ကလိန်အောင် မရမ်းချောင်းရွာသို့ စစ်အာဏာရှင်တပ်စစ်ကြောင်းဝင်၊ ရွာသားများစစ်ဆေးခံရ
Dawei Watch
August 20, 2025ရေဖြူမြို့နယ် ၊ ရာဖူးကျေးရွာအုပ်စု၊ မရမ်းချောင်းရွာသို့ သြဂုတ်လ ၁၉ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်တပ် စစ်ကြောင်း ဝင်ရောက်လာပြီး ရွာအတွင်း ရှိနေသည့် ရွာသားများကို ခေါ်ယူစစ်ဆေးကြောင်း ရွာသားများထံမှ သိရသည်။ သြဂုတ်လ ၁၄ရက်က ကလိန်အောင်မြို့မှ မလွှဲတောင်ဘက်သို့ လာသည့် အင်အားသုံးရာခန့်ပါ စစ်ကြောင်းက စစ်အာဏာရှင်တပ်သား တစ်ရာခန့်သည် မရမ်းချောင်းရွာသို့ ယမန်နေ့က ရောက်ရှိလာကြောင်း ရွာသားများက ဆိုသည်။ အဆိုပါစစ်ကြောင်းမှာ ယနေ့ သြဂုတ်လ ၂၀ရက်တွင် မရမ်းချောင်းရွာလယ် စာသင်ကျောင်း၌ ဆက်ရှိနေဆဲကြောင်း ၎င်းတို့က ပြောဆိုသည်။ “နောက်ကလည်း စစ်ကြောင်း နှစ်ကြောင်းထပ်ထိုးနေသေးတယ်။ ရွာမှာ ကျန်ခဲ့တဲ့ ပိတ်မိနေတဲ့ ရွာသားတွေတော့ ညနေက ခေါ်ပြီး စစ်ဆေးခံရတယ်။ PDF နဲ့ အဆက်အသွယ်ရှိလား ဘာညာပေါ့။ အခုမနက် […]


