ထားဝယ်အရှေ့တောတွင် စစ်အာဏာရှင်တပ် တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ
Dawei Watch
August 21, 2025ထားဝယ်အရှေ့တောဒေသတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ယနေ့ ဩဂုတ်လ ၂၁ ရက်တွင်လည်း စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချိုက ပြောသည်။ ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် သင်္ကန်းတုန်းရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “(ဗုံးကြဲတဲ့) အသံကြားတာကတော့ နှစ်လုံးကြားတယ်၊ ထိခိုက်မှု ရှိမရှိ အခုအထိ ဘာမှမကြားရသေးဘူး” ဟု သင်္ကန်းတုန်းရွာအနီးက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဒေသခံအမျိုးသား အခြားတစ်ဦးကလည်း စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးနှစ်လုံး လာရောက်ကြဲချသွားကြောင်း ပြောဆိုသည်။ စစ်အာဏာရှင်တပ်က ယာဉ်၁၀ စီးပါသည့် စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းသည် ထားဝယ်-ထီးခီးကားလမ်းအတိုင်း ပကာရီရဲစခန်းမှ ကျောက်မဲတောင်စခန်းကို စစ်ကြောင်းထိုးလာစဉ် ဩဂုတ် ၁၈ ရက်၊ ၁၉ ရက်တွင် သင်္ကန်းတုန်းရွာနှင့် ဝကုန်းရွာတို့၌ […]


