မြိတ်-ထားဝယ်လမ်းရှိ ဝင်းဝရွာကို စစ်အာဏာရှင်တပ်ပြန်ရောက်
Dawei Watch
April 2, 2026သရက်ချောင်းမြို့နယ်အောက်ပိုင်း မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းရှိ ဝင်းဝကျေးရွာကို စစ်အာဏာရှင်တပ် ပြန်လည် ရောက်ရှိနေကြောင်း တော်လှန်ရေးအင်အားစုများနှင့် သတင်းအရင်းအမြစ်အချို့ထံမှ သိရသည်။ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF ပူးပေါင်းတပ်များက သိမ်းယူခဲ့ပြီးနောက် ရက် ၂၀ ခန့်အကြာ မတ်လ ၃၁ရက်တွင် စစ်အာဏာရှင်တပ် ဝင်းဝရွာသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “စကမတပ်တွေ ဝင်းဝရွာကိုပြန်ရောက်နေတာတော့ ဟုတ်ပါတယ်။ ပြန်ပြီးတပ်စွဲနိုင်ဖို့ ကြိုးစားလိမ့်မယ်လို့တော့ ခန့်မှန်းရ ပါတယ်ဗျ။ ဝင်းဝရွာကို ရောက်လာတဲ့ မတ်လ ၃၁ ရက်နေ့ တုန်းကတော့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ ရှိပါတယ်။ အခုတော့ ထပ်ဖြစ်နေတာ မရှိသေးပါဘူး။ ဒါပေမဲ့ စကမကတော့ လေကြောင်းနဲ့ နေ့စဥ်ဗုံးကြဲနေတုန်းပါ” မြေပြင်အခြေအနေကို သိသည့် သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF […]


