ထားဝယ်မြို့တွင် အခန်းတွဲများ၌ အခိုးခံရမှု ဆက်တိုက်ဖြစ်
Dawei Watch
July 24, 2025ထားဝယ်မြို့ အခန်းတွဲများတွင် ဇူလိုင်လအတွင်း ခိုးယူခံရမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း မြို့ခံများထံမှ သိရသည်။ အဆိုပါအခန်းတွဲများတွင် ထားဝယ်ခရိုင်အတွင်း စစ်ရေးပဋိပက္ခကြောင့် မြို့ပေါ် တိမ်းရှောင်နေထိုင်သူ အများအပြား ငှားရမ်းနေထိုင်ကြသည်။ ထားဝယ်မြို့သစ်တွင် အခန်တွဲများ၌ ခိုးယူခံရမှု အများဆုံးဖြစ်ပြီး ဇူလိုင်လ ၁၁ရက်နှင့် ၁၈ ရက် ညများတွင် ဖောက်ထွင်း ခိုးယူမှု၊ ခိုးယူရန်ကြိုးပမ်းမှုများဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ဇူလိုင် ၁၈ရက် ညတွင် ထားဝယ်မြို့သစ် ဆင်ဆိပ်ရပ်ကွက် ၁၅ လမ်းတွင် စစ်ဘေးရှောင်များ စုပေါင်းငှားရမ်းနေထိုင်သည့် ၆ ခန်းတွဲ နှစ်ထပ်အဆောင် တစ်ဆောင်တွင် ခြံဝင်းဖောက်ထွင်းခံရပြီးနောက် တန်ဖိုးကြီးမော်တော်ဆိုင်ကယ်တစ်စီး ခိုးယူခံရကြောင်း စုံစမ်းသိရသည်။ ထားဝယ်မြို့သစ် ၆ လမ်း၌ ဇူလိုင်လ ၁၁ ရက်ညတွင် စစ်ဘေးရှောင်များ စုပေါင်းနေထိုင်သည့် ၈ခန်းတွဲ အဆောင်တစ်ခု […]


