ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံး ကျောက်ဆင်ကျေးရွာအုပ်စုတွင် တိုက်ပွဲထပ်ဖြစ်

Dawei Watch

October 23, 2025

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းပနီကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ထပ်ပွဲထပ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်း အောက်တိုဘာလ ၂၁ရက်တွင် ကရင်ကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာချိန် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနောက် ညအိပ်တပ်စွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၂၂ရက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာပြီး ညနေပိုင်းတွင် ကမ်းပနီးကျေးရွာသို့ ရောက်ရှိချိန်တွင် တော်လှန်ရေးတပ်တို့က ထပ်မံတိုက်ခိုက်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ တိုက်ပွဲဖြစ်နေစဉ် ကမ်းပနီ‌‌ကျေးရွာ၏ အနောက်ဘက် ပင်လယ်ပြင်တွင်ရှိသည့် စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ယင်းအပြင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသည့် အောက်တိုဘာလ ၂၀ ရက်မှစ၍ ဖမ်းဆီးခံထားရသည့် ‌သဘော့ဆိပ်ပြင်ကြီး၊ ကရင်ကြီး၊ ကျေးရွာများမှ ဒေသခံပြည်သူများ ၅၀ ဝန်းကျင်မှာလည်း ယနေ့ နံနက်ပိုင်းအထိ ပြန်လည်မလွတ်မြောက်သေးကြောင်း ဒေသခံများ၏ […]

လောင်းလုံး ကရင်ကြီးရွာတွင် တိုက်ပွဲဖြစ်ပြီး‌နောက် စစ်ရှောင်ဆယ်နှင့်ချီ ဖမ်းဆီးခံထားရ

Dawei Watch

October 22, 2025

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကရင်ကြီးကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ဘေးရှောင်ဒေသခံ ဆယ်နှင့်ချီကို စစ်အာဏာရှင်တပ်က ဖမ်းဆီးထားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံတို့ထံမှသိရသည်။ အင်အား တစ်ရာခန့်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၂၁ ရက် ညနေပိုင်းတွင် သဘော့ဆိပ်ပြင်ကြီး ကျေးရွာဘက်မှ ကရင်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ စစ်ကြောင်းထိုးလာချိန် ကရင်ကြီးကျေးရွာအနီးတွင် တော်လှန်ရေးတပ်တို့က တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နှစ်နာရီခန့်ကြာ ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ယင်းနောက် စစ်ကြောင်းသည် ကရင်ကြီးကျေးရွာရှိ လူနေအိမ်များတွင် ညအိပ်တပ်စွဲပြီး ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် ကရင်ကြီးကျေးရွာမှာ ကမ်းပနီကျေးရွာဘက်သို့ တောင်ကြောအတိုင်း စစ်ကြောင်းထိုးလာကြောင်း […]

တိုက်ပွဲမဖြစ်ဘဲ ရေဖြူ နတ်တွင်းရွာကို စစ်အာဏာရှင်တပ် လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

October 21, 2025

ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။ ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာအခြေစိုက် အမှတ် ၃၀၄ အမြောက်တပ်က ယနေ့ အောက်တိုဘာလ ၂၁ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နတ်တွင်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။ ကျောက်ကညာကျေးရွာသည် ထားဝယ်မြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိပြီး နတ်တွင်းကျေးရွာမှာ ထားဝယ်မြစ်၏ နောက်ဘက်ကမ်းတွင် တည်ရှိသည်။ “(လက်နက်ကြီး ပစ်ခတ်သံ) လေးငါချက်ကြားတယ်။ ရွာထဲကိုပဲ ကျတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုသည်။ အဆိုပါပစ်ခတ်မှုကြောင့် နတ်တွင်းကျေးရွာရှိ နေအိမ် ၃ ဆောင်နှင့် ကားတစ်စီး ထိမှန်ပျက်စီးပြီး လူထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင် လက်နက်ကြီးကျည်တစ်လုံးသည် […]

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း တိုက်ပွဲဖြစ်ပြီးနောက် နေအိမ်တစ်ဆယ်ကျော်ကို စစ်အာဏာတပ်မီးရှို့

Dawei Watch

October 21, 2025

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်က ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာ နှစ်ရွာတွင် နေအိမ်တစ်ဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၁၀၀ နီးပါးရှိသည့် စစ်အာဏာရှင်တပ်သည် အောက်တိုဘာလ ၁၈ရက် ညနေပိုင်းတွင် ရေဖြူမြို့နယ် ဒေါက်လောက် ကျေးရွာဘက်မှ ခမောင်းချောင်းကျေးရွာဘက်သို့ ရောက်ရှိချိန် ခမောင်းချောင်းနှင့် ဝက်ချောင်းရွာကြားတွင် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားကြောင်း ခမောင်းချောင်းရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ ရွာထဲမှာပဲ ဖြစ်တာ။ ရွာသားတွေ အကုန်ထွက်ပြေး။ တိုက်ပွဲဖြစ်ပြီး (စစ်အာဏာရှင်တပ်) သူတို့ဘက်က ပစ်နေတာ တစ်ညလုံးပါပဲ။ PDF တွေက ထိခိုက်မှု မရှိဘူးလို ကြားရတယ်” ဟု ၎င်းက ဆိုသည်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်သည် အောက်တိုဘာလလ ၁၈ ရက် […]

စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲ တနင်္သာရီတိုင်းတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ရာကျော်ရှိ

Dawei Watch

October 21, 2025

စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းက ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂၄ ဦးရှိကြောင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အတွင်းရေးမှူးက ပြောသည်။ တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) တို့ ရွေးကောက်ပွဲ ဝင်မည်ဖြစ်ကြောင်း ကနဦး စုံစမ်းသိရှိရသည်။ သို့သော် သက်ဆိုင်ရာ ပါတီတစ်ခုချင်းစီက ကိုယ်စားလှယ်လောင်းမည်မျှဖြင့် ဝင်ရောက်အရွေးခံမည်ကိုမူ တိတိကျကျ မသိရသေးပေ။ တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ တာဝန်ရှိသူကို မေးမြန်းရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ထုတ်မပြောဘဲ ရွေးကောက်ပွဲအတွက် Call Centre ဖုန်းနံပါတ်ကိုသာ မေးမြန်းရန် ပြောဆိုခဲ့သည်။ တိုင်းအတွင်းရှိ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ တစည အစရှိသည့် ပါတီအချို့ထံ […]

လောင်းလုံးတွင် စစ်ကြောင်းဝင်နေ၍‌ ကျေးရွာငါးရွာ နေရပ်စွန့်ခွာထွက်ပြေး

Dawei Watch

October 20, 2025

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုသို့ စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်ရောက်နေ၍ ကျေးရွာငါးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောက်ဆင်ကျေးရွာ၏ အနောက်ဘက်ပင်လယ်ပြင်မှ စစ်သင်္ဘောဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သူတို့ သင်္ဘောနဲ့လာပြီး ကမ်းကိုငါးဖမ်းလှေနဲ့ ဝင်လာတယ်။ ကျောက်ဆင်မှာ တစ်ညအိပ်ပြီး ခုမနက်သဘော့ဆိပ်ဖက် ထွက်သွားပြီ”ဟု ယင်းအမျိုးသားက ပြောသည်။ ထိုစစ်ကြောင်းသည်အင်အား ၁၀၀ ကျော်ခန့်ရှိပြီး ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဆင်ကျေးရွာနှင့် တစ်ဆက်တည်းရှိသော သဘော့ဆိပ်ကျေးရွာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။ စစ်ကြောင်းနှင့်လမ်းတွင်ဆုံသည့် သဘောဆိပ် ကျေးရွာဒေသခံအချို့ကိုလည်း ဖမ်းဆီးသွားကြောင်း သဘော့ဆိပ်‌ကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။ “ဖမ်းထားတယ်ဆိုတာပဲသိတယ် ၊ဘယ်လောက်ဖမ်းထားတယ်ဆိုတာ မသိရသေးဘူး။ ရွာကိုလည်းဖုန်းဆက်မရတော့ဘူး “ဟု ယင်းအမျိုးသမီးက […]

လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်တိုက်ခိုက်

Dawei Watch

October 17, 2025

လောင်းလုံးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်က ယနေ့ အောက်တိုဘာလ ၁၇ ရက် နံနက် ၆ နာရီခန့်တွင် တိုက်ခိုက်ကြောင်း မြို့ခံအချို့ထံမှသိရသည်။ လောင်းလုံးမြို့မ ဘောလုံးကွင်းနှင့် ကပ်လျက်တွင်ရှိသည့် အောင်သပြေဘုန်းကြီးကျောင်းတွင် တပ်စွဲ‌ထားသော စစ်အာဏာရှင်တပ်ကို တိုက်ခိုက်ရာမှ နှစ်ဖက် ပစ်ခတ်မှု မိနစ် ၃၀ခန့်ကြာ ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ “တိုက်ပွဲက သိပ်မကြာဘူး။ အခုတော့ငြိမ်နေပါပြီ” ဟု ယနေ့ နံနက် ၉နာရီတွင် မြို့ခံတစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ညောင်ပင်လမ်းဆုံအနီးရှိ နေအိမ်အချို့နှင့် စစ်တပ် တပ်စွဲထားသော အောင်‌သပြေဘုန်းကြီးကျောင်းဆောင်အချို့ ထိမှန်ပျက်စီးကြောင်း မြို့ခံအချို့က ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လယ်ပိုင်းအထိ စစ်အာဏာရှင်တပ်သားများနှင့် အရပ်ဝတ်ပျူစောထီးများ လောင်းလုံးမြို့ထဲ ခြေရှူပ်နေကြပြီး စစ်ဆေးမှုလည်းရှိနေကြောင်း […]

ဇာဒီရွာကို စစ်ကြောင်းထိုးသဖြင့် ဒေသခံများထွက်ပြေး၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်အင်အားထပ်တိုး

Dawei Watch

October 16, 2025

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က အောက်တိုဘာလ ဒုတိယအပတ်ကစ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၁၁ ရက် ဝန်းကျင်မှစတင်ကာ ကလိန်အောင်တပ်နယ်ရှိ ခလရ ၂၇၃ နှင့် ခမရ ၄၀၉ တို့က စစ်အာဏာရှင် တပ်သားသည် ဖောင်းတောရွာဘက်မှ ဇာဒီကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်း ထိုးလာကြောင်း ဒေသခံများက ဆိုသည်။ ယင်းအပြင် မောရဝတီရေတပ်က စစ်အာဏာရှင်တပ်သားများလည်း ကျောက်ထရံရွာဘက်မှ ဇာဒီကျေးရွာအုပ်စုဘက်သို့ လှေဖြင့် စစ်ကူလာကြောင်းဒေသခံများက ပြောဆိုသည်။ စစ်ကြောင်းနှစ်ခုပေါင်း အင်အားတစ်ရာဝန်းကျင်ရှိပြီး အောက်တိုဘာလ ၁၅ရက်တွင် ထွက်ဝ-ဘဝါ လမ်းအတိုင်း ခြေလျင်စစ်ကြောင်း နေထိုးနေကြောင်း လမ်းပိုင်းရှိ ကျေးရွာများမှ ဒေသခံများမှထံ သိရသည်။ အင်အား ၅၀ ခန့်မှာ ဇာဒီရွာအနီး ကျောက်ထရံရွာတွင် ဆက်ရှိနေပြီး ကျန်ထက်ဝက်ခန့်မှာ […]