ဝင်းဝစခန်းအနီးဝန်းကျင်ရှိ ရွာနှစ်ရွာကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲ
Dawei Watch
March 13, 2026သရက်ချောင်းမြို့နယ်အောက်ပိုင်းက ဝင်းကဖော်ရွာနှင့် ဂုံညှင်းဆိပ်ရွာတွေကို စစ်အာဏာရှင်တပ်က မတ်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း KNLA တပ်ရင်း (၂၇) နှင့် စစ်ရေးသတင်းအမြစ်အချို့ထံမှ သိရသည်။ သရက်ချောင်းမြို့နှင့် ပုလောမြို့နယ် ပလောက်မြို့ကြား မြိတ်-ထားဝယ်ကားလမ်းရှိ စစ်အာဏာရှင်တပ်၏ တစ်ခုတည်း ကျန်ရှိသည့် ဝင်းဝစခန်းကိုKNLA နှင့် တော်လှန်ရေးတပ်များ သိမ်းယူပြီးနောက် အနီးဝန်းကျင်ကျေးရွာများကို စစ်အာဏာရှင်တပ်က ဆက်လက်ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။ မတ်လ ၁၂ ရက် နံနက် ၁၀ နာရီကျော်နှင့် မွန်းလွဲပိုင်း ၁ နာရီခွဲကျော်တွင် ပင်လယ်ကမ်းခြေရွာဖြစ်သည့် ဂုံညှင်းဆိပ်ရွာကို K8W တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ ဂုံညှင်းဆိပ်ကျေးရွာသည် ဝင်းဝကျေးရွာနှင့် အဖြောင့်တိုင်းလျှင် လေးမိုင်နီးပါးအကွာတွင် […]


