ထားဝယ် ရှမ္မတွင်းကျေးရွာအုပ်စုဘက်သို့ စစ်အာဏာရှင်တပ် ညဘက် လက်နက်ကြီးဖြင့်ပစ်ခတ်
Dawei Watch
January 20, 2026ထားဝယ်မြို့နယ်၊ ရှမ္မတွင်းကျေးရွာအုပ်စုဘက်သို့ ဇန်နဝါရီလ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ ထားဝယ် အရှေ့တောဒေသသို့ သွားသည့် လမ်းပိုင်းရှိ ဗျောတောဝစစ်ဆေးရေးဂိတ်အနီး တောင်ကုန်း၌ ပြင်ဆင်ထားသည့် လက်နက်ကြီးကုန်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရှမ္မတွင်းကျေးရွာအုပ်စု ပုလွေရှောင်ရွာအနီးဝန်းကျင်တွင် ကျည်များ ကျရောက် ပေါက်ကွဲကြောင်း ဒေသခံများက ဆိုသည်။ ယခုရက်ပိုင်းအတွင်း ရှမ္မတွင်းကျေးရွာအုပ်စုတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေခြင်းလည်းမရှိသလို တော်လှန်ရေး အင်အားစုများနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိသော်လည်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညဘက်နေအိမ်၌ အိပ်ရန်အတွက် စိုးရိမ်နေရကြောင်း ပုလွေရှောင်ရွာခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ညက တော်တော်ကြမ်းတယ်။ သုံးချက် […]


