ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူ သန်းကုန်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားများ စခန်းစွန့်ထွက်ပြေး

Dawei Watch

December 26, 2025

ရေဖြူမြို့နယ် ညင်းထွေးကျေးရွာနှင့် ဇီးကျကျေးရွာကြားရှိ ကားလမ်းမ၏အရှေ့ဘက်နှစ်ဖာလုံခန့်အကွာတွင် ဖြစ်ပွားခဲ့သည့် သန်းကုန်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားများက စခန်းစွန့်ထွက်ပြေးသွားကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်တွင် သန်းကုန်း(မိုးကုတ်ဝိပဿာနာ)ရိပ်သာတွင် တပ်စွဲထားသော အင်အား ၇၀ ခန့်ရှိ စစ်အာဏာရှင်တပ်စစ်ကြောင်းကို ဒူရကစစ်ကြောင်းနှင့် မဟာမိတ်တော်လှန်ရေးတပ်များက ပူးပေါင်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။ ထိုတိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဖက်က ၆ ဦးသေဆုံးကာ စခန်းစွန့်ထွက်ပြေးသွားကြောင်း ဒူရကစစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။ “(စစ်အာဏာရှင်တပ်သား) အလောင်း ၆ လောင်း ရပါတယ်။ ထိခိုက်သေဆုံးမှုတော့ များလိမ့်မယ်။ စစ်လက်နက်ပစ္စည်းအချို့ သိမ်းဆည်းရမိတာရှိပါတယ်။ နောက် ထုတ်ပြန်ပေးပါ့မယ်ခင်ဗျား။ ရန်သူတွေကတော့ စခန်းစွန့် ထွက်ပြေးသွားကြတာပါ “ ဟု အထက်ပါတာဝန်ရှိသူက ဆိုသည် ။ အဆိုပါတိုက်ပွဲတွင် နှစ်ဖက်တပ်များက လက်နက်ကြီးများ၊ […]

ကမြောကင်းတံတားဂိတ်ကို ဒရုန်းဖြင့်ဗုံးချ၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

Dawei Watch

December 26, 2025

ထားဝယ်မြို့ အဝင်အထွက်ဂိတ်တစ်ခုဖြစ်သည့် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး အသက် ၂၀အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားတွင် လောင်းလုံးမြို့နယ်ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၅ ရက် ညသန်းခေါင်တွင် ဗုံးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ ဗုံးမှာ တံတားဂိတ်ဧရိယာရှိ နေအိမ်တစ်လုံးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တွင် အိပ်ပျော်နေသည့် အမျိုးသမီးတစ်ဦး ခြေထောက်တွင် ဒဏ်ရာရကာ ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ ခြေသလုံးမှာ ဒဏ်ရာရတယ်။ အခုထားဝယ်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်” ဟု ၎င်းက ဆိုသည်။ ကမြောကင်းတံတားဂိတ်အား မည်သည့်တော်လှန်ရေးတပ်ဖွဲ့က ဗုံးချတိုက်ခိုက်ခဲ့သည်ကိုမူ မသိရသေးပေ။ ဒရုန်း ဗုံးစ ထိမှန်ခဲ့သည့် နေအိမ်မှာ လွန်ခဲ့သည့် နှစ် […]

တောင်ပျောက်တိုက်နယ်အတွင်းရှိ PDF စခန်းကို စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

December 26, 2025

တောင်ပျောက်တိုက်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်-PDF စခန်းတစ်ခုကို စစ်ကော်မရှင်တပ်က ယနေ့မနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံအချို့ထံက သိရသည်။ ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် PDF စခန်း ရုံးစိုက်ရာနေရာကို ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က အတည်ပြုပြောဆိုသည်။ “တစ်လုံးက ပေါင်နှစ်ရာလား ငါးရာလားမသိသေးဘူး၊ စိစစ်နေတုန်းပဲ၊ လူထိခိုက်မှုရှိတယ်၊ ဒဏ်ရာရသူရှိတယ်လို့ကြားတယ်” ဟု ၎င်းကဆိုသည်။ ကနဦးစုံစမ်းမေးမြန်းချက်အရ ထိခိုက်ဒဏ်ရာရသူ နှစ်ဦးမှ လေးဦးခန့်ရှိပြီး သေဆုံးသူမရှိဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ရွေးကောက်ပွဲကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်သဖြင့် PDF တပ်ရင်းတပ်ဖွဲ့များကို ဖိအားပေးသည့်အနေဖြင့်င့် စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က သုံးသပ်သည်။ လေယာဉ်ဗုံးကြဲမှုတွင် လူထိခိုက်မှုရှိသည်ဟု ကြားသိရသော်လည်း […]

ယခုနှစ်ပွင့်လင်းရာသီအစ ရော်ဘာအထွက်နည်းသည့်အပြင် စျေးကျနေ

Dawei Watch

December 25, 2025

ယခုနှစ် ပွင့်လင်းရာသီအစ၌ မွန်နှင့်ထားဝယ်ဒေသတွင် ရော်ဘာအထွက်နှုန်းနည်းသည့်အပြင် ရော်ဘာစျေးလည်းကျဆင်းနေကြောင်း တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များထံမှ သိရသည်။ ” အထွက်နှုန်းနည်းတယ် ။ ခုလပိုင်းတွေက (ရော်ဘာအစေး) ပိုရမယ့်အချိန်ကို ထင်သလောက်မရဘူး ။ ဒီလတွေပဲ အစေး ကအထွက်အားကောင်းတာ ။ အခုကဒီလတွေတောင်မထွက်တော့ဘူး ။ အရင်က ၄၀(ရော်ဘာအပြား) ထွက်တဲ့ခြံကအခု ၂၀ ကျော်ပဲထွက်တယ်” ဟု ထားဝယ်ဒေသခံရော်ဘာခြံရှင်တစ်ဦးကပြောသည် ။ ရော်ဘာကို မိုးအကုန် ဆောင်းအကူး ပွင့်လင်းရာသီအစ နိုဝင်ဘာလခန့်မှစ၍ မေလလောက်အထိ အစေးခြစ်ကြပြီး အအေးပိုသည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ များတွင် အစေးပိုထွက်လေ့ရှိကြောင်း ရော်ဘာခြစ်တောင်သူများကဆိုသည် ။ ” အရင်က (ရော်ဘာပြား) သုံးပြား လောက်ထွက်တဲ့အပင်က နှစ်ပြားသာသာလောက်ပဲ ထွက်တော့တာမျိုး ။ ကော်ချီးပြန်ထုတ်တာနဲ့ဆို သိပ်မကျန်ဘူး ။ […]

ထားဝယ်တွင် ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများလုပ်ရန် ညမထွက်ရအမိန့် တစ်ညရုပ်သိမ်း

Dawei Watch

December 24, 2025

ထားဝယ်မြို့နယ်တွင် ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန် ညမထွက်ရအမိန့်ကို တစ်ညရုပ်သိမ်းကြောင်း စစ်ကော်မရှင် လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးကော်မတီက မြို့တွင်းလိုက်လံကြေညာသည်။ မနက်ဖြန် ဒီဇင်ဘာလ ၂၅ ရက်တွင် ကျရောက်မည့် ခရစ္စမတ်နေ့အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သောကြောင့် ည ၁၁ နာရီမှ နံနက် ၃ နာရီအတွင်းထုတ်ပြန်ထားသော ညမထွက်ရအမိန့်အား ခရစ္စမတ်နေ့တွင် ခတ္တပယ်ဖျက်ထားသည်ဟု ကြေညာခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ပြီးခဲ့သည့် ထားဝယ်တန်ဆောင်နှင့် ဒီဇင်ဘာလ ၁၉ရက်က ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့တို့တွင်လည်း ထားဝယ်မြို့တွင် ညမထွက်ရက်အမိန့်ကို ရုပ်သိမ်းကာ စစ်ကော်မရှင်က ပျော်ပွဲရွှင်ပွဲများ ညလုံးပေါက်ကျင်းပခဲ့သည်။ ကရင်နှစ်သစ်ကူးနေ့ ညမထွက်ရအမိန့် ရုပ်သိမ်းထားချိန် ယင်းနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ အဝင်အထွက်ဂိတ်များ ဖြစ်သည့် အိမ်ရှေ့ ပြင်၊ ပေါက်တိုင်းနှင့် ကမြောကင်းတံတားဂိတ်တို့ တွင် […]

ထားဝယ်ဒေသထွက်ကုန်များ ဈေးကျနေသဖြင့် တွက်ခြေမကိုက်

Dawei Watch

December 24, 2025

ထားဝယ်ခရိုင်တွင် ဒေသထွက်ကုန်များ ဈေးကျနေသဖြင့် တွက်ခြေမကိုက်ကြောင်း တောင်သူများက ပြောသည်။ ပြီးခဲ့သည့်နှစ်က ကွမ်းသီးအမှည့်တစ်လုံးလျှင် ၁၃၀ ကျပ်ခန့်၊ ကွမ်းသီးခြောက်တစ်ပိဿာလျှင် ကျပ်နှစ်သောင်းခွဲခန့်အထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ကွမ်းသီးအမှည့်တစ်လုံးကို ၅၀၊ ၆၀ ကျပ်သာရရှိပြီး ကွမ်းသီးခြောက်မှာ တစ်ပိဿာလျှင် ၁၁၀၀၀ ခန့်သာ ရရှိကြောင်း ကွမ်းသီးခြံပိုင်ရှင် တောင်သူများက ဆိုသည်။ စပါးဈေးမှာလည်း ပြီးခဲ့သည့်နှစ်က ဆန်ကြမ်းစပါး တစ်တင်းလျှင် ၁၅၀၀၀ ကျပ်အထိ စျေးရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်တင်းလျှင် ၈၀၀၀၊ ၉၀၀၀ ကျပ်ခန့်သာ စျေးရကြောင်း လယ်သမားအချို့က ပြောဆိုသည်။ ရော်ဘာဈေးမှာလည်း ရော်ဘာပြား တစ်ပေါင်လျှင် ပြီးခဲ့သည့်နှစ်က ၃၁၀၀ ကျပ်ဝန်းကျင် ရရှိခဲ့ပြီး ယခုနှစ်တွင် ၂၅၀၀ ကျပ် ခန့်သာ ရရှိကြောင်း သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာက […]

လောင်းလုံး ဖွားဘုတ်ပြင်ရွာတွင် နေအိမ်တစ်လုံးကို စစ်အာဏာရှင်တပ်မီးရှို့

Dawei Watch

December 24, 2025

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ ဖွားဘုတ်ပြင်ကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက် ည နေပိုင်းတွင် စစ်အာဏာရှင်တပ်က နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများထံမှ သိရသည်။ စခန်းကြီးကျေးရွာသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် စွန်တောင်ပေါ်ကျေးရွာသို့ ရောက်ရှိပြီး ယင်းမှတစ်ဆင့် စွန်တောင်ပေါ်ကျေးရွာနှင့်တစ်ဆက်တည်းရှိသော ဖွားဘုတ်ပြင်ကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။ ဖွားဘုတ်ပြင်ရွာသို့ ရောက်ရှိချိန် နေအိမ်တစ်လုံးကို မီးရှို့ခဲ့ပြီး ယင်းနောက် အဆိုပါစစ်ကြောင်းမှာ ဖွားဘုတ်ပြင်နှင့် ဘူချိုင်းကျေးရွာကြားတွင် တစ်ညလုံးကင်းပုန်းဝပ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင်မူ စွန်တောင်ပေါ်ကျေးရွာ အနီးဝန်းကျင်သို့ ပြန်လည် ဆုတ်ခွာလာကြောင်း ၎င်းက ပြောဆိုသည်။ “ကင်းပုန်းဝပ်နေချိန်မှာ စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ညက […]

ထားဝယ် ကျန်းမာရေးလမ်းတွင် အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့်သေဆုံး

Dawei Watch

December 23, 2025

ထားဝယ်မြို့၊ မြို့ရှောင်လမ်းဖြစ်သည့် ကျန်းမာရေးလမ်းတွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၅ နာရီခွဲခန့်တွင် အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ သေဆုံးသူသည် ကျောက်မော်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၁နှစ်အရွယ်ရှိ ဒေါ်မို့မို့အေးဖြစ်ပြီး ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရရှိကာ လမ်းဘေးတွင် လဲကျနေသည်ကို ယနေ့ နံနက် ၅နာရီခွဲခန့်တွင် မြို့ခံအချို့က တွေ့ရှိကြောင်း ၎င်းတို့က ပြောသည်။ ထို့နောက် အဆိုပါအမျိုးသမီးကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပြီးနောက် နာရီပိုင်းအကြာတွင်ပင် သေဆုံးကြောင်းမြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “သူအိမ်က (သူ) မလာလို့ လိုက်စုံစမ်းတော့မှာ ထားဝယ်ဆေးရုံကြီးမှာ သွားတွေ့တယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောသည်။ မြို့ခံအချို့ကမူ အဆိုပါအမျိုးသမီးမှာ ရိုက်နှက်ခံရခြင်းကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိကာ သေဆုံးခြင်းဖြစ်နိုင်ကြောင်း […]