ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်မြို့တော်ခန်းမဟောင်း မင်္ဂလာညစာစားပွဲများအတွက် စတင်အသုံးပြု

Dawei Watch

November 10, 2025

ထားဝယ်မြို့၊ မြို့တော်ခန်းမဟောင်းကို မင်္ဂလာညစာစားပွဲကဲ့သို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခမ်းအနားများအတွက် စတင်အသုံးပြုနေကြောင်း မြို့ခံများထံမှ သိရသည်။ နိုဝင်ဘာလ ၇ ရက်တွင် မြို့တော်ခန်းမဟောင်း၌ မင်္ဂလာညစာစားပွဲ တစ်ခုကျင်းပခဲ့သလို ဂေါက်ကလပ်၏ ညစာစားပွဲ ကိုလည်း နိုဝင်ဘာလ ၉ ရက်က ပြုလုပ်ခဲ့ကြောင်း ယင်းပွဲများ၏ မှတ်တမ်းဓာတ်ပုံများအရ သိရသည်။ “မြို့တော်ခန်းမမှာ ညစာစားပွဲလုပ်တာက ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင်မင်္ဂလာပွဲမို့၊ နောက်ပိုင်းပွဲတွေ ခွင့်ပြု မပြုတော့ ပြောမတတ်သေးဘူး။ ဂေါက်ကလပ် ညစာစားပွဲလည်း မြို့တော်ခန်းမမှာပဲ လုပ်သွားတယ်” ဟု အဆိုပါပွဲများကို ကိုယ်တိုင်တက်ရောက်ခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။ မြို့တော်ခန်းမတွင် ယခင်က အစိုးရအခမ်းအနား၊ တွေ့ဆုံပွဲ၊ အများနှင့် သက်ဆိုင်သော ပွဲအခမ်းအနားများသာ ဆောင်ရွက် ခဲ့ပြီး အရပ်သားအစိုးရခေတ်တွင်မူ လွတ်လပ်ရေးနေ့၊ ခရစ္စမတ်နေ့ ညစာစားပွဲများကို […]

ရေဖြူ ဇာဒီရွာကို စစ်အာဏာရှင်တပ် လျှပ်စစ်မီးပြန်ဖြတ်၊ ဖမ်းဆီးခံ ဇနီးမောင်နှံနှစ်ဦး ပြန်မလွတ်သေး

Dawei Watch

November 10, 2025

ရေဖြူမြို့နယ်၊ ဇာဒီရွာကို စစ်အာဏာရှင်တပ်က တန်ဆောင်မုန်းလပြည့်ည နိုဝင်ဘာလ ၄ ရက်ကစပြီး လျှပ်စစ်မီး ပြန်လည် ဖြတ်တောက်ခဲ့ပြီး ဒေသခံဇနီးမောင်နှံနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ရွာသားများထံမှ သိရသည်။ တစ်နှစ်နီးပါးကြာ လျှပ်စစ်မီးဖြတ်တောက်ထားပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်တွင် လျှပ်စစ်မီး ပြန်လည်တပ်ဆင်ခဲ့သော်လည်း ၁၀ ရက်အကြာတွင် ပြန်လည်ဖြတ်တောက်ခြင်း ဖြစ်သည်။ လျှပ်စစ်မီး ဖြတ်တောက်လိုက်သဖြင့် အင်တာနက်လိုင်းလည်း ပြတ်တောက်သွားကြောင်း ၎င်းတို့က ဆိုသည်။ “လပြည့်ညက ရွာထဲဝင်လာပြီး သေနတ်ဖောက်တယ်။ သင်္ဘောဘက်ကနေလည်း လက်နက်ကြီးပစ်တယ်။ အဲဒီလို ပစ်ပြီးတာနဲ့ မီးပြန်ဖြတ်ပစ်လိုက်တယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိဘဲ စစ်အာဏာရှင်တပ်က ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများ ထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ညတွင် ဇာဒီရွာအုပ်စု […]

မိုးနှောင်း မိုးကောင်းနေသဖြင့် လယ်သမားများ စပါးရိတ်သိမ်းရန်အခက်ကြုံ

Dawei Watch

November 8, 2025

မိုးနှောင်းကာလတွင် မုန်တိုင်းများကြောင့် မိုးဆက်တိုက်ရွာနေသဖြင့် ထားဝယ်ခရိုင်အတွင်းက လယ်သမားများ စပါးရိတ်သိမ်းရန် အခက်ကြုံနေရကြောင်း လယ်သမားများထံမှ သိရသည်။ တန်ဆောင်မုန်းလပြည့်ကျော်လျှင် စပါးရိတ်သိမ်းနေပြီဖြစ်သော်လည်း ယခုနှစ်တွင် မိုးရွာနေသဖြင့် လယ်အများစု မရိတ်သိမ်း ရသေးသလို ရိတ်ပြီးသည့် စပါးအချို့လည်း မိုးရေထိ၍ အပင်ပြန်ပေါက်ကာ ဆုံးရှုံးမှု ရှိနေကြောင်း ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စုမှ လယ်သမားတစ်ဦးက ပြောသည်။ “မိုးက ဘုရားပွဲ(တန်ဆောင်တိုင်) မတိုင်ခင်မှာ မရွာတော့ဘူးဆိုတော့ ရိတ်တဲ့သူတွေ ရိတ်ကြတယ်။ အဲဒီစပါးတွေအကုန် ရေထိပြီး အပင်ပြန်ပေါက်နေတာပေါ့။ ကျန်တဲ့လယ်တွေလည်း အကုန်ရေဝင်နေတယ်” ဟု ၎င်းက ဆိုသည်။ စပါးရိတ်သိမ်းပြီးလျှင် လယ်မြေ၌ပင် အခြားသီးနှံများ ပြန်စိုက်လေ့ရှိပြီး ယခုနှစ်တွင်မှု အစားထိုးသီးနှံ စိုက်ပျိုးခြင်း နောက်ကျနိုင်ကြောင်း ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာမှ လယ်သူမတစ်ဦးက ပြောဆိုသည်။ “အခုပုံစံနဲ့ဆို စပါးက နတ်တော်လလောက်မှ […]

ထားဝယ် ရှင်မုတ္ထီးရွာတွင် စစ်အာဏာရှင်တပ်က ဓာတ်ပုံရိုက်ပြီး လူစာရင်းကောက်

Dawei Watch

November 8, 2025

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာတွင် စစ်အာဏာရှင်တပ်က လူဦးရေစာရင်းကောက်ယူပြီး မိသားစုဝင်များကိုလည်း မှတ်တမ်းဓာတ်ပုံ ရိုက်ယူသွားကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၆ရက် နံနက် ၁၀နာရီခန့်တွင် ရွာသို့ စစ်အာဏာရှင်တပ်သားများ မြေတင်ကားဖြင့် ရောက်ရှိလာကာ ဘုန်းကြီးကျောင်း၌ တပ်စွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် ကျေးရွာအတွင်း တပ်ဖြန့်ခဲ့ပြီး တစ်ရွာလုံးကို စာရင်းကောက်ခြင်းမဟုတ်ဘဲ ရှင်မုတ္ထီး ရွာလယ်လမ်းအတွင်းရှိ နေအိမ်များကိုသာ စာရင်းကောက်ကြောင်း ၎င်းတို့က ဆိုသည်။ “ရွာလယ်လမ်း တစ်လမ်းတည်း စာရင်းယူသွားတယ်။ အိမ်မှာရှိတဲ့ မိသားစုဝင်တွေကို ဓာတ်ပုံ ရိုက်သွားတယ်။ ဘာအတွက်လဲ မပြောသွားဘူး။ ကိုယ့်ဓာတ်ပုံတွေ ဘယ်နေရာမှာ သုံးမယ်မှန်းမသိတော့ စိတ်ပူနေရတယ်” ဟု ရှင်မုတ္ထီးရွာသားတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ်သားများက ကင်းယူ၍ အရပ်ဝတ် ဝတ်ထားသူအချို့က ယင်းသို့ စာရင်းကောက်ခဲ့ကြောင်း ၎င်းက […]

လောင်းလုံး ကြံ့ခိုင်ရေးပါတီရုံးတွင် ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်

Dawei Watch

November 8, 2025

လောင်းလုံးမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးတွင် ယနေ့ နိုဝင်ဘာလ ၈ရက် နံနက် ၆နာရီကျော်က ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ပျက်စီးကြောင်း မြို့ခံအချို့က ပြောသည်။ “ပေါက်ကွဲသံက အကျယ်ကြီးပဲ။ ခဏနေတော့ မီးခိုလုံးကြီးထွက်လာတယ်။ (ဒီနေ့ မနက်) ၇နာရီလောက်ထိ မီးလောင်နေတုန်းပဲဆိုတော့ ဘာမှ မကျန်တော့ဘူး။ ပြာဖြစ်သွားပြီ” ဟု ၎င်းက ပြောဆိုသည်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမကြောင်းလည်း မြို့ခံအချို့က ဆိုသည်။ မြို့ခံအချို့က ဖောက်ခွဲခံရခြင်းဖြစ်သည်ဟု ပြောဆိုကြပြီး Dawei Watch အနေဖြင့်မူ ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို အတည်မပြုနိုင်သေးပေ။ ပေါက်ကွဲပြီး တစ်နာရီခန့်အကြာ မနက် ၇ နာရီခန့်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပေါက်ကွဲမှုဖြစ်ပွားနေရာသို့ ရောက်လာခြင်း မရှိကြောင်း မြို့ခံအချို့က ပြောသည်။ ပေါက်ကွဲမှုဖြစ်သည့် ကြံ့ခိုင်ရေးပါတီရုံးသည် လောင်းလုံးမြို့မ ရဲစခန်းနှင့် မီတာ ၆၀၀ […]

ရေဖြူ မူးဒူးရွာတွင် စစ်အာဏာရှင်တပ် လူဦးရေစာရင်းထပ်ကောက်

Dawei Watch

November 7, 2025

ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာတွင် စစ်အာဏာရှင်တပ်က လှည့်ကင်းပတ်ပြီး ယနေ့ နိုဝင်ဘာလ ၇ရက် နံနက်ပိုင်းမှစတင်ကာ လူဦးရေစာရင်း ထပ်မံကောက်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိ ယာယီစစ်စခန်းသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်သည် မူးဒူးရွာသို့ နိုဝင်ဘာလ ၄ ရက်တွင် ရောက်ရှိပြီး နိုဝင်ဘာလ ၅ ရက် ညနေပိုင်းအထိ လူဦးရေစာရင်း ကောက်ယူကာ ယာယီစစ်စခန်းသို့ ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ် ကျေးရွာသို့ ရောက်ရှိလာချိန် ဒေသခံများ တိမ်းရှောင်ခဲ့ကြပြီး စစ်အာဏာရှင်တပ် ပြန်လည် ထွက်ခွာပြီး နောက်တစ်ရက် နိုဝင်ဘာလ ၆ရက်တွင် ဒေသခံများလည်း ကျေးရွာသို့ ပြန်လာကြကြောင်း ၎င်းတို့က ဆိုသည်။ နိုဝင်ဘာလ ၆ ရက် ည ၁၁ နာရီခန့်တွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် […]

လောင်းလုံးတွင် လျှပ်စစ်ဓာတ်အား ပြန်ရမည့်အချိန် မပြောနိုင်သေးဟုဆို

Dawei Watch

November 7, 2025

လောင်းလုံးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသည်မှာ ရက်ပေါင်းလေးဆယ်နီးပါး ရှိလာပြီဖြစ်သော်လည်း ဓာတ်အားပြန်လည်ဖြန့်ဖြူးနိုင်မည့်အချိန် အတိအကျ မပြော‌နိုင်သေးကြောင်း မြို့နယ်လျှပ်စစ်မှူးက ပြောဆိုသည်။ လောင်းလုံးမြို့ပေါ်တွင် စက်တင်ဘာလ ၃၀ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းပစ်ခတ်ခဲ့သည့် ကျည်ဆန်အချို့က မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံရှိ 5 MVA Transformer ကို ထိမှန်ကာ အပေါက်ဖြစ်သွားကြောင်း ထားဝယ်ခရိုင်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူး‌နေသည့် Petro & Tran ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ လတ်တလောတွင် ‌အ‌ပေါက်ဖြစ်သွားသည့် 5 MVA Transformer နေရာတွင် အသစ်ဝယ်ယူအစားထိုးနိုင်ခြင်းမရှိသဖြင့် ယင်း Transformer ကိုပင် ပြုပြင်နေကြောင်း မြို့နယ်လျှပ်စစ်မှူးက ပြောဆိုသည်။ “ဒီပစ္စည်း( 5 MVA Transformer) ကို ပြန်ဖာနေတယ်ဗျ။ အသစ်ကမလဲနိုင်ဘူးလေ။ ပေါက်တဲ့ပစ္စည်းကိုပဲ အင်ဂျင်နီယာနဲ့ပြန်ဖာဖို့လုပ်နေပါတယ်” ဟု ၎င်းက […]

ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၊ ရဟန်းတစ်ပါး ဒဏ်ရာရ

Dawei Watch

November 6, 2025

ရေဖြူမြို့နယ်၊ညင်းထွေးကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်ကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ရဟန်တစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ညင်းထွေးကျောင်းသစ် ဘုန်းကြီးကျောင်းသို့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်က လာရောက်တပ်စွဲထားခြင်းဖြစ်ပြီး ည ၇ နာရီ ကျော်အချိန်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် လာရောက်ဗုံးချတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံတို့ကပြောသည်။ စစ်အာဏာရှင်တပ် တပ်စွဲထားသည့် ညင်းထွေးကျောင်းသစ်ဘုန်းကြီး ကျောင်းဝင်းအတွင်းသို့ ဗုံးသီး ၄ လုံးတပ် ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ဗုံးသီး ၈ လုံး ကျရောက်ပေါက်ခွဲခဲ့သည်ဟု ဆိုသည်။ ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် ကျောင်းဝင်းအတွင်း အဆောက်အအုံအချို့ ထိမှန်ပျက်စီးကာ၊ သက်တော် ၅၀ ကျော် ဝါတော် ၆ ဝါ […]