ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံး ထိန်တွင်းရွာတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

December 28, 2025

လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး အသက်၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့နယ်တွင် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပနေချိန် ယနေ့ နံနက် ၁၀ နာရီကျော်တွင် ထားဝယ်မြစ် တစ်ဖက်ကမ်းရှိ ထိန်တွင်းကျေးရွာဘက်တွင် ဒရုန်းတစ်စီးပျံသန်းခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ ရပ်ခတ်တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်နှင့် ထားဝယ်မြို့ ရှိ စစ်အာဏာရှင်တပ်တို့က လက်နက်ကြီးဖြင့် အချက်ရေ ၂၀ ကျော် ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ပစ်ခတ်ရာတွင် လက်နက်ကြီးကျည် တစ်လုံးသည် ထိန်တွင်းကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၀ […]

ရွေးကောက်ပွဲနေ့ ထားဝယ်မြို့တွင် ပေါက်ကွဲသံများကြားရသော်လည်း လူထိခိုက်မှုမရှိဟု တိုင်းရွေးကော်ပြော

Dawei Watch

December 28, 2025

စစ်ကောင်မရှင် ရွေးကောက်ပွဲကျင်းပနေသည့် ထားဝယ်မြို့ပေါ်တွင် ယနေ့(ဒီဇင်ဘာ ၂၈) နံနက်တွင် ပေါက်ကွဲသံများကြားရသော်လည်း လူထိခိုက်မှုမရှိဟု တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောသည်။ ယနေ့ နံနက် ၇ နာရီနှင့် ၉ နာရီကြားတွင် ထားဝယ်မြို့တွင် ပေါက်ကွဲသံများ၊ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီးနောက် သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိသူများရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။ ယင်းကိစ္စအား‌ အတည်ပြုမေးမြန်းနိုင်ရန် တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးထံ Dawei Watch က ယနေ့နံနက် ၁၁ နာရီအချိန်က ဖုန်းဆက်မေးမြန်းခဲ့ရာ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ဖုန်းဆက်လိုက်မေးရသလောက် အားလုံးသာသာယာယာပါပဲ။ မဲပေးတဲ့သူတွေ ဆက်ပေးနေဆဲပါ” ဟု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။ ထားဝယ်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ကိုးသောင်းကျော်ရှိပြီး မဲရုံ ၄၉ ရုံဖြင့် ရွေးကောက်ပွဲပြုလုပ်နေဟု […]

စစ်အာဏာရှင်တပ်ကပစ်သည့် လက်နက်ကြီး ‌လောင်းလုံး ပြင်းထိန်ဘုန်းကြီးကျောင်းထဲကျ၊ ကျောင်းထိုင်ဆရာတော် ဒဏ်ရာရ

Dawei Watch

December 28, 2025

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံး လောင်းလုံးမြို့အနီး ပြင်းထိန်ရွာ ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်မြို့ပေါ်တွင် ရွေးကောက်ပွဲပြုလုပ်နေချိန် ပြင်းထိန်ရွာဘက်သို့ လက်နက်ကြီးဖြင့် ယနေ့နံနက် ၉ နာရီကျော်အချိန်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလက်နက်ကြီးသည် ပြင်းထိန်အရှေ့ကျောင်း( ဘုန်းကြီးကျောင်း) ဝင်းထဲကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းပိုင်ကား ပျက်စီးသွားသည့်အပြင် ကျောင်းထိုင်ဆရာတော်လည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “၆၀ မမ လက်နက်ကြီးလာကျတာ။ လက်နက်ကြီးကျည်စထိလို့ ဘုန်းကြီးကျောင်းကား ဆီတိုင်ကီပေါက်သွားတယ်။ မှန်တွေလည်းကြေမွကုန်တယ်။ ကား‌အနောက်ပိုင်းတစ်ပိုင်းလုံး ထိသွားတာ။ ဆရာတော်မှာကတော့ ခြေမျက်စိကို ကျည်စထိတယ်။ သိပ်တော့မများဘူး” ဟု မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးမှာ ထားဝယ်မြို့မှ ပစ်ခတ်သည်လည်းဖြစ်နိုင်သလို လောင်းလုံးမြို့ထဲက ပစ်ခတ်သည်လည်းဖြစ်နိုင်ကြောင်း၊ ပစ်ခတ်သည့်နေရာကို တိတိကျကျမသိရကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်မြို့တွင် ပေါက်ကွဲသံ၊ ပစ်ခတ်သံများ ထွက်ပေါ်

Dawei Watch

December 28, 2025

စစ်ကော်မရှင်က ရွေးကောက်ပွဲ​ကျင်းပနေသည့် ထားဝယ်မြို့ပေါ်တွင် ပေါက်ကွဲသံနှင့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေကြောင်း မြို့ခံအချို့ကပြောသည်။ ယနေ့ နံနက် ၇ နာရီကျော်အချိန်တွင် ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲသံသုံးချက်ကြားရပြီး နံနက် ၈ နာရီကျော်အချိန်တွင် နှစ်ချက်ကြားရကြောင်း မြို့ခံအချို့ကပြောသည်။ ယင်းအပြင် နံနက် ၉ နာရီကျော်အချိန်တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆူညံစွာ ထွက်ပေါ်နေကြောင်းဆိုသည်။ ထားဝယ်မြို့ တိုင်းအစိုးရအဖွဲ့ရုံးအနီးရှိ မြန်မာ့ဆက်သွယ်ရေးရုံး၊ ထားဝယ်ကမ်းနားလမ်း၊ ထားဝယ်− မောင်းမကန်သွားလမ်း (ထားဝယ်မြို့အနီး) စစ်အာဏာရှင် ၁၀၄ တပ်ရင်းအနီးတို့တွင် ပေါက်ကွဲ၊ ပစ်ခတ်မှုများဖြစ်ပွားခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ ဆက်သွယ်ရေးနှင့် လုံခြုံရေး အခြေအနေများကြောင့် Dawei Watch အနေဖြင့် အသေးစိတ်ကို မေးမြန်းအတည်ပြုနိုင်ရေး ကြိုးစားနေဆဲဖြစ်ပါသည်။ ထိုသို့ ပေါက်ကွဲ၊ ပစ်ခတ်သံများ ထွက်ပေါ်နေသော်လည်း မြို့ပေါ်တွင်မူ […]

ရွေးကောက်ပွဲနေ့ ထားဝယ်မြို့ မနက်ပိုင်းအခြေအနေ

Dawei Watch

December 28, 2025

စစ်ကော်မရှင်က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပနေသည့် ရွေးကောက်ပွဲနေ့ မနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ရပ်ကွက်အချို့တွင် လူသွားလူလာနည်းပါးနေသည်။ ထားဝယ်မြို့ အဓိကလမ်းမကြီးများသာမက လမ်းသွယ်များ၊ စျေးများတွင်ပါ ထူးထူးခြားခြား လူသွား၊ လူလာနည်းပါးနေ နေကြောင်း မြို့ခံအချို့က ပြောသည်။ ပုံမှန်အားဖြင့် မနက်စောစောတွင် စည်ကားနေလေ့ရှိသည့် ဈေးအချို့လည်း ယနေ့တွင် ရောင်းသူ၊ဝယ်သူ မရှိဘဲ တိတ်ဆိပ်ခြောက်ကပ်နေကြောင်း မြို့ခံအချို့က ပြောသည်။ “နေ့တိုင်းလူတွေ ဒီလောက်ရှုပ်တာ ဒီနေ့ လမ်းပေါ်မှာရော၊ ဈေးမှာရော လူတစ်ယောက်မှကိုမရှိဘူး။ ‌တစ္ဆေခြောက်နေသလိုပဲ” ဟု မြို့ခံတစ်ဦးက နံနက် ၇ နာရီအချိန်က ပြောဆိုသည်။ သို့သော် ရပ်ကွက်အချို့တွင်မူ ပုံမှန်အတိုင်း သွားလာ၊ ရောင်းဝယ်နေကြသည်များလည်းရှိကြောင်း အခြားမြို့ခံတို့က ပြောသည်။ “ရပ်ကွက်တစ်ခုနဲ့တစ်ခုမတူဘူး။‌ တစ်နေ့လုပ် တစ်နေ့စားများတဲ့ ရပ်ကွက်တွေမှာတော့ […]

စစ်အုပ်စု ရွေးကောက်ပွဲအကြိုနေ့ ထားဝယ်မြို့ပေါ် လုံခြုံရေးတင်းကျပ်

Dawei Watch

December 27, 2025

စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအကြိုနေ့ဖြစ်သည့် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်တွင် စစ်အာဏာရှင်တပ်က ထားဝယ်မြို့ အတွင်းအပြင်ကို လုံခြုံရေးတင်းကျပ်ထားကြောင်း မြို့ ခံချို့က ပြောသည်။ မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်းတစ်ကို ကျင်းပမည်ဖြစ်သည်။ ရွေးကောက်ပွဲနေ့မတိုင် စစ်အာဏာရှင်တပ်က ထားဝယ်မြို့ရှိ အဓိကလမ်းမကြီးများ၊ လမ်းသွယ်လမ်းကြားများပါမကျန် လုံခြုံရေးများ ချထားကြောင်း မြို့ခံအချို့က ဆိုသည်။ “မနက်အစောကြီး မြို့ထဲက လမ်းဆုံ၊ လမ်းခွတွေရော၊ လမ်းကြားတွေထဲပါ စစ်တပ်က စောင့်နေကြတယ်။ လမ်းသွား၊ လမ်းလာတွေကိုတော့ စစ်ဆေးတာမရှိဘူး” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ ထားဝယ်မြို့ပေါ် နေရာအနှံ့တွင် လက်နက်အပြည့်အစုံဖြင့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက လမ်းဆုံ၊ လမ်းခွများတွင် စောင့်ကြပ်နေကြသည့်အပြင် ယာဉ်ထိန်းရဲများ၊ အရပ်ဝတ် ပျူစောထီးများပါတွေ့ရကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။ […]

ပဋိပက္ခများစွာဖြင့် ထားဝယ်တောင်ပိုင်းက ရွေးကောက်ပွဲ အကြိုနေ့

Dawei Watch

December 27, 2025

စစ်ကော်မရှင်ကလုပ်သည့် ရွေးကောက်ပွဲ ကျင်းပရန် နာရီပိုင်းသာလိုတော့သော်လည်း ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်သည့် ထားဝယ်မြို့နယ်တွင်တော့ ပဋိပက္ခများစွာဖြင့် ရှုပ်ထွေးနေဆဲအခြေအနေ ဖြစ်နေသည်။ စစ်အာဏာရှင်တပ်များ အင်အားတိုးချထားသည်များရှိသလို လက်နက်ကြီးပစ်ခတ်မှုများ၊ ရွာချင်းဆက်တံတားများ မီးရှို့ဖျက်စီးမှုများ၊ သွားလာခွင့် ပိတ်ပင်တားမြစ်မှုများကို စစ်ကော်မရှင်က ယခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေသည်။ ကင်းပုန်းချထားသော စစ်အာဏာရှင်တပ်သားများကို နေရာအတော်များများတွင် မြင်တွေ့ရသလို ကောလာဟလ သတင်းမျိုးစုံလည်း ပျံ့နှံ့နေသဖြင့် ပြည်သူလူထုမှာ ကြောက်ရွံ့မှုများဖြင့် အခြေအနေ စောင့်ကြည့်နေကြကြောင်း တွေ့ရသည်။ ခရစ္စမတ်နေ့ ဒီဇင်ဘာလ 25 ရက် ကတည်းကစ၍ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား မှ ရွှေဂူတံတားအကြားရှိ ကျေးရွာများတွင် စစ်အာဏာရှင်တပ်သားများက တပ်ဖြန့်နေရာယူထားကြောင်း ဒေသခံများထံမှသိရသည်။ ထားဝယ်မြို့အနီး ရွေးကောက်ပွဲမကျင်းနိုင်သည့် ရှမ္မတွင်းရွာဘက်သို့ ပေါက်တိုင်းတံတားဘက်မှ ခရစ္စမတ်ညက လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးကျရောက်ပေါက်ကွဲကာ အသက်ငါးဆယ်ဝန်းကျင်အမျိုးသမီးတစ်ဦး၊ အသက် […]

မလုံခြုံမှုကြောင့် ထားဝယ်ဒေသတွင် လုပ်သားရှာရခက်

Dawei Watch

December 26, 2025

ထားဝယ်ခရိုင်တွင် အလုပ်သမားရှားလာပြီး လုပ်ခ တိုးမြှင့်ပေးခေါ်သော်လည်း ငှားရမ်းရခက်လာကြောင်း လုပ်ငန်းရှင်များနှင့် တောင်သူများက ပြောသည်။ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးခြင်း၊ ဒေသခံများကို ဖမ်းဆီးခြင်း၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်အာဏာရှင်တပ်က အဓမ္မစစ်မှုထမ်း စုဆောင်းခြင်း စသည်တို့ကြောင့် လူငယ်၊ လူလတ်ပိုင်းများ နေရပ်စွန့်ခွာမှု တိုးလာသဖြင့် အလုပ်သမား ရှားပါးလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “နေ့စားခ ပိုပေးတာတောင် အလုပ်သမားက ရှားတယ်” ဟု ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာမှ ကွမ်းခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဝကုန်းရွာဘက်တွင် ကွမ်းသီးခွဲ၊ ကွမ်းသီးလှန်းသည့် အမျိုးသမီးတစ်ဦးလျှင် တစ်ရက်လုပ်ခ ကျပ်နှစ်သောင်းခွဲ၊ အမျိုးသား တစ်ဦးလျှင် သုံးသောင်းမှ လေးသောင်းအထိ ပေးရပြီး တောထွင်ခ (တောရှင်းခ) ဆိုလျှင် တစ်ရက် ခြောက်သောင်းခွဲ၊ ကွမ်းသီးထမ်းခ တစ်ရက် ကျပ်လေးသောင်း ပေးရကြောင်း […]