ရွေးကောက်ပွဲအကြိုနေ့ KNU လယ်ဒိုစိုးမြို့နယ်ရုံးကို စစ်အာဏာရှင်တပ်က ဗုံးကြဲ၊ ကလေးတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
Dawei Watch
January 10, 2026ထားဝယ်ခရိုင်၊ အရှေ့တောဒေသ၊ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်နယ်မြေအတွင်းရှိ လယ်ဒိုစိုးမြို့နယ်ရုံးကို စစ်အာဏာရှင်တပ်က ယနေ့ ဇန်နဝါရီလ ၁၀ ရက်၊ နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ကြောင်း ဒေသခံများနှင့် KNU သတင်းအရင်းအမြစ်များထံမှ သိရသည်။ နေ့လယ် ၁ နာရီ ၄၀ မိနစ်အချိန်တွင် စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာဖြင့် လယ်ဒိုစိုးမြို့နယ်ရုံးကို ဗုံးကြဲခဲ့ကြောင်း KNU (မြိတ်-ထားဝယ်ခရိုင်) အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပြောကြားသည်။ “ဗုံးကြဲခံရမှုအတွင်း ၂ နှစ်အရွယ် ကလေးတစ်ယောက် ဆုံးတယ်။ ပြီးတော့ လူကိုးယောက် ဒဏ်ရာရတယ်ပေါ့နော်” ဟု ပဒိုစောအယ်နားက ပြောသည်။ ဗုံးကြဲခံရသည့် ဧရိယာဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိကြောင်း ဒေသခံတို့က ပြောပြသည်။ “သင်္ကန်းတုံးရွာနားမှာ (ဇန်နဝါရီလ ၅ ရက်က) ပစ်ခတ်မှုပြီးကတည်းက အရှေ့တောမှာ ဘာတိုက်ပွဲမှ […]


