တိုက်ပွဲဖြစ်ထားသည့် ကလိန်အောင်-မလွှဲတောင်လမ်းကို သတိပြုသွားလာကြရန် တော်လှန်ရေးအဖွဲ့များဆို
Dawei Watch
August 6, 2025ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်း၊ ကလိန်အောင် – မလွှဲတောင် လမ်းပိုင်းတွင် စစ်ရေးတင်းမာနေဆဲ အခြေအနေရှိသဖြင့် ပြည်သူများ သတိပြုသွားလာကြရန်လိုကြောင်း မွန်၊ကရင်၊ထားဝယ် တော်လှန်အင်အားစုများကဆိုသည်။ ဇူလိုင်လ ၃၀ ရက်နှင့် သြဂုတ်လ ၄ ရက်တို့က ယင်းလမ်းပိုင်းရှိ ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာတွင် တော်လှန်အင်အားစုများနှင့် စစ်အာဏာရှင်တပ်တို့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့သည်။ သြဂုတ်လ ၄ ရက်တွင် နတ်အိမ်တောင်ဒေသဘက်သို့ ဦးတည်လာသည့် အင်အား ၆၀ ခန့်ပါ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ကော့လှိုင်ရွာအနီးတွင် တော်လှန်အင်အားစုများနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ကာ စစ်အာဏာရှင်တပ်သား လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိသည်ဟု ဓာတ်ပုံမှတ်တမ်းများဖြင့် သက်ဆိုင်ရာ တော်လှန်တပ်များ က သတင်းထုတ်ပြန်သည်။ ယင်းတိုက်ပွဲ သည် ၄၅ မိနစ်ခန့်ကြာမြင့်ပြီး တော်လှန်ရေးအင်အားစုဘက်ကလည်း နှစ်ဦးဒဏ်ရာရကာ အရပ်သားထိခိုက်မှုမရှိကြောင်း […]


