ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ပညာရေးလုပ်ငန်းများအတွက် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရန်ပုံငွေကမ်ပိန်းပြုလုပ်

Dawei Watch

October 1, 2025

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းများတွင် အသုံးပြုရန် ‘ပန်းများဝေစည် အမိမြေမဟီ’ အမည်ဖြင့် ရန်ပုံငွေ ရှာဖွေရေးအစီအစဥ် ပြုလုပ်နေကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။ အဆိုပါ ရန်ပုံငွေရှာဖွေရေးအစီအစဥ်ကို စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၂၈ ရက်အထိ တစ်လတာ ပြုလုပ်မည်ဟု လျာထားပြီး ရန်ပုံငွေကျပ်သိန်း ၇၀ ခန့် ရရှိရန်မျှော်ထားကြောင်း ဆိုသည် ။ အစီအစဥ်တွင် ပါဝင်လိုသူများအနေဖြင့် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ဆက်သွယ်ပါဝင်နိုင်ကြောင်း သမဂ္ဂထံမှ သိရသည်။ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် ထားဝယ်ခရိုင်အတွင်း မြေပြင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားကာ ကျောင်းသား ၇၀ ခန့်ကို အခြေခံပညာရေးသင်ကြားပေးနေပြီး အဆင်မြင့်ပညာရေးအတွက် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သမဂ္ဂ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “လက်ရှိမှာ သမဂ္ဂအနေနဲ့ လုပ်နေတာကတော့ […]

ရေဖြူ ဧကနိကျေးရွာအနီးတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်

Dawei Watch

October 1, 2025

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ဧကနိကျေးရွာအနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အင်အား တစ်ရာဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ စက်တင်ဘာလ ၃၀ ရက် နံနက် ၅ နာရီခန့်မှ နေ့လယ်ပိုင်းအထိ တစ်ကြိမ်ဖြစ်ပွားပြီး ယနေ့ အောက်တိုဘာလ ၁ ရက်တွင်လည်း နံနက်ပိုင်းကစပြီး ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။ “အခုအထိ ပစ်ကြတုန်း။ ရွာသားတွေအကုန် ထွက်ပြေးနေရတယ်” ဟု ယင်းအမျိုးသားက ယနေ့ နံနက် ၈ နာရီခန့်တွင် ပြောဆိုသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် စက်တင်ဘာလ ၂၇ ရက် နံနက် ၄ နာရီခန့်မှစ၍ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ပုဂေါဇွန်းရွာသို့ စတင်ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။ […]

သရက်ချောင်း ကျောက်လှေကားရွာတွင် နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီးခံရ

Dawei Watch

September 30, 2025

သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာတွင် နေအိမ် ၇၃ လုံးကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ၊ မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ဥတ္တူရွာမှ အင်းပြားရွာ၊ ကျောက်လှေကားရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ စက်တင်ဘာလ ၂၉ ရက်နှင့် ယနေ့ စက်တင်ဘာလ ၃၀ ရက်တို့တွင် နှစ်ရက်ဆက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ နှစ်ဖက် တိုက်ပွဲဖြစ်စဉ် စက်တင်ဘာလ ၂၉ရက် ညပိုင်းနှင့် ယနေ့ နံနက်ပိုင်းတို့တွင် ကျောက်လှေကားရွာက နေအိမ်များကို စစ်အာဏာရှင်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ သရက်ချောင်းမြို့နယ် အထက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းကို ယနေ့ နံနက် ၇ နာရီတွင် […]

သရက်ချောင်း ကျောက်လှေကားရွာဘက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်၊ နေအိမ်အချို့မီးရှို့ခံထားရ

Dawei Watch

September 30, 2025

သရက်ချောင်းမြို့နယ် ကျောက်လှေကားရွာဘက်တွင် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားနေအိမ်အချို့ မီးရှို့ခံထားရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံက သိရသည်။ စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် ဥတ္တူရွာမှ အင်းပြားရွာ၊ ကျောက်လှေကားရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။ “ဒီနေ့လည်း မနက် ၅ နာရီလောက်ကတည်းက ထပစ်နေကြတာ။ (မနေ့က ညပိုင်းမှာ) အိမ်တွေလည်းမီးရှို့ခံထားရတယ်။ ဘယ်လောက်များလဲတော့ မသိဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၂၉ရက် နံနက်စောစောပိုင်းကတည်းက ကျောက်လှေကားရွာဘက်တွင် နှစ်ဖက်ပစ်ခတ်သံများကြားနေရပြီး ယနေ့ နံနက်တွင်လည်း ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း စော်ဖျားရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ပစ်သံကြားတာနဲ့ ကျွန်မတို့လည်းပြေးလာတာပဲ။ အရင်တုန်းကလို နေနေလို့မရတော့ဘူး။ အိမ်တွေမီးရှို့ထားတယ်လို့ […]

လောင်းလုံးမြို့ပေါ် နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကျည်ထိမှန်သဖြင့် အချိန်ယူ ပြင်ရမည်ဟုဆို

Dawei Watch

September 30, 2025

လောင်းလုံးမြို့ပေါ်တွင် စက်တင်ဘာလ ၃၀ ရက် ယနေ့ နံနက် ၆ နာရီခွဲခန့်မှစ၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များကြား နှစ်ဘက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွါးကြောင်း မြို့ခံများထံမှသိရသည်။ စစ်အာဏာရှင်တပ် တပ်စွဲသော လောင်းလုံးမြို့ပေါ်ရှိ လဝကရုံးနှင့် လောင်းလုံးရဲစခန်းများဘက်မှ ပစ်ခတ်သံကြားရကြောင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ “လက်နက်ကြီးရော၊ လက်နက်ငယ်ရောပဲ၊ အခုတော့ ငြိမ်သွားပြီ။ လမ်းမှာလူတွေလည်းတိတ်ဆိတ်နေတယ်၊ မထွက်ရဲကြသေးဘူး”ဟု ယင်းအမျိုးသမီးက ပြောဆိုသည်။ မည်သည့်အဖွဲ့တို့က ဝင်ရောက်ပစ်ခတ်သည်ကိုမူ လတ်တလောမသိရသေးပေ။ အဆိုပါနှစ်ဘက်ပစ်ခတ်မှုမှာ ယနေ့ နံနက် ၆နာရီခွဲခန့်မှ ၇ နာရီခွဲခန့်အထိ တစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်မှု ရှိမရှိ အခြေအနေများကိုမူစုံစမ်းနေဆဲဖြစ်သည်။ ပစ်ခတ်မှုတွင် ထားဝယ်ခွဲရုံမှ ပို့လွှတ်သော ၃၃ ကေဗွီဓာတ်အားအဝင် 5 MVA Transformer အား ကျည်ထိမှန်ပေါက်ထွက်သွားခြင်း ကြောင့် လောင်းလုံးမြို့လျှပ်စစ်ဓာတ်အားပြတ်တောက်သွားကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေး Petro […]

ထားဝယ်တွင် App ဖြင့် သုံးဘီးငှားနိုင်သည့်စနစ် စတင်စမ်းသပ်

Dawei Watch

September 29, 2025

ထားဝယ်မြို့ တွင် Driver Team Taxi အမည်ရှိ Application အသုံးပြု၍ သုံးဘီးငှားနိုင်သည့် စနစ်တစ်ခုကို စတင် စမ်းသပ်နေကြောင်း အဆိုပါ Application ကို ပြုလုပ်သည့် လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။ Driver Team Taxi Application ကို ပြီးခဲ့သည် သြဂုတ်လနှောင်းပိုင်းက စတင်စမ်းသပ်နေပြီး ယခုစက်တင်ဘာလအထိ တစ်လတာအတွင်း ခရီးစဥ်ပေါင်း ၁၃၀ ကျော်ပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။ ထားဝယ်မြို့ ဧရိယာအတွင်းသွားလာရန်ခေါ်ယူနိုင်ပြီး ယင်း Application တွင် စာရင်းသွင်းထားသည့် သုံးဘီး ဆယ်စင်းကျော်ဖြင့် လည်ပတ်နေသည်ဟု အထက်ပါလုပ်ငန်းရှင်ကပြောပြသည်။ ” ကိုယ်တစ်ယောက်နဲ့ လည်ပတ်နေတာ အလုပ်ပိလာတော့၊ နည်းပညာတတ်ကျွမ်းသူတွေနဲ့တိုင်ပင်ပြီး Application တစ်ခုဖန်တီးလိုက်တယ်။ အခုကတော့ စမ်းသပ်ကာလထဲမှာပဲရှိသေးတယ်” ဟု အထက်ပါလုပ်ငန်းရှင်ကပြောသည်။ Application တွင် စာရင်းသွင်းထားသည့် […]

သရက်ချောင်းတွင် မသန်စွမ်းအဘွားတစ်ဦးကို စစ်အာဏာရှင်တပ်သား အဓမ္မကျင့်

Dawei Watch

September 29, 2025

သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတွင် ခြေထောက်တစ်ဖက်ဖြတ်ထားရသည့် အသက် ၇၅ နှစ်အရွယ် မသန်စွမ်း အဘွားတစ်ဦးကို စစ်အာဏာရှင်တပ်သားတစ်ဦးက အဓမ္မပြုကျင့်ကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာ ၂၇ရက် ညနေ ၄နာရီခန့်တွင် နေအိမ်၌ အဘွားအိုတစ်ဦးတည်းရှိနေချိန် အရက်မူးနေသည့် စစ်အာဏာရှင် တပ်သားတစ်ဦး ရောက်လာပြီး အဓမ္မပြုကျင့်ကြောင်း ကာယကံရှင်အဘွား၏ ပြောပြချက်ကို ကိုးကားပြီး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “မပြောမဆိုနဲ့ တွန်းလှဲပြီး (အဓမ္မ) ကျင့်သွားတာ။ ငါအိုနေပြီဆိုပြီး တောင်းပန်တာကို တိတ်တိတ်နေလို့ပြောတယ်တဲ့။ အဘွားက အသံလည်း သိပ်မထွက်ဘူး။ ဝမ်းနည်းနေလို့လည်း ဖြစ်မယ်” ဟု ၎င်းက ဆိုသည်။ ယင်းကဲ့သို့ အဓမ္မပြုကျင့်ခဲ့သည့် စစ်အာဏာရှင်တပ်သားသည့် သရက်ချောင်းမြို့အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ စသည့် တပ်ရင်းတစ်ခုခုက […]

အသက် ၈နှစ်ကျော်အရွယ် မိန်းကလေးအား အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့သည်ဆိုသူကို ဖမ်းဆီး

Dawei Watch

September 26, 2025

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုက အသက် ရှစ်နှစ်နှင့် ခြောက်လအရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည်ဆိုသည့် အမျိုးသားတစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးထားကြောင်း ပလဖထံမှ သိရသည်။ မုဒိမ်းကျင့်သူ အမျိုးသားမှာ အသက် ၅၀ အရွယ် ဦးဇော်ဇော် ဆိုသည့် အိမ်ထောင်ရှင်အမျိုးသားဖြစ်ပြီး ပြုကျင့်ခံရသူ မိန်းကလေး၏ မိဘတို့နှင့် ဆွေမျိုးသဖွယ် ရင်းနှီးသူဖြစ်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၃ရက်က ဦးဇော်ဇော်သည် အိမ်သို့ရောက်လာပြီး ကင်းပွန်းချဉ်ရွက် ခူးရန်ဟုဆိုကာ မိန်းကလေးငယ်အား ခေါ်ဆောင်သွားကြောင်း မိန်းကလေး၏ မိခင်ဖြစ်သူက Dawei Watch သို့ ပြောသည်။ နေအိမ်သို့ ပြန်ရောက်လာသောအခါ မိန်းကလေးငယ်မှာ အမူအယာ ပျက်နေသဖြင့် မိခင်ဖြစ်သူက မေးမြန်းရာမှ ဦးဇော်ဇော်က မုဒိမ်းအကြိမ်ကြိမ် ကျင့်ထားသည့်ကိစ္စ ပေါ်လာခြင်းဖြစ်ကြောင်း […]