လောင်းလုံးမြောက်ပိုင်းက စစ်ဘေးရှောင် တစ်ထောင်ခန့် နေရပ်ပြန်မရသေးဘဲ အကူအညီလို
Dawei Watch
July 8, 2025တိုက်ပွဲများမရှိတော့သော်လည်း လောင်းလုံးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာနှစ်ရွာမှ စစ်ဘေးရှောင် တစ်ထောင်ခန့် နေရပ်ပြန်မရသေးဘဲ အကူအညီလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများနှင့် ရွာသားများထံမှသိရသည် ။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ဇူလိုင်လ ၁ ရက်က လောင်းလုံးမြို့နယ် ၊ ဖွားဘုတ်ပြင်ရွာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဖွားဘုတ်ပြင်ရွာအပါအဝင် ပတ်ဝန်းကျင်ရွာ ဆယ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စစ်ဘေးရှောင်ဒေသခံများက ဆိုသည် ။ ဇူလိုင်လ ၇ ရက်အထိ ဖွားဘုတ်ပြင်ရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများဆက်ရှိနေပြီး ပန်းတက်အင်းရွာနှင့် ဖွားဘုတ်ပြင်ရွာအကြားရှိ တောလမ်းတွင်လည်း စစ်ကောင်စီတပ်၏ ကင်းပုန်းအချို့ ကျန်နေသေးကြောင်း ယင်းရွာခံများထံမှသိရသည် ။ ယင်းကြောင့် တိုက်ပွဲဖြစ်ပြီး ရက်ပိုင်းအကြာတွင် ပတ်ဝန်းကျင် ကျေးရွာများ နေရပ်ပြန်နေကြသော်လည်း ဖွားဘုတ်ပြင်ရွာနှင့်ဘူချိုင်းရွာ ကျေးရွာနှစ်ရွာမှ ဒေသခံတစ်ထောင်ခန့် နေရပ်ပြန်နေ၍ မရဖြစ်နေပြီး […]


