ကလိန်အောင်မြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခု ဖမ်းဆီး
Dawei Watch
July 28, 2025ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ် (၁) နှင့် (၃) ရပ်ကွက်တို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှစ်ဦးကို ရေး-ထားဝယ် လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖမ်းဆီးခဲ့ကြောင်း ကလိန်အောင်မြို့ခံများနှင့် တော်လှန်ရေးအင်အားစုအချို့ထံမှ သိရသည်။ ဇူလိုင်လ ၂၄ရက်တွင် ကလိန်အောင်မြို့မှ ရေဖြူမြို့ဘက်သို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်စိုး၊ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်သိန်းတို့ ရုံးကိစ္စအတွက် ကားဖြင့်လာစဥ် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက စစ်ဆေးခဲ့ကြောင်း နီးစပ်သည့် မြို့ခံများထံမှ သိရသည်။ ယင်းအနက် နှစ်ဦးကို ဖမ်းဆီးပြီး အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ဦးကြည်စိုးနဲ့ ဦးမြင့်ဦးကတော့ ဒီနေ့အထိ အဆက်အသွယ် ပြန်မရသေးဘူး” ဟု […]


