ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူ ဖားချောင်းအုပ်စုမှ စစ်ဘေးရှောင် ၅၀၀ ခန့် အရေးပေါ် စားနပ်ရိက္ခာလိုအပ်

Dawei Watch

September 2, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စုတွင် တိုက်ပွဲများကြောင့် သြဂုတ်လ နောက်ဆုံး အပတ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသားများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း တိမ်းရှောင်နေသည့် ဒေသခံများထံမှသိရသည်။ ဖားချောင်းကျေးရွာအုပ်စုမှ ဆယ်အိမ်စု၊ တောင်ရင်းအင်း၊ ဖားချောင်း ကျေးရွာသုံးရွာမှ လူဦးရေ ငါးရာခန့်သည် နီးစပ်ရာ ဘေးကင်းသည့် ကျေးရွာများတွင် ရှောင်တိမ်းနေရကြောင်း ၎င်းတို့ကဆိုသည်။ “အဓိက ဆန်၊ဆီ၊ဆေး၊ဆား လိုအပ်နေတယ်။ ဒေသခံတွေက နေစရာကိစ္စမရှိဘူး။ နီးစပ်ရာ ဆွေမျိုးသားချင်းတွေ အိမ်တွေမှာ နေလို့ရတယ်။ အထက်ဘက်ကနေ ဒီမှာ လာလုပ်စားတဲ့ ဒေသခံမဟုတ်တဲ့သူတွေကတော့ နေစရာ နည်းနည်းခက်ခဲတယ်။ တိုက်ပွဲ ဖြစ်တော့လည်း သူတို့ပါ ရောပြေးနေရတာပေါ့” ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အမျိုးသားတစ်ဦး ကပြောပြသည်။ သြဂုတ်လ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ကံပေါက် […]

ထားဝယ်တွင် ကြက်ဥတစ်လုံး ကျပ် ၁၂၀၀ ဖြစ်လာပြီး ဝယ်ရခက်၊ ကုန်စိမ်းများ စျေးနှစ်ဆထက်

Dawei Watch

September 1, 2025

တိုက်ပွဲကြောင့် လမ်းပိတ်ပြီး ကုန်စည်စီးဆင်းမှုရပ်တန့်နေသောကြောင့် ထားဝယ်မြို့တွင် ကုန်စိမ်းများ စျေးနှစ်ဆ တက်နေပြီး ကြက်ဥတစ်လုံးလျှင်မူကျပ် ၁၂၀၀ စျေးရှိကာ ဝယ်ယူရ ခက်ခဲနေကြောင်း ထားဝယ်မြို့၊ ကမ်းနားစျေးရှိ စားသုံးကုန်စည် စျေးကွက်နှင့် မြို့ခံများထံမှ သိရသည်။ ဩဂုတ်လ ၃၁ ရက်ကစပြီး အခြေခံစားသောက်ကုန်များ ဖြစ်သည့် ကြက်ဥ အပါဝင် ကုန်စိမ်းများ ပြတ်လပ်ပြီး စျေးတက်သွားခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ဩဂုတ်လ ၂၃ရက်မှ ၂၅ ရက်အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဩဂုတ်လ ၂၆ရက် ညနေပိုင်းကစပြီး လမ်းပိတ်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရဘဲ ပိတ်မိနေသောကြောင့် ထားဝယ် စျေးကွက်ရှိ စားသုံးကုန်စည်စျေးကွက်တွင် တိုင်းပြင်ပမှ တင်သွင်းသည့် စားသုံးကုန်များ […]

စစ်ဘေးရှောင်ထောက်ပံ့ငွေကိစ္စဖြင့် ထိန်းသိမ်းထားသူသုံးဦးကို မော်ဒန်ပန့်အဖွဲ့ ပြန်လွှတ်

Dawei Watch

September 1, 2025

လောင်းလုံးမြို့နယ်ရှိ ကျေးရွာသုံးရွာမှ စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီသည့် ငွေကြေးနှင့် ပတ်သက်၍ အရှုပ်အရှင်းဖြစ်ပေါ်မှုကြောင့် ‌ထိန်းသိမ်းခံထားရသည့် အမျိုးသမီးသုံးဦးကို မော်ဒန်ပန့် (Modern Punks)အဖွဲ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ “ကျွန်မက (ဩဂုတ်လ) ၃၁ ရက် နေ့လယ်ပိုင်းမှာ ပြန်လွတ်လာတယ်။ အခုအိမ်ရောက်နေပြီ။ ကျန်တဲ့သူတွေကတော့ ကျွန်မထက်ဦးတယ်လွှတ်လိုက်တာ” ဟု ထိန်းသိမ်းခံရသူ အမျိုးသမီးတစ်ဦးကပြောသည်။ စစ်ဘေးရှောင်ထောက်ပံ့ငွေများကို မြေပြင်တွင်လိုက်လံထောက်ပံ့ပေးသူ အမျိုးသမီးသုံးဦးအား ဩဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ထိန်းသိမ်းခဲ့ကြောင်း မော်ဒန်ပန့်အဖွဲ့တည်ထောင်သူ ကိုကြက်ဥက ပြောသည်။ အဆိုပါအမျိုးသမီးသုံးဦးအပါအဝင် ‌စစ်ဘေးရှောင်ထောက်ပံ့ငွေရရှိသူ ၂၅၆ ဦးအား စစ်ဆေးချက်အရ အဖွဲ့အစည်းက ထောက်ပံ့ခိုင်းသည့် ငွေပမာဏအတိုင်း ထောက်ပံ့ပေးထားသည့် စာရင်းအ‌ထောက်အထားများ ချပြနိုင်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၁)တွင် ထုတ်ပြန်သည့် ရုပ်သံဖိုင်၌ ကိုကြက်ဥက […]

ရေဖြူ မရမ်းချောင်းရွာတွင် မိသားစုတစ်စု မိုင်းနင်းမိ၊ ကလေးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

Dawei Watch

September 1, 2025

ရေဖြူမြို့နယ်၊ မရမ်းချောင်းရွာတွင် ယနေ့ စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် မိသားစုဝင်သုံးဦး ရေး-ထားဝယ်ကားလမ်း နံဘေးတွင် မိုင်းနင်းမိကြောင်း ဒေသခံရွာသားများက ပြောသည်။ မိုင်းနင်းမိသဖြင့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးကိုဦးနှင့် ဇနီးဖြစ်သူ အသက် ၃၀ကျော်အရွယ် ဒေါ်ဇာခြည်မိုးတို့ ထိခိုက် ဒဏ်ရာရပြီး အသက် ၂ နှစ်ကျော်အရွယ် သားဖြစ်သူ သေဆုံးကြောင်း ရွားသားများက ဆိုသည်။ ဒဏ်ရာရရှိသူ နှစ်ဦးကို ဆေးကုသနိုင်ရန် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းတို့က ပြောဆိုသည်။ မရမ်းချောင်းရွာအနီး ရေး-ထားဝယ် ကားလမ်းမတွင် သစ်ပင်လှဲချ၍ ပိတ်ထားသည့်နေရာ၏ နံဘေးတွင် မိုင်းနင်းမိခြင်း ဖြစ်ပြီး အလားတူ ဩဂုတ်လ ၃၀ ရက်ကလည်း ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာရခဲ့သေးကြောင်း ရွာသားများထံမှ […]

ရေဖြူ မရမ်းချောင်းရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ

Dawei Watch

August 30, 2025

ရေဖြူမြို့နယ် ရေး-ထားဝယ်ကားလမ်းရှိ မရမ်းချောင်းရွာတွင် ယနေ့ သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းက ဆိုင်ကယ်စီးလာ သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတောက်တွင် ဒဏ်ရာအပြင်းအထန် ရကြောင်း ဒေသခံများက ပြောသည်။ ကလိန်အောင်မှ ဆိုင်ကယ်ဖြင့် မရမ်းချောင်းရွာသို့ ပြန်လာစဉ် မရမ်းချောင်းရွာနှင့် ကော့လှိုင်ရွာအကြား ရေး-ထားဝယ် ကားလမ်းမတွင် သစ်ပင်လှဲချ၍ ပိတ်ထားသည့်နေရာအား လမ်းဘေးမှ ရှောင်၍ ပတ်မောင်းစဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဒဏ်ရာရသွားသည့် အမျိုးသားသည် မရမ်းချောင်းရွာသား အသက် ၃၀ ကျော်အရွယ် ကိုသိန်းထိုက်ဦး (ခေါ်) ကိုမွန် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ “တိုက်ပွဲကြောင့် ခြံထဲမှာသွားရှောင်နေကြရင်း ရိက္ခာပြတ်လို့ လင်မယားနှစ်ယောက်ဆိုင်ကယ်တစ်စီးစီနဲ့ ကလိန်အောင် ဘက်ကို စျေးထွက်ဝယ်တာ။ အသွားတုန်းက မဖြစ်ဘူး။ အပြန်မှာမှ […]

လောင်းလုံး စစ်ဘေးရှောင်ထောက်ပံ့ငွေ အရှုပ်အရှင်းကိစ္စ အမျိုးသမီးသုံးဦးကို ထိန်းသိမ်းထားဟု မော်ဒန်ပန့်အဖွဲ့ဆို

Dawei Watch

August 30, 2025

လောင်းလုံးမြို့နယ်အား ထောက်ပံ့သည့် စစ်ဘေးရှောင်ထောက်ပံ့ငွေ အရှုပ်အရှင်းဖြစ်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး မြေပြင်တွင် ပိုက်ဆံလိုက်လံထောက်ပံ့ပေးသူ အမျိုးသမီးသုံးဦးကို ယာယီထိန်းသိမ်းထားကြောင်း မော်ဒန်ပန့် ( ModernPunks) အဖွဲ့တည်ထောင်သူ ကိုကြက်ဥက ပြောသည်။ ဩဂုတ်လ ၂၉ ရက် နေ့လယ်ပိုင်းတွင် တစ်ဦး၊ ဩဂုတ်လ ၃၀ ရက်တွင် နှစ်ဦးကို ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းဆိုသည်။ စစ်ဘေးရှောင် ထောက်ပံ့ငွေကြေး အရှုပ်၊အရှင်းဖြစ်နေသည့် ကိစ္စအားဖြေရှင်းပေးရန် ဒေသခံအချို့က Modern Punks အဖွဲ့အား လာရောက်တိုင်ကြားကြောင်း ကိုကြက်ဥကပြောသည်။ ယင်းသို့တိုင်ကြားလာသဖြင့် ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်းကိုယ်စား မြေပြင်တွင် ထောက်ပံ့ကြေး လိုက်လံပေးအပ်သူများအပါအဝင် သက်ဆိုင်ရာကျေးရွာသုံးရွာမှ ဒေသခံများအား ခေါ်ယူကာ လူအများရှေ့တွင်ပင် စစ်ဆေးခဲ့ကြောင်း ကိုကြက်ဥကနှင့် ဒေသခံအချို့က ပြောသည်။ ထိုကဲ့သို့ စစ်ဆေးရာတွင် စစ်ဘေးရှောင်ထောက်ပံ့ငွေများထဲမှ ငွေကြေးဖြတ်တောက်ထားသည်ကို တွေ့ရရှိရသဖြင့် […]

လောင်းလုံး နခံတောရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

August 29, 2025

လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာတွင် ယနေ့ ဩဂုတ်လ ၂၉ရက် မွန်လွဲပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်ခတ်ခံရပြီး သေဆုံးသူသည် လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာသား အသက် ၄၀ ကျော်အရွယ် ဦးအောင်အောင်ဘို ဖြစ်ပြီး ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က နခံတောကျေးရွာအနီး လမ်းပိုင်းတစ်နေရာ၌ လက်နက်ကိုင် အဖွဲ့တစ်ခုက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “နောက်စေ့ပွင့်ဒဏ်ရာနဲ့ မျက်လုံးမှာ ဒဏ်ရာတစ်ချက် တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ကိုအောင်အောင်ဘို ကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို အတည် မပြုနိုင်သေးပေ။ အထက်ပါဖြစ်ရပ်နှင့် ပတ်သက်၍ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးကို Dawei Watch […]

ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့က လောင်းလုံးတွင် ပထမဆုံးရုံးခွဲဖွင့်

Dawei Watch

August 29, 2025

ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့(ထားဝယ်)က လောင်းလုံးမြို့နယ်တွင် ပထမဆုံး ရုံးခွဲဖွင့်၍ အရေးပေါ်လူနာများကိုစတင်၍ကူညီ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ထံမှသိရသည်။ ဇမ္ဗူသီရိရုံးခွဲကို လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာတွင် ဩဂုတ်လ ၂၅ ရက်နေ့က စဖွင့်ခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်တစ်စီး၊ စေတနာ့ဝန်ထမ်း ၉ ဦး တို့က အရေးပေါ်လူနာများကို ၂၄ နာရီ ကူညီ ဆောင်ရွက်ပေးနေကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဓိကကတော့ ဒေသခံတွေ ဆေးဖက်ဆိုင်ရာအကူအညီတွေ လက်လှမ်းမီအောင်ပေါ့နော်။ ကျန်တဲ့ ဒေသတွေမှာလည်း အခုလိုမျိုး လုပ်ပေးနိုင်စွမ်းရှိတဲ့သူတွေကို ဖိတ်ခေါ်ထားတယ်”ဟု ၎င်းကဆိုသည်။ ထားဝယ်ခရိုင်တွင် ယခင်က ကျေးရွာအများစု၌ အရေးပေါ် လူနာတင်ယာဉ်အသင်းအဖွဲ့များ ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခများနှင့်အတူ ကျေးရွာအခြေပြု လူမှုကူညီရေးအသင်းအဖွဲ့ အားလုံးနီးပါး ရပ်ဆိုင်းသွားကြသည်။ ယင်းကြောင့် ဒေသခံပြည်သူများ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရပြီး […]