ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

တိုက်ပွဲမရှိဘဲ စစ်အာဏာရှင်တပ်က လောင်းလုံးကို ညအချိန် လက်နက်ကြီးများဖြင့်ပစ်

Dawei Watch

December 10, 2025

တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်အာဏာရှင်တပ်က လောင်းလုံးမြို့ဘက်သို့ ညဘက်လူအများ အိပ်ချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း၌ တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က ဒီဇင်ဘာလ ၉ ရက် နေ့ ည ၇ နာရီ ခန်နှင့် ၁၀ နာရီကျော် အချိန်ခန့်တို့တွင် မြစ်တစ်ဘက်ကမ်း၌ရှိသော လောင်းလုံးမြို့နယ်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှသိရသည်။ “ပထမတစ်လုံးက အိမ်ပါတုံတယ်။ ဒုတိယတစ်လုံးကလက်နက်ကြီးဒလက် (ကျည်ဆန်) ခေါင်မိုးပေါ်က ဖြတ်သွားတာကို ကြားနေရတယ်။ အကုန်လုံးအိမ်အောက်ဆင်းပြေးပြီး နေကြရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ စစ်အာဏာရှင်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်နှစ်လုံးအနက် တစ်လုံးမှာ လောင်းလုံးမြိုနှင့် ကပ်လျက်တွင်ရှိသော သဗျာကျေးရွာတံတားအနီး ကားလမ်းပေါ် ကျ ရောက်ပေါက်ကွဲခဲ့ပြီး […]

စစ်အာဏာရှင်တပ်စစ်ကြောင်း ရေဖြူ ကျောက်ထရံရွာသားခုနစ်ဦးကိုဖမ်းထား

Dawei Watch

December 9, 2025

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ကျောက်ထရံရွာသို့ ဒီဇင်ဘာလ ၈ရက်က ရောက်ရှိလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ရွာသူ၊ ရွာသား ခုနစ်ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာတပ်စစ်ကြောင်းသည် ပင်လယ်ကမ်းစပ်ရွာဖြစ်သည့် ကျောက်ထရံရွာသို့ ဒီဇင်ဘာလ ၈ရက်တွင် ရောက်ရှိ လာပြီးနောက် အထက်ပါဒေသခံ ခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းနေ့တွင်ပင် ပြန်လွှတ်ပေးလိုက်သော်လည်း ယနေ့ ဒီဇင်ဘာလ ၉ရက်တွင် ထပ်မံ ဖမ်းဆီးထားကြောင်း ဒေသခံများက ဆိုသည်။ “စစ်ကြောင်းဝင်လာတာနဲ့ ဖမ်းပြီး ပြန်လွှတ်ပေးလိုက်သေးတယ်။ ပြီးမှ အားလုံး (ခုနစ်ယောက်စလုံး) ပြန်လာဆိုပြီး စစ်ကြောင်းနဲ့ အတူတူခေါ်ထားတယ်” ဟု ရွာသားတစ်ဦးက ပြောဆိုသည်။ အဖမ်းခံရသူများတွင် ဦးသန်းသန်းအပါအဝင် မိသားစုဝင်သုံးဦးနှင့် ဒေသခံအခြား လေးဦးပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။ ဦးသန်းသန်းသည် ယခုနှစ် ဧပြီလဆန်းတွင်လည်း […]

ထားဝယ်မြို့တွင် လုံခြုံရေးတင်းကျပ်

Dawei Watch

December 9, 2025

စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသံတိတ်သပိတ်ပြုလုပ်ကြရန် နှိုဆော်ထားချိန် ထားဝယ်မြို့တွင် လုံခြုံရေးတင်းကျပ်ထားကြောင်း မြို့ခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁၀ ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ကြရန် မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း အပါအဝင် သပိတ်ခေါင်းဆောင်အချို့က မန္တလေးမြို့လယ် စျေးချိုတော်အနီး ဒီဇင်ဘာလ ၃ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာ၌ တိုက်တွန်းခဲ့သည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီလည်း စစ်အုပ်စု ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် ဆန့်ကျင်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၇ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းသို့ ဆန့်ကျင်သည့်အနေဖြင့် မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အသံတိတ်သပိတ်ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။ လက်ရှိ […]

ထားဝယ်မြို့အနီးဝန်းကျင်ရှိ တံတားငယ်တစ်စင်းကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး

Dawei Watch

December 6, 2025

ထားဝယ်မြို့အနီးဝန်းကျင်ရှိ တံတားငယ်တစ်စင်းကို စစ်အာဏာရှင်တပ်က ယနေ့ ဒီဇင်ဘာလ ၆ရက်တွင် လာရောက်မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများက ပြောသည်။ အင်အားတစ်ရာကျော်ပါသည့် စစ်အာဏာရှင်တပ် ခြေလျင်စစ်ကြောင်းထိုးလာပြီး တောနားနှင့် ၀မော်ကျေးရွာကြားတွင် ရှိသော ကျေးရွာချင်းဆက်တံတားငယ်ကို ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် မီးရှို့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ တောနားရွာမှာ ထားဝယ်မြို့နှင့် လေးမိုင်ခန့်အကွာ တည်ရှိသည်။ “အရင်က သူတို့ ဖျက်ဆီးသွားတဲ့ ကွန်ကရစ်တံတားပဲ။ အခုက ရွာသားတွေ သစ်သားတံတား ပြန်လုပ်ထားတယ်။ အဲဒီတံတားကို ပြန်ပြီးမီးရှို့သွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ မူလက ကွန်ကရစ်တံတားဖြစ်သည့် အဆိုပါတံတားကို ပြီးခဲ့သည့် မေလတွင် စစ်အာဏာရှင်တပ်က မြေတူးစက်ဖြင့် လာရောက် ဖြိုချဖျက်ဆီးခဲ့သည်။ ယင်းနောက် ဒေသခံများက သစ်သားဖြစ်အစားထိုးတည်ဆောက်ထားသည့် အဆိုပါတံတားကိုပင် စစ်အာဏာရှင်တပ်က ပြန်လည်မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း […]

စစ်မှုထမ်းစုဆောင်းခံရသည့် တပ်သားကိုးဦး ထားဝယ်ရှိ တော်လှန်ရေးအင်အားစုများထံ ဘက်ပြောင်း

Dawei Watch

December 5, 2025

ထားဝယ်ခရိုင်ရှိ တော်လှန်ရေးအင်အားစုများထံ ပြီးခဲ့သည့် နိုဝင်ဘာလက စစ်အာဏာရှင်တပ်သားကိုးဦး ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ နိုဝင်ဘာလ ၅ ရက်က ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၄၀၆ နှင့် ၄၀၉ စစ်အာဏာရှင် ခြေမြန်တပ်ရင်းတို့​တွင် တာဝန်ကျနေသည့် တပ်သားလေးဦးသည် လောင်းလုံးမြို့နယ်ရှိ သံမဏိလိပ်ပြာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းလာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ အထက်ပါ တပ်သားလေးဦးသည် အဓမ္မစစ်မှုထမ်းစုဆောင်းခံရပြီး စစ်မှုထမ်းအပတ်စဥ် ၁၁ သင်တန်းတွင် တက်ရောက်ခဲ့ရသူများဖြစ်ကြောင်း သံမဏိလိပ်ပြာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် ၎င်းတို့လေးဦး၏ ဆန္ဒအရ ဘေးကင်းသည့်နေရာများသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ရန်ကင်းရွာတံတားဂိတ်၌ ကင်းတာဝန်ကျနေသည့် စစ်မှုထမ်း သင်တန်းဆင်းငါးဦးသည်လည်း နိုဝင်ဘာလ ၂၇ရက်က သေနတ်သုံးလက်၊ ကျည်ဘောက် ၁၇ ခု၊ […]

ရေဖြူ ဇာဒီရွာတွင် ပစ်ခတ်မှုဖြစ်ပြီး နေအိမ်တစ်လုံးမီးလောင်

Dawei Watch

December 5, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီရွာသို့ ရောက်ရှိနေသော စစ်အာဏာရှင်တပ်သားများကို ယမန့်နေ့ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၂နာရီခွဲခန့်တွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် ဇာဒီချောင်းဝရှိ စစ်အာဏာရှင်တပ်၏ ရေတပ်စစ်သင်္ဘောက လက်နက်ကြီးဖြင့် ဇာဒီရွာအတွင်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ ပစ်ခတ်ပြီးနောက် ဇာဒီရွာ ရွာမဘက်ခြမ်းမှ မီးခိုးလုံးများ တက်လာသည်ကို မြင်တွေ့ရကြောင်း တိမ်းရှောင် နေရသည့် ဒေသခံများက ဆိုသည်။ “ပစ်ကြခတ်ကြပြီးတာနဲ့ မီးခိုလုံးတက်လာတာပဲ။ ဒီမနက် (ဒီဇင်ဘာလ ၅ ရက်) အတည်ပြုရတာကတော့ ရွာမရပ်ကွက်က အိမ်တစ်လုံးမီးလောင်တယ်။ ရှို့ခံရတာလား၊ ဒရုန်းကြောင့်လား၊ လက်နက်ကြီးကြောင့်လား ပြောမရဘူး။ ရွာထဲကို အရမ်းဝင်ကြည့်လို့ မရသေးဘူး။ စစ်သားတွေရှိသေးတယ်” […]

ထားဝယ်ခရိုင်တွင် စပါးရာသီပေါ်စျေး တစ်တင်း ကျပ်ရှစ်ထောင်ကျော်သာ ရရှိ

Dawei Watch

December 5, 2025

ထားဝယ်ခရိုင်တွင် ရာသီပေါ်စ ဆန်ကြမ်း စပါးဈေးမှာ တစ်တင်းလျှင် ကျပ်ရှစ်ထောင်ကျော်သာ ရရှိသဖြင့် ယခင်နှစ်ကထက် ၅၀ ရာခိုင်နှုန်းခန့် စျေးကျဆင်းနေကြောင်း‌ လယ်သမားအချို့က ပြောသည်။ စပါးရိတ်သိမ်းပြီးစ နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလသည် စပါးပေါ်စ ရာသီဖြစ်ပြီး ဇီယာဆန်ကြမ်းစပါးနှင့် ဧည့်မထဆန်ကြမ်းစပါးဈေးသည် ပြီးခဲ့သည့်နှစ်ကထက် ထက်ဝက်နီးပါး လျော့ကျနေသည်။ ပြီးခဲ့သည့်နှစ်က ဆန်ကြမ်းစပါးတစ်တင်းသည် ရာသီပေါ်စတွင် ၁၅၀၀၀ ကျပ်ရရှိခဲ့ပြီး နောက်ပိုင်းတွင် တစ်တင်းကို ၁၈၀၀၀ ကျပ်အထိဖြစ်ခဲ့သည်ဟု လယ်သမားအချို့က ပြောသည်။ ယခုနှစ်ရာသီပေါ်စတွင် ဆန်ကြမ်းစပါးဈေးမှာ တစ်တင်းကို ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်သာရှိသည်ဟု ထားဝယ်နှင့် သရက်ချောင်းမြို့နယ်က လယ်သမားအချို့က ပြောသည်။ “ရန်ကုန်ဆန်တွေ တိုင်းထဲကို ဝင်ရပြီး ထားဝယ်က ဆန်က ရန်ကုန်ပို့မရဘူးဖြစ်နေတယ်။ ဆန်စပါးကုန်သည်များအသင်းက ပြောတာတော့ သူတို့လည်း တိုင်းအစိုးရ(စစ်ကော်မရှင်)ကို […]

ကံပေါက်တွင် စစ်ကော်မရှင်က နေအိမ်များကိုဝင်ရောက်ပြီး လူစာရင်းစစ်

Dawei Watch

December 4, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုရှိ ရပ်ကွက်အချို့အတွင် နိုဝင်ဘာလ နောက်ဆုံးအပတ်ကစ၍ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က နေအိမ်များကို ဝင်ရောက်ပြီး လူဦးရေစာရင်းလိုက်စစ်နေကြောင်း ဒေသခံများက ပြောသည်။ မြသီတာရပ်ကွက်၊ ဗိုလ်ချုပ်ရပ်ကွက်နှင့် လှည်းကုန်းရပ်ကွက်တို့တွင် ယင်းသို့ စစ်ဆေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “အိမ်တိုင်း ဝင်တာမျိုးတော့ မဟုတ်ဘူး။ ဝင်ချင်တဲ့အိမ်ဝင်ပြီး အိမ်ထောင်စုဇယားနဲ့ တိုက်စစ်တာ” ဟု ကံပေါက်ရွာ၊ မြသီတာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ယင်းသို့ စစ်ဆေးချိန် မောရဝတီရေတပ်မှ စစ်အာဏာရှင်တပ်သားများက လုံခြုံရေးယူပေးပြီး လူဦးရေစာရင်း စစ်ဆေးနေချိန် အင်တာနက်ပြတ်တောက်ခြင်းမျိုးကြုံရကြောင်း အထက်ပါရပ်ကွက်နေ ဒေသခံများက ဆိုသည်။ “အိမ်တွေကို လိုက်ဝင်နေတဲ့အချိန်ဆို ရပ်ကွက်ထိပ်ရော အဝင်လမ်းတွေရောမှာ စစ်သားတွေ အပြည့်ပဲ။ အဲဒီအချိန်ဆို အင်တာနက်က ပြတ်ပြတ်သွားတယ်” ဟု ဗိုလ်ချုပ်လမ်းတွင်နေထိုင်သူတစ်ဦးက ပြောသည်။ ကံပေါက်ကျေးရွာအုပ်စု […]