ရေဖြူ၊ သဲချောင်းအုပ်စုတွင် အမျိုးသမီးတစ်ဦးကို ပျူစောထီးများ ဖမ်းဆီးသွားပြီးနောက် သေဆုံး
Dawei Watch
February 15, 2026ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာတွင် ဖေဖော်ဝါရီလ ၁၃ ရက်က ပျူစောထီးများ ဖမ်းဆီးထားသည့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူသည် သဘွတ်ချောင်းရွာမှ အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ဦးစုငယ် (ခ) ဦးနောင်ကြီး၏ ခယ်မ (၎င်းညီ၏ဇနီး) တော်စပ်သူ အသက် ၃၅ နှစ်အရွယ် မခိုင် ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၂ ရက်က မခိုင်ကို သဘွတ်ချောင်းရွာ ပျူစောထီးအဖွဲ့က ပျူစောထီးခေါင်းဆောင်နေအိမ်၌ ရွှေပျောက်သည့် ကိစ္စနှင့်ပတ်သက်၍ သံသယရှိသည်ဟု စွပ်စွဲကာ မခိုင်၏နေအိမ်၌ပင် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ “သူ့ (ဦးစုငယ် (ခ) ဦးနောင်ကြီး) ညီမိန်းမကိုပဲ ရွှေပျောက်တဲ့ကိစ္စနဲ့ စွပ်စွဲပြီးဖမ်းတာ။ ရွှေက သုံးကျပ်သားလောက် ပျောက်တယ်ကြားရတယ်။ သူ့တပည့်တွေလွှတ် ပြီး […]


