သရက်ချောင်း ကျေးရွာအချို့တွင် ညဘက် သွားလာခွင့်တားမြစ်
Dawei Watch
August 12, 2025သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်က ပြင်းဖြူကြီးရွာအပါအဝင် ကျေးရွာသုံးရွာတွင် ညဘက် သွားလာခွင့်မပြုဟု ရပ်မိရပ်ဖများက တားမြစ်ချက်ထုတ်ထားကြောင်း ဒေသခံအချို့က ပြောသည်။ ည ၈ နာရီမှ မနက် ၅ နာရီအတွင်း ဆိုင်ကယ်ဖြင့်သွားလာခြင်း လုံးဝ လုံးဝ မပြုရဟု စာဖြင့် သတိပေးချက်ကို ဓာတ်တိုင်တွင် ချိတ်ဆွဲကာ တားမြစ်ထားကြောင်း ပြင်းဖြူကြီးရွာက ဒေသခံအချို့က ဆိုသည်။ တားမြစ်ထားသည့်အချိန်တွင် သွားလာပါက မိမိတာဝန်သာဖြစ်သည်ဟု သတိပေးတားမြစ်ချက်တွင် ရေးသားထားသည်ကို တွေ့ရသည်။ သို့သော် အရေးပေါ်ကျန်းမာရေးကြောင့် သွားလာလိုလျှင် ဆက်သွယ်ရန် ရပ်မိရပ်ဖများ၏ ဖုန်းနံပါတ်ဖြင့်တကွ ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။ ယင်းသို့ သတိပေးတားမြစ်ချက် ထုတ်ပြန်ထားသည်မှာ နှစ်ရက်ခန့်သာရှိသေးပြီး မည်သည့်အတွက်ကြောင့် ညမထွက်ရ အမိန့်ထုတ်သည်ကိုမူ ရှင်းရှင်းလင်းလင်းမသိကြောင်း ပြင်းဖြူကြီးရွာ ဒေသခံအချို့က ပြောဆိုသည်။ “ရေတက် ရေကျချိန်မှာ […]


