တိုင်းစစ်ကောင်စီ ရုံးစိုက်သည့် ထားဝယ်မြို့ပေါ်တွင် ဖောက်ထွင်းမှု ခိုးမှု ဆက်တိုက်ဖြစ်
Dawei Watch
July 12, 2025တနင်္သာရီတိုင်း စစ်ကောင်စီရုံးစိုက်သည့် ထားဝယ်မြို့ပေါ်တွင် ဖောက်ထွင်းမှု၊ ခိုးမှုများဆက်တိုက်ဖြစ်ပွားနေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ ဇူလိုင်လ ပထမပတ်အတွင်း ထားဝယ်မြို့၊ မြို့သစ်ရပ်ကွက်နှင့် ကမ်းနားဈေးတို့တွင် ဆိုင်ကယ်ခိုးမှုနှင့် နေအိမ်ခြံဝင်းဖောက်ထွင်းမှုများ ဖြစ်ပွားကြောင့် မြို့ခံများက ပြောသည်။ မြိုသစ်ရပ်ကွက်၊ ၆ လမ်း၊ ၁၂ လမ်းသွယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်ညက နေအိမ်ခြံဝင်းတစ်ခု ဖောက်ထွင်း ခံရကြောင်း ဖောက်ထွင်းခံရသည့် နေအိမ်ပိုင်ရှင်အမျိုးသမီးက ဆိုသည်။ အိမ်သားများ အိမ်မောကျချိန် ည ၁ နာရီခန့်တွင် အိမ်ရှေ့ဘက်က အသံကြား၍ အိမ်ရှင်အမျိုးသမီး ထကြည့်ရာတွင် အမျိုးသားသုံးဦးသည် ခြံဝင်းသံတံခါးအား ဖျက်ဆီးနေသဖြင့် အော်ဟစ်ကာ ပတ်ဝန်းကျင်ကို အကူအညီတောင်းရာ အဆိုပါ အမျိုးသားသုံးဦး ထွက်ပြေးသွားကြောင်း ၎င်းက ပြောဆိုသည်။ “ခြံတံခါးလည်း လုံလုံခြုံခြုံပဲဆိုတော့ ခြံထဲမှာပဲ […]


