်ဘာခြစ်သွားသည့် အသက် ၃၀ ခန့်ရှိ ကတွဲရွာသား အမျိုးသားနှစ်ဦးကိုလည်း တောကောင် ပစ်ရန်ယူဆောင်သွားသည့် တူမီးသေနတ်ပါလာသဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းနှင့် ဆွေမျိုးနီးစပ်တော်သူတစ်ဦးထံက သိရသည်။ “ပြန်လွှတ်ပေးသူတွေလည်း […]

ဆယ်နှစ်ကြာ ရပ်နားထားသည့် ထားဝယ်-မြိတ် အမြန်ရေယာဉ်ခရီးစဉ် ပြန်စ

Dawei Watch

November 21, 2025

ဆယ်နှစ်ကြာရပ်ထားသည့် ထားဝယ်-မြိတ် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်ခရီးစဉ်များ ပြန်လည်စတင်ပြေးဆွဲမည်ဟု မြိတ်မြို့နှင့်ထားဝယ်မြို့ရှိ ခရီးသွားလုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။ ထားဝယ်-မြိတ်-ကော့သောင်း ကမ်းရိုးတန်း အမြန်ရေယာဉ်ခရီးစဉ်များကို ၂၀၁၆ ခုနှစ်မှစ၍ ဆယ် နှစ်ကြာ ရပ်နားခဲ့ပြီးနောက် ယခုနှစ် နိုဝင်ဘာလ ၂ ၂ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲသွားမည်ဟု မြိတ်မြိုရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့်အမျိုးသမီးတစ်ဦးကပြောသည်။ “မနက်ဖြန် အမြန်ရေယာဉ်ပြေးဆွဲမယ်ဆိုတာ ဟုတ်ပါတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။ ကုန်းလမ်းကြောင်းတွင် တိုက်ပွဲများကြောင့် မကြာခဏ လမ်းပိတ်လေ့ရှိသဖြင့် တနင်္သာရီတိုင်းမှ ခရီးသွားများမှာ ရေကြောင်း၊လေကြောင်းတို့ကို အားပြုသွားလာနေကြခြင်းဖြစ်ပြီး ယခင်က အမြန်ရေယာဉ်အငယ်စားများဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။ ပင်လယ်ပြင်ရာသီဥတု အခြေအနေအရ ရေကြောင်းခရီးစဉ်ကို စပိတ်ဘုတ်အမြန်ရေယာဉ် အငယ်စားများဖြင့် ပြေးဆွဲလျက်ရှိရာမှ ပြောင်းလဲပြေးဆွဲခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ “အခုက ရာသီဥတုဆိုးလို့ စပိဘုတ်ရေယာဉ်က လမ်းကနေ […]

ထားဝယ်အမျိုးသားနေ့ တေးဂီတဖျော်ဖြေပွဲကျင်းပရန် လောင်းလုံးဘက်ခြမ်း လုံခြုံရေးတင်းကျပ်

Dawei Watch

November 20, 2025

နတ်တော်လဆန်း ၁ရက် ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် ကျရောက်သည့် ထားဝယ်အမျိုးသားနေ့အထိမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲကျင်းပရန် လောင်းလုံးမြို့နယ်ဘက်ခြမ်း၌ အစစ်ဆေးများကာ လုံခြုံရေးတင်းကျပ်ထားကြောင်း ထားဝယ်မြို့ခံများနှင့် ဒေသခံခရီးသွားများက ပြောသည်။ တေးဂီတဖျော်ဖြေပွဲကို ယနေ့ ည ၆နာရီမှ ၁၂ နာရီအထိ ထားဝယ်မြို့ကမ်းနားလမ်းရှိ ထားဝယ်မြစ်ကမ်းနံဘေးတွင်ရှိသော ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကျင်းပသည့် ကမ်းနားပန်းခြံတွင် ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် ကမ်းနားပန်းခြံနှင့် ထားဝယ်မြစ်ခြားသည့် လောင်းလုံးမြို့နယ်၊ အင်းဝန်းကျေးရွာနှင့် သာယာကုန်း ကျေးရွာ အနီးဝန်းကျင်တွင် စစ်အင်အားအများအပြားချထားကြောင်း ဒေသခံခရီးသွားတစ်ဦးက ဆိုသည်။ “မနေ့ကတည်းက လာချထားတယ်။ မြေတင်ကား နှစ်စီးစာ” ဟု ၎င်းက ပြောသည်။ ကမ်းနားလမ်းတစ်လျှောက်နှင့် တေးဂီတဖျော်ဖြေပွဲကျင်းပမည့် နေရာတွင် ယနေ့နံနက်ပိုင်းအထိ လုံခြုံရေးတင်းကျပ် ထားသည်ကို မတွေ့ရှိရသေးသော်လည်း မြို့အဝင်အထွက်ဂိတ်ဖြစ်သည့် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင်မူ ခရီးသွားပြည်သူများကို […]

သယ်ယူရခက်ခဲသဖြင့် ထားဝယ်တွင် အုန်းသီးအဝယ်ရပ်ပြီး စျေးကျ

Dawei Watch

November 20, 2025

မန္တလေးတိုင်းသို့ တင်ပို့ရောင်းချနေသော ထားဝယ်ခရိုင်၊ ကမ်းရိုးတန်းဒေသများမှ အုန်းသီးများမှာ သယ်ယူရခက်ခဲနေသဖြင့် အဝယ်ရပ်ကာ အုန်းသီးစျေးကျသွားကြောင်း အုန်းသီးစျေးကွက်ထဲမှ သိရသည်။ “ကျတာက ပက်ပက်စက်စက်ကိုကျနေတာ။ တစ်လုံးကို လေးထောင် ဝန်းကျင်လောက် ရောင်းနေရာကနေ အခုစျေး နှစ်ထောင်ပဲကျန်တော့တယ်။ အဲဒါတောင် ဖောက်သည်လက်ကြီး ဝယ်သမားမရှိဘူး။ အုန်းသားပဲ လုပ်နေရတယ် ” ဟု ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသမှ အုန်းသီးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောသည်။ ယခုနှစ် မတ်လက လှုပ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီးပြီးနောက် အုန်းသီးဝယ်ယူသည့် မုန့်တိုက်နှင့်စက်ရုံများက အုန်းသီးအဝယ် စတင်လျော့ကျသွားကြောင်း၊ သြဂုတ်လက တိုက်ပွဲများကြောင့် ကလိန်အောင်-မလွှဲတောင် လမ်းပိုင်း ရက်ရှည်ပိတ်မိပြီးချိန်တွင်မူ မန္တလေးဘက်မှ အုန်းသီးဝယ်သူများ လုံးဝ ရပ်နားသွားကြကြောင်း အုန်းသီးလုပ်ငန်းရှင်များကဆိုသည်။ tဟု အုန်းသီးအရောင်းအဝယ် ပြုလုပ်သူတစ်ဦးကပြောပြသည်။ မန္တလေးမှ အုန်းသီးဝယ်သူများသည် ကံပေါက်ဒေသအပြင် နဘုလယ်ဒေသနှင့် […]

ထားဝယ်-မြိတ်ကားလမ်းတွင် ကားများနှင့် ခရီးသည်ရာချီ ပိတ်မိနေသည်မှာ တပတ်ခန့်ရှိလာ

Dawei Watch

November 19, 2025

သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်ကားလမ်းတွင် ကားများနှင့် ခရီးသည်ရာနှင့်ချီ ပိတ်မိနေသည်မှာ တစ်ပတ်ခန့်ရှိလာပြီ ဖြစ်ကြောင်း ခရီးသွားများနှင့် သရက်ချောင်းမြို့နယ် ဒေသခံအချို့က ပြောသည်။ ထားဝယ်-မြိတ် ကားလမ်းတစ်လျှောက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေသဖြင့် စစ်ရေးအခြေအနေကြောင့် ယင်းလမ်းပိုင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တို့က လမ်းပိတ်ထားကြောင်း ဒေသခံများက ဆိုသည်။ “ကျွန်တော်တို့ပိတ်မိနေတာ ခြောက်ရက်ရှိပြီ။ တချို့ကားတွေ ပြန်လှည့်တာတွေလည်းရှိတယ်။ ပရိုဘောက်တွေနဲ့ ထားဝယ် ဘက်ကို ပြန်လှည့်တဲ့ကားတွေမှာ လူငယ်အမျိုးသားတွေဆို မလိုက်ရဲဘူး။ ဖမ်းပြီး ခေါ်ထားမှာစိုးလို့” ဟု လမ်းတွင် ပိတ်မိ နေသည့် ခရီးသွားအမျိုးသားတစ်ဦးက ပြောဆိုသည်။ သရက်ချောင်းမြို့နယ် စုံစင်ဖျား၊ မင်းဒပ်၊ သိမ်ကုန်း၊ ချောက်ချောင်း၊ ပြင်းဖြူကြီးမှ ပုလောမြို့နယ်အဝင် ဆင်ထိုးကြီးရွာ အထိ လမ်းတစ်လျှောက် ပိတ်မိနေပြီး […]

ထားဝယ်ကမ်းနားဈေးရှိ လမ်းဘေးပျံကျဈေးသည်များ ပြောင်းရွှေ့ခံရ

Dawei Watch

November 19, 2025

ထားဝယ်မြို့ ကမ်းနားဈေးအနီး ဆိပ်ကမ်းသာလမ်းဘေး ဝဲယာ၌ရောင်းချနေသည့် ပျံကျဈေးသည်များကို ယနေ့မှစ၍ ကမ်းနားဈေးသစ်သို့ ပြောင်းရွှေ့လိုက်ကြောင်း ဈေးသူ၊ ဈေးသားများနှင့် မြိုခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၉ ရက်မှစ၍ ကမ်းနားလမ်းဘေးဝဲယာတွင် နံနက်ပိုင်း ဈေးရောင်းချသူများ ရောင်းချခြင်းမပြုရန် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ကြောင့် ယနေ့ နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းကစ၍ ပျံကျဈေးသည်များမှာ ဆိပ်ကမ်းသာမင်္ဂလာခန်းမ၏ အနောက်ဘက်တွင် ရှိသော မေတ္တာကမ္ဘာအေးပျံကျဈေးသစ်နေရာသို့ ပြောင်းရွှေ့ရကြောင်း မြို့ခံများက ပြောသည်။ ကမ်းနားဈေးတွင် ရေထွက်ကုန်၊ စားဖိုဆောင်သုံးကုန် ရောင်းချသည့် စျေးသည်များသာ ကျန်ရှိပြီး ကုန်စိမ်းနှင့် ဒေသထွက်ကုန်ရောင်းချသည့် စျေးသည်အများစုမှာ ဈေးသစ်နေရာသို့ ရောက်ရှိသွားသဖြင့် နယ်လှည့် ဈေးသည်များ ဈေးဝယ်ရာတွင် အချိန်ကုန်ကာ အခက်အခဲဖြစ်ကြောင်း […]

သရက်ချောင်းမြို့နယ်တွင် ဝဲရစ်ရွာသားတစ်ဦး မိုင်းနင်းမိ

Dawei Watch

November 18, 2025

သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာတွင် အမျိုးသားတစ်ဦး နိုဝင်ဘာလ ၁၃ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိသဖြင့် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံအချို့က ပြောသည်။ ဝဲရစ်ရွာက အသက် ၅၅ နှစ်အရွယ်ရှိ ဦးတင်စိုးတို့ဇနီးမောင်နှံမှာ ဆိုင်ကယ်ဖြင့်သွားမရ၍ လမ်းဆင်းလျှောက်စဉ် လယ်ထဲမရာက်ခင် လမ်းပိုင်းတစ်နေရာ၌ မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု ဝဲရစ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ခြေတွေလက်တွေတော့ မဖြတ်ရဘူး၊ ခြေထောက်မှာနည်းနည်း ဗိုက်မှာနည်းနည်း နံရိုးကြားလားမသိဘူး။ နည်းနည်းစီထိတယ်ပြောတယ်၊ အခုထိတော့ ဆေးရုံကမဆင်းလာသေးဘူး၊ သူ့မိန်းမတော့ ဘာမှမဖြစ်ဘူးလို့ပြောတယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။ သရက်ချောင်းမြို့အထွက် ဆင်ကူးမှ ဘုတ်တောင်အထိ ထားဝယ်-မြိတ်သွားကားလမ်းတစ်လျှောက်ကို အင်အား ၂၀၀ ခန့်ဖြင့် စစ်အာဏာရှင်တပ်က အောက်တိုဘာ ၂၁ ရက်ကစပြီး စစ်ကြောင်းထိုးနေသည်မှာ တစ်လခန့်ရှိလာပြီဖြစ်သည်။ အဆိုပါစစ်ကြောင်းသည် ဘုတ်တောင်ကိုရောက်ရှိနေပြီး ယင်းမှတစ်ဆင့် ယနေ့တွင် ကညင်ချောင်းရွာဘက်ကို […]