သရက်ချောင်း ဝင်းဝရွာတွင် စစ်အာဏာရှင်တပ် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦးသေဆုံး
Dawei Watch
August 4, 2025သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဝင်းဝရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သဖြင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ဩဂုတ်လ ၃ရက် ညဦးပိုင်းတွင် ဝင်းဝနယ်မြေရဲစခန်းက စစ်အာဏာရှင်တပ်ဖွဲ့ဝင်နှစ်ဦး လက်နက်နှင့်အတူ ထွက်ပြေး သဖြင့် ဝင်းဝရဲစခန်းက စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ကျေးရွာထဲတွင် နေအိမ်များကို ဝင်ရောက်ရှာဖွေကြောင်း ၎င်းတို့က ဆိုသည်။ “ပတ်ဝန်းကျင်က ပြောနေကြတာတော့ အိမ်ပေါ်ကို တက်တာနဲ့ အမေးအစမ်းမရှိ၊ အိမ်ပေါ်တက်ရှာပြီးတာနဲ့ ပစ်သတ်ခဲ့တယ်လို့ ပြောတာပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းအပြင် ဒေသခံ ၂၀ ကျော်ကိုလည်း ဝင်းဝရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းပြီးနောက်မူ ညတွင်းချင်း ပြန်လွှတ်ခဲ့ကြောင်း ၎င်းက ပြောသည်။ ပစ်ခတ်ခံရသဖြင့် သေဆုံးသူမှာ ဦးသန်းစိုးဖြစ်ပြီး ညာဘက်ရင်အုံနှင့် နံကိုင်းကြားတွင် ကျည်ဆန် […]


