ရေဖြူတွင် စစ်အာဏာရှင်တပ် ဖမ်းထားသည့် လူငယ်တစ်ဦးပြန်လွတ်၊ အမျိုးသားနှစ်ဦး ပြန်မလွတ်သေး
Dawei Watch
August 15, 2025စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် နဘုလယ်ဒေသခံ အသက် ၁၇နှစ်အရွယ်ရှိ ယောင်္ကျားလေးတစ်ဦး ပြန်လွတ်လာပြီး နောက်ထပ်အမျိုးသားနှစ်ဦးမှာမူ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြန်လွတ်လာသော လူငယ်သည် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ပရဒတ်ရွာသားဖြစ်ပြီး ဖမ်းဆီးခံရပြီး နှစ်ပတ်နီးပါးအကြာ ဩဂုတ်လ ၁၄ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါလူငယ်သည် ဩဂုတ်လ ၂ ရက်တွင် နဘုလယ် ဒေသခံ အခြားခြောက်ဦးနှင့်အတူ စစ်အာဏာရှင်တပ်၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ၎င်းနှင့်အတူ ဖမ်းဆီးခံရသည့် နဘုလယ် ဒေသခံ ခြောက်ဦးအနက် ဩဂုတ်လ ၄ရက်တွင် လေးဦး၊ ၈ရက်တွင် တစ်ဦးနှင့် ၁၂ ရက်တွင်တစ်ဦး ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ပရဒတ်ရွားသား လူငယ်ကိုမူ ဩဂုတ်လ ၁၄ရက်တွင် စစ်အာဏာရှင်တပ်က ထားဝယ်ရေနက်ဆိပ်ကမ်းယာယီစစ်စခန်းမှ […]


