ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူ မင်းသားရွာတွင် စစ်မှုထမ်း မဲပေါက်သူများအား ပျူစောထီးများက ငွေညှစ်

Dawei Watch

October 11, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ မင်းသားရွာတွင် စစ်မှုထမ်း မဲပေါက်သူများကို ပျူစောထီးများက ငွေညှစ်နေကြောင်း ဒေသခံများနှင့် ယင်းကျေးရွာပတ်ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်သည့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ စစ်မှုမထမ်းလိုက ငွေကျပ်သုံးသိန်းစီပေးရမည်ဟု မင်းသားရွာမှ ပြည်သူ့စစ် (ခေါ်) ပျူစောထီးအဖွဲ့က ငွေတောင်းခံကြောင်း ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) တပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။ “ရွာသားတွေအပေါ် ငွေညှစ်တဲ့ နည်းလမ်းတစ်မျိုးပေါ့။ အခု စုံစမ်းရသလောက် ငွေပေးထားတာ ငါးယောက်ရှိပြီ” ဟု ၎င်းက ပြောဆိုသည်။ ယခင်က မင်းသားစုအုပ်စုတွင် စစ်မှုထမ်းစုဆောင်းခြင်း မရှိသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလတွင် စစ်မှုထမ်းရန် မဲပေါက်ပြီး စာရင်းကျလာသည်ဟုဆိုကာ စစ်မှုထမ်းဆင့်ခေါ်မှုမျိုး ရှိကြောင်း မင်းသားကျေးရွာအုပ်စုမှ ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။ “မင်းသားက အစကတည်းက ပြည်သူ့စစ်အားကောင်းတော့ စစ်မှုထမ်း […]

စစ်အာဏာရှင်တပ် စစ်ကြောင်းများ ထားဝယ်အထူးစီးပွားရေးဇုန် ဒေသသို့ သွားရောက်အင်အားဖြည့်

Dawei Watch

October 10, 2025

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန် ဒေသအတွင်းသို့ အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းကစ၍ စစ်အာဏာရှင်တပ်စစ်ကြောင်းများ အင်အားဖြည့် ဝင်ရောက်နေကြောင်း ဒေသခံများထံမှသိရသည်။ အင်းအား ၁၀၀ ကျော်ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်း တစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လောင်းလုံးမြို့နယ်ရှိ ၊ပန်းတင်အင်းကျေးရွာ၏ အရှေ့ဘက်မှနေ၍ အထူးစီးပွားရေးဖုန် ဒေသသို့ ရောက်ရှိလာကြောင်း ၎င်းတို့ကပြောသည်။ ထိုစစ်ကြောင်းမှာ အောက်တိုဘာလ ၈ ရက်နေ့တွင်လောင်းလုံးမြို့နယ်၊ ပန်းဇိကျေးရွာအတွင်း တော်လှန်ရေးတပ်ဖွဲ့တို့၏ ဒရုန်းဗုံးဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် တောရှည်ကျေးရွာရှိ စိုက်ပျိုး‌ ရေးသိပ္ပံကျောင်းတွင် ၂ ရက်ကြာတပ်စွဲကာ ယနေ့နံနက်ပိုင်းတွင် ပန်းတင်အင်းကျေးရွာမှတစ်ဆင့် ထားဝယ်အထူးစီးပွားရေးဇုန် ဘက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သူတို့အိမ်ကြိုအိမ်ကြားကလာတယ်၊ သူတို့စစ်ကြောင်းမှာ ဖမ်းလာတဲ့အရပ်သား တွေလည်း တွေ့ရတယ်”ဟု […]

လောင်းလုံးမြို့အနီးတွင် ၂ နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်၊ ဒေသခံများတိမ်းရှောင်

Dawei Watch

October 10, 2025

လောင်းလုံးမြို့အနီးတွင် ယနေ့ အောက်တိုဘာလ ၁၀ ရက်၊နံနက်ပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့အကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ နံနက် ၁၀ နာရီခန့်တွင် လောင်းလုံးမြို့ဘက်မှ ညင်းမော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ နှစ်ဖက်ထိတွေ့မှုမှာ ၂ နာရီနီးပါးကြာသော်လည်း မပြီးသေးကြောင်း ယနေ့ နေ့လယ် ၁၂ နာရီကျော်ကြာချိန်အထိ ပစ်ခတ်သံများ မကြာမကြာ ကြားနေရသေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူအများစုမှာ နေအိမ်မှနေ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့မှာ အခြေအနေစောင့်ကြည့်နေကြောင်း သိရသည်။ ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၉ ရက် ယမန်နေ့ နံနက်ပိုင်းကလည်း ယခုလမ်းကြောင်းအတိုင်း စစ်ကြောင်းထိုးလာပြီး ညင်းမော်ကျေးရွာအတွင်းသို့ဝင်ရောက်က ရွှေ့ပြောင်းလုပ်သား ၅ ဦးကိုဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်မှ […]

သရက်ချောင်းတွင် လှေသမားများထံမှ KNU ငွေကြေးကောက်ခံဟုဆို၊ KNU က ၎င်းတို့မသိဟုငြင်း

Dawei Watch

October 10, 2025

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးရွာအချို့တွင် လှေသမားများထံက ကရင်အမျိုးသားအစည်းအရုံး ( KNU) က ငွေကြေးကောက်ခံနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။ တစ်နှစ်စာအတွက် သတ်မှတ်ငွေပမာဏကို ပေးသွင်းမှသာ ငါးဖမ်းလုပ်ကိုင်ခွင့် ခွင့်ပြုချက်ပါသည့် စာရွက်ကို ငွေပေးသွင်းသူ၏ နာမည်နှင့်ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ငွေမပေးပါက ယင်းခွင့်ပြုသည့်စာ မထုတ်ပေးကြောင်း၊ ငွေလက်ခံပြေစာမရှိကြောင်း ဒေသခံများကဆိုသည်။ Dawei Watch ကရရှိသည့် ပိုက်ဆံသွင်းပြီးပါက ထုတ်ပေးသည်ဆိုသော ယင်းခွင့်ပြုချက်စာရွက်တွင် ကရင်အမျိုးသားအစည်းအရုံး ( KNU) တံဆိပ်တပ်ထားကာ ငါးဖမ်းလုပ်ငန်းထောက်ခံချက်ဟု ဖော်ပြထားပြီး ရက်စွဲ၊ လုပ်ကိုင်ခွင့်ရသူအမည်၊ နေရာ၊ အမျိုးအစား၊ ခွင့်ပြုသည့်ရက်၊ ကုန်ဆုံးရက်တို့ ပါရှိသည်။ ယင်းအပြင် ဆက်သွယ်ရန် ဖုန်းနံပါတ်ကို လက်ရေးနှင့် ရေးထားပြီး အောက်ဆုံးတွင် KNU ၏ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန ဌာနမှူးက လက်မှတ်ထိုးထားကြောင်း […]

မော်ဒန်ပန့်ခေါင်းဆောင် ကိုကြက်ဥကို ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်းက ဖမ်းဆီးထိန်းသိမ်းထားဟုဆို

Dawei Watch

October 9, 2025

လောင်းလုံးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် မော်ဒန်ပန့်(Modern Punk) အဖွဲ့ခေါင်းဆောင် ကိုကြက်ဥကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း တပ်ရင်းမှူး C1 က အတည်ပြုပြောဆိုသည်။ ကိုကြက်ဥကို အောက်တိုဘာလ ၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆက်လက်ထိန်းသိမ်းထားကြောင်း တပ်ရင်းမှူး C1 က ဆိုသည်။ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) စခန်းတစ်ခုသို့ ကိုကြက်ဥ သွားရောက်သည့် ရုပ်သံမှတ်တမ်းတစ်ခု အောက်တိုဘာလ ၈ ရက်တွင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည်။ အဆိုပါရုပ်သံမှတ်တမ်းတွင် ပလဖ စခန်းအရှေ့ကို ကိုကြက်ဥက ပစ္စတိုသေနတ်တစ်လက်ကိုင်ဆောင်ကာ လက်မြှောက်ဝင်လာပြီး စကားပြောနေချိန် ပစ်ခတ်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ထိုကြောင့် ဒေသခံအချို့က ကိုကြက်ဥကို ပစ်သတ်လိုက်ကြောင်း သတင်းများပျံ့နှံ့ခဲ့သလို ကိုကြက်ဥ၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောဆိုသည်။ […]

လောင်းလုံးမြောက်ပိုင်းတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

Dawei Watch

October 9, 2025

လောင်းလုံးမြောက်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းမှာ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှသိရသည်။ အင်အား ၁၀၀ နီးပါးရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့နယ် တောရှည်ကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ ရောက်ရှိလာခဲ့ကြောင်း ဒေသခံများကပြောသည်။ ထိုစစ်ကြောင်းသည် စိုက်ပျိုးရေးသိပ္ပံကျောင်းမှတစ်ဆင့် လောင်းလုံးမြို့နယ်၊ပန်းဇိကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “ရွာထဲကိုဖြတ်ပြီး ဘုန်းကြီးကျောင်းဘက် ထွက်လာချိန်မှာ ဒရုန်းဗုံးချတိုက်ခိုက်ခံရတယ်။ သူတို့ဘက်က(စစ်အာဏာရှင်တပ်သား) နှစ်ယောက် ထိသွားတယ်”ဟု ယင်းအမျိုးသားကပြောသည်။ အဆိုပါစစ်အာဏာရှင်တပ်ကို မည်သည့်တော်လှန်းရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်ဆိုခြင်းကိုမူ အသေးစိတ်မသိရသေးပေ။ ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်အာဏာရှင်တပ် စစ်ကြောင်းသည် ပန်းဇိကျေးရွာဘုန်းကြီးကျောင်းအတွင်း ကထိန်အလှူအတွက် လုပ်အားပေးနေသည့် ကျေးရွာသားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့ကပြောသည်။ စစ်အာဏာရှင်တပ်မှ ဖမ်းဆီးသွားသည့် […]

ရေး-ထားဝယ် ကားလမ်း လော့သိုင်းရွာအနီး နှစ်ဖက်ထိတွေ့ပစ်ခတ်

Dawei Watch

October 8, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ နှင့် မလွှဲတောင်ကြားရှိ လော့သိုင်းရွာဝန်းကျင်တွင် ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။ လော့သိုင်းရွာသည် ရေး-ထားဝယ် ကားလမ်းမပေါ်တွင် တည်ရှိသည် ကျေးရွာဖြစ်သည်။ မိနစ် ၃၀ ခန့်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် အခြေအနေပြန်ငြိမ်နေကာ လမ်းပိုင်းတွင်လည်း ပုံမှန်သွားလာ၍ ရနေဆဲဖြစ်ကြောင်း လမ်းပိုင်းရှိ ကျေးရွာတစ်ရွာမှ ရွာသားတစ်ဦးက ပြောသည် ။ ယင်းလမ်းပိုင်း၌ စစ်ရေးလှုပ်ရှားမှု ပြုလုပ်သည့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုမှ ဒေါနစစ်ကြောင်း ၃ စစ်ကြောင်းမှူးအား မေးမြန်းရာ ထိတွေ့မှု ရှိခဲ့သည်ကို အတည်ပြုနိုင်ပြီး နှစ်ဖက်ထိခိုက်မှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ဆိုသည်။ စစ်အာဏာရှင်တပ်သား တစ်ရာကျော်သည် လတ်တလောတွင် ရေး-ထားဝယ်ကားလမ်းပိုင်း […]

သပိတ်မျှောပွဲကာလအတွင်း လောင်းလုံးတွင်လူငယ် ၅ ဦးကို စစ်မှုထမ်းရန်ဖမ်းဆီး၊ ၂ ဦးသာပြန်လွတ်

Dawei Watch

October 7, 2025

ထားဝယ်ရိုးရာ သပိတ်မျှောပွဲကျင်းပရန် ပြန်နေချိန်ကာလအတွင်း လောင်းလုံးဒေသခံလူငယ် ၅ ဦးကို စစ်အာဏာရှင်တပ်က စစ်မှုထမ်းခိုင်းစေရန်အတွက် ဖမ်းဆီးသွားခဲ့ပြီး ၂ ဦးသာပြန်လွတ်လာသည်ဟု‌ စုံစမ်းသိရှိရသည်။ ထားဝယ်မြို့ ကမ်းနားသဲကွင်း၌ ထားဝယ်ရိုးရာသပိတ်‌ မျှောပွဲကျင်းပရန် ပြင်ဆင်နေချိန်ဖြစ်သည့် အောက်တိုဘာလ ၄ ရက်နေ့ နံနက်စောစောတွင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်၌ စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့က လူငယ် ၅ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့်လူငယ် ၅ ဦးမှာ လောင်းလုံးမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံလူငယ်များဖြစ်ပြီး ထားဝယ်မြို့တွင် အလုပ်လုပ်ရန်သွားရောက်ချိန် စစ်ဆေးဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အသက် ၁၅ နှစ်အရွယ်လူငယ် တစ်ယောက်နဲ့ နောက်တစ်ယောက် လွတ်လာတယ်။ ကျန်တဲ့ ၃ ယောက်က မလွတ်သေးဘူး”ဟု ၎င်းဒေသခံကပြောသည်။ ယင်း ၃ ဦးကို စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ထားဝယ်မြို့မှ […]