သရက်ချောင်း ရန်တောင်ရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်ပြီးအလောင်းဖျောက်
Dawei Watch
July 21, 2025သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ရန်တောင်ရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက သေနတ်ဖြင့်ပစ်သတ်ပြီး အလောင်းဖျောက်ထားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ သရက်နှစ်ခွ၊ သင်းကျွန်း၊ ရန်တောင်၊ ညောင်ဇင်ရွာများကို လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၁၄ ရက်တွင် ညောင်ဇင်ရွာနှင့် ရန်တောင်ရွာတို့တွင် နှစ်ဖွဲ့ခွဲပြီး တပ်စွဲကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ စစ်ကြောင်းထိုးစဉ် ဇူလိုင်လ ၁၆ ရက် တွင် ရန်တောင်ရွာက ဒေသခံလေးဦး၊ အခြားရွာက ဒေသခံလေးဦးခန့်ကို လေးရက်ကြာ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ရန်တောင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဇူလိုင်လ ၁၉ ရက် နံနက် ၉ နာရီခန့်တွင် ရန်တောင်ရွာလယ် ဘုန်းကြီးကျောင်းမှာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ရန်တောင်ရွာသား အသက် ၄၀ခန့်ရှိ ကိုဝင်းအေးဆိုသူကို ဆိုင်ကယ်ပြန်လှည့်ပြေးသည်ဟုဆိုကာ ပစ်ခတ်သဖြင့် […]


