ထားဝယ်အရှေ့တော ပခပ်ရွာတွင် စက်သုံးဆီဆိုင်မီးလောင်
Dawei Watch
March 3, 2026ထားဝယ်အရှေ့တောဒေသ၊ ထားဝယ် – မေတ္တာကားလမ်းမပေါ်ရှိ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စု၊ ပခပ်ရွာတွင် ယနေ့ မတ်လ ၃ ရက် ညနေပိုင်းက စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်ကြောင်း ဒေသခံများထံမှ သိရသည်။ စက်သုံးဆီ ဖြည့်နေစဥ် ဆီပန့် (Fuel Pump) ချို့ယွင်းရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသွားရောက် ငြှိမ်းသတ်ပေးခဲ့သူများက ပြောသည်။ ညနေ ၄ နာရီခွဲဝန်းကျင်တွင် စတင်လောင်ကျွမ်းပြီး ၅ နာရီဝန်းကျင် ၌ မီးထိန်းနိုင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ မီးလောင်မှုကြောင့် စက်သုံးဆီဆိုင်အပြင် နေအိမ်တစ်လုံး၊ ကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးကြောင်း မီးသွားရောက် ငြှိမ်းသတ်ခဲ့သူများက ပြောဆိုသည်။ မီးလောင်မှုတွင် လူထိခိုက်သေဆုံးမှု မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ မီးလောင်မှုကို ရပ်ရွာနေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း ဆိုသည်။


