မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် ခရီးသွားရာချီပိတ်မိနေပြီး ရိက္ခာအခက်အခဲဖြစ်နေ
Dawei Watch
August 27, 2025ရန်ကုန်-ထားဝယ်လမ်းပိုင်းဖြစ်သည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မလွှဲတောင်နှင့် ကလိန်အောင်လမ်းပိုင်းတွင် ဩဂုတ်လ ၂၆ ရက် ညနေ ၃ နာရီခန့်မှစပြီး ခရီးသွားကားများ ရာ ချီပိတ်မိနေ၍ စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေကြောင်း ပိတ်မိနေသည့် ခရီးသွားများက ပြောသည်။ မလွှဲတောင်နှင့် ကလိန်အောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် တို့အကြား ဩဂုတ်လ ၂၃ ရက် နေ့မှ ၂၅ ရက် နေ့အထိ သုံးရက်ဆက်တိုက် ထိတွေ့တိုက်ပွဲ ဖြစ်နေကြောင်း၊ တော်လှန်ရေးတပ်များဘက်က ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှစပြီး ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ခရီးသွားတစ်ဦးကပြောသည်။ “တော်တော် ဒုက္ခရောက်နေတယ်။ ဒီလမ်းမမှာ ဘာစားစရာမှမရှိဘူး၊ ကျွန်တော်တို့ ရွာထဲဝင်ပြီး ထမင်းလိုက် တောင်းစားနေရတယ်။ ဒီမှာကားကြီးတွေရော ကားသေးတွေရော ရာချီရှိနေပြီ ကျမ်းမာရေး […]


