ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်မြို့ပေါ်ရှိ စစ်ကော်မရှင် ရုံးများအပါအဝင် နေရာအချို့ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

Dawei Watch

December 31, 2025

ထားဝယ်မြို့ပေါ် ရှိ နေရာအချို့ကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးခြောက်လုံး ချပြီးတိုက်ခိုက်ကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ထားဝယ်မြို့စုပေါင်းရုံးအား ဗုံးတစ်လုံး၊ နံနက် ၁၁ နာရီနှင့် နေ့လယ် ၁၂ နာရီအတွင်း ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား နှစ်လုံး၊ ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးအနီးကို ဗုံးတစ်လုံးနှင့် ကမ်းနားလမ်းသဲကွင်းကို ဗုံးနှစ်လုံးတို့ဖြင့် တိုက်ခိုက်ကြောင်း မြို့ခံများက ပြောသည်။ ဗုံးချတိုက်ခိုက်မှုများအနက် ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုတွင် ကျောင်းသူ နှစ်ဦးနှင့် ခရီးသွားအမျိုးသမီး သုံးဦးဒဏ်ရာရကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်မြို့ ကမ်းနားလမ်းသဲကွင်း၊ စုပေါင်းရုံးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့အား ဗုံးချတိုက်ခိုက်မှုတွင် လူထိခိုက်မှု မရှိကြ ကြောင်း အဆိုပါနေရာများနှင့် အနီးအနားနေသူတို့ထံမှ […]

ကမြောကင်းတံတားဂိတ် ဗုံးချတိုက်ခိုက်ခံရမှု ကျောင်းသူနှစ်ဦးအပါအဝင် အရပ်သား ငါးဦး ဒဏ်ရာရ

Dawei Watch

December 31, 2025

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်း​​ဖြင့် ဗုံးချတိုက်ခိုက်ခံရမှုတွင် ကျောင်းသူနှစ်ဦးအပါဝင် အရပ်သား ငါးဦးဒဏ်ရာရကြောင်း ဒဏ်ရာရရှိသူ မိသားစုဝင်များနှင့် ခရီးသွားများထံမှ စုံစမ်းသိရှိရသည်။ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၃၁ရက် နံနက် ၁၁ နာရီ ဝန်းကျင်တွင် တစ်ကြိမ် နှင့် ၁၂ နာရီဝန်းကျင်တွင် တစ်ကြိမ် ဒရုန်း​ဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံခရီးသွားများထံမှသိရသည်။ ယင်းသို့တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းသူနှစ်ဦး နှင့် နောက်ထပ်ခရီးသွားအမျိုးသမီး သုံးဦးဒဏ်ရာ ရကြောင်း ဒဏ်ရာရသူ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ကျောင်းသူနှစ်ယောက်က ၄ တန်း ၅ တန်းလောက်ရှိမယ်။ နှစ်‌ယောက်စလုံးကျောင်းယူနီဖောင်းနဲ့။ ဒဏ်ရာများတယ်။ ကျောင်းသူ တစ်ယောက်က ဝမ်းဗိုက်နဲ့ ခြေလက်တွေ ထိထားတယ်။ […]

ထားဝယ်တွင် နှစ်သစ်ကူးနေ့ ပျော်ပွဲရွင်ပွဲများအတွက် ညမထွက်ရအမိန့် တစ်ညရုပ်သိမ်း

Dawei Watch

December 30, 2025

ထားဝယ်မြို့နယ်တွင် နှစ်သစ်ကူးနေ့ ပျော်ပွဲရွင်ပွဲများကျင်းပပြုလုပ်ရန် ညမထွက်ရအမိန့်ကို တစ်ညရုပ်သိမ်းကြောင်း စစ်ကော်မရှင်လက်အောက်ခံ မြို့နယ် အုပ်ချုပ်ရေးကော်မတီက လိုက်လံကြေညာနေသည်။ ၂၀၂၅ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၆ ခုနှစ်ကို ကူးပြောင်းမည့် မနက်ဖြန် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပျော်ပွဲရွင်ပွဲများ ကျင်းပကြမည်ဖြစ်ခြင်းကြောင့် ည ၁၁ နာရီမှ မနက် ၃ နာရီ အတွင်း ထုတ်ပြန်ထားသော ညမထွက်ရအမိန့်အား ခတ္တရုပ်သိမ်းသည်ဟု ကြေညာခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ လူအများပျော်ရွှင်ကာ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေသည့်ပုံစံ ပြသလို့သည့် စစ်ကော်မရှင်က ယခုလအတွင်း ကရင်နှစ်သစ်ကူးနေ့နှင့် ခရစ္စမတ်နေ့များတွင်လည်း ထားဝယ်မြိုတွင် ညမထွက်ရအမိန့် ရုပ်သိမ်းကာ ပျော်ပွဲရွင်ပွဲများ ညလုံးပေါက်ကျင်းပခဲ့သေးသည်။ ပြီးခဲ့သည့် ခရစ္စမတ်နေ့ ဖြစ်သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညတွင် စစ်ကော်မရှင်က ညမထွက်ရအမိန့်ရုပ်သိမ်းခဲ့ပြီး ထားဝယ်မြို့ […]

သရက်ချောင်း ဒေသခံများကို စစ်အာဏာရှင်တပ်သားများက ခြိမ်းခြောက်ငွေတောင်း

Dawei Watch

December 30, 2025

သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာတွင် တပ်စွဲခဲ့သည့် စစ်အာဏာရှင်တပ်သားများက သင်းကျွန်းရွာနှင့် ရန်တောင်ရွာက ဒေသခံများကို ခြိမ်းခြောက်ငွေတောင်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်အာဏာရှင်တပ်သားများက ဒီဇင်ဘာ ၁၉ ရက် နံနက်တွင် သရက်ချောင်းမြို့မှတစ်ဆင့် သင်းကျွန်းရွာသို့ရောက်လာပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့နံနက်အထိ တပ်စွဲထားကြောင်း ဒေသခံအချို့က ဆိုသည်။ ဒီဇင်ဘာ ၂၈ ရက်တွင် အဆိုပါ စစ်အာဏာရှင်တပ်သားများက သင်းကျွန်းရွာနှင့်ကပ်နေသည့် ရန်တောင်ကျေးရွာသို့ ရောက်လာပြီး နေအိမ် ၂ ဆောင်ရှိ ဒေသခံများထံမှ ငွေတောင်းသွားကြောင်း ကိုယ်တိုင်ကြုံရသူများ၏ ပြောပြချက်ကို ကိုးကားပြီး သင်းကျွန်းရွာခံတစ်ဦးက ပြောသည်။ “မှတ်ပုံတင်စစ်သယောင်ယောင်နဲ့ ဓားပြတိုက်သွားတယ်။ (ကျပ်) နှစ်သိန်းစီ ပါသွားတယ်လို့သိရတယ်”ဟု ၎င်းက ဆိုသည်။ ဒီဇင်ဘာ ၂၀ ရက်ဝန်းကျင်ကလည်း […]

လောင်းလုံးတွင် ကျေးရွာနှစ်ရွာရှိ နေအိမ်များကို စစ်အာဏာရှင်တပ် ဖောက်ထွင်းပြီး ပစ္စည်းများယူဆောင်

Dawei Watch

December 30, 2025

လောင်းလုံးမြို့နယ်၊ ခမောင်းတောင်နှင့် ထိန်တွင်းကျေးရွာတို့ကို ရွေးကောက်ပွဲနေ့က စစ်ကြောင်းထိုးလာသည့် စစ်အာဏာ ရှင်တပ်သည် နေအိမ်များကိုဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်မြို့ပေါ် ရွေးကောက်ပွဲ ကျင်းပနေချိန် ဒီဇင်ဘာလ ၂၈ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတပ်တို့က ထားဝယ်မြို့ပေါ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြပြီးနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးများဖြင့် ထားဝယ်မြစ်တစ်ဖက်ကမ်း လောင်လုံး မြို့နယ် ထိန်တွင်းနှင့် တောင်မင်းပြောင်ကျေးရွာတို့ကို ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။ အင်အား ၁၀၀ နီးပါးရှိသည့် ထိုစစ်ကြောင်းသည် ဒီဇင်ဘာလ ၂၈ရက် မွန်းလွဲပိုင်းမှစ၍ ခမောင်းတောင်ကျေးရွာသို့ ရောက်ရှိ လာကာ လူနေအိမ်များတွင် ဝင်ရောက်တပ်စွဲနေထိုင်ခဲ့ပြီး ညဘက်တွင် ဒေသခံနေအိမ်တို့ကို ဖောက်ထွင်းခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “အိမ် လေး၊ ငါးဆောင်လောက် ဖောက်ခံထိတယ်။ အသုံးအဆောင်တွေယူတယ်။ နောက်ပြီး […]

ရွေးကောက်ပွဲနေ့ တိုင်းအစိုးရရုံး တိုက်ခိုက်ခံရမှုတွင် လဝက အရာရှိတစ်ဦး ဒဏ်ရာရ

Dawei Watch

December 30, 2025

ရွေးကောက်ပွဲနေ့ (ဒီဇင်ဘာ ၂၈) နံနက်ပိုင်းက ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး လဝက အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ နှင့် ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည် ။ Fixed Wing ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အစိုးရအဖွဲ့ရုံး၏ အစည်းအဝေးခန်းမ မျက်နှာကျက်များ ပေါက်သွားကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်တကွ စစ်ကော်မရှင်က ဒီဇင်ဘာလ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည် ။ ယင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူရှိကြောင်း ရုံးအနီး နေထိုင်သူများ နှင့် ဝန်ထမ်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ ” မနက် ၈ နာရီလောက်လာထိပြီး ရုံးခေါင်မိုးပေါ်က ရေတိုင်ကီတွေပေါက်ထွက်ကုန်တယ် ။ ပြီးမှ မျက်နှာကျက်ကို နည်းနည်းပေါက်ကျတာ ။ ရေတိုင်ကီ ခံသွားလို့တော်သေးတယ် ။ တိုက်ရိုက်ကျရင် အခုထက်ပိုနာကြမယ် ။ […]

ရေဖြူ ဇာဒီရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လက်နက်ကြီးဆက်တိုက်ပစ်ခတ်

Dawei Watch

December 29, 2025

ရေဖြူမြို့နယ်၊ ဇာဒီရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ယနေ့ ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဇာဒီရွာသို့ ရောက်လာပြီး ညနေ ၃နာရီခန့်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ တစ်နာရီကျော် ကြာမြင့်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ်ဘက်ကမူ ရေတပ်စစ်သင်္ဘောနှင့် တပ်စခန်းများဘက်က ယနေ့ ည ၆ နာရီဝန်းကျင်အထိ လက်နက်ကြီးများဖြင့် ဇာဒီရွာ အနီးပတ်ဝန်းကျင်ကို ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု ရှိမရှိကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ “လက်နက်ကြီးက ညအထိပစ်နေတုန်းပဲ။ တိုက်ပွဲက ညနေကတည်းက ငြိမ်သွားပြီ။ မွန်းတည့်က မီး (လျှပ်စစ်မီး) ပြန်လာပြီး […]

သရက်ချောင်းမြို့ရှိ ပန်းတောစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်

Dawei Watch

December 29, 2025

သရက်ချောင်းမြို့မရပ်ကွက် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ပန်းတော စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ် ယနေ့ နံနက် အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၂၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ပန်းတောရပ်ကွက် သံတံတားတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို မိနစ် ၃၀ ခန့်ကြားရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “ဒီဘက်က (စစ်အာဏာရှင်တပ်) လက်နက်ကြီးတွေ ပြန်ပစ်တယ်။ လူထိခိုက်မှု ဘာမှမကြားရဘူး” ဟု ၎င်းက ပြောသည်။ ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထားဝယ်-မြိတ်သွားကားလမ်း ခေတ္တပိတ်ဆို့ခဲ့ပြီး နံနက် ၉နာရီဝန်းကျင်တွင် ပြန်လည်သွားလာ၍ ရကြောင်း အထက်ပါ အမျိုးသားက ပြောဆိုသည်။ ပန်းတောစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် […]