ရေဖြူတွင် တိုက်ပွဲဖြစ်ပြီး သားအမိနှစ်ဦးသေဆုံး၊ ကိုးဦးခန့် ဒဏ်ရာအပြင်းအထန်ရ
Dawei Watch
December 23, 2025ရေဖြူမြို့နယ်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ယနေ့ နံနက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သား နှစ်ဦးသေဆုံးကာ ကိုးဦးခန့် ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ ညင်းထွေးကျေးရွာနှင့် ဇီးကျကျေးရွာကြားလမ်း၏ အရှေ့ ဘက် နှစ်ဖာလုံခန့်အကွာတွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၇နာရီခွဲခန့်မှစ၍ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ သန်းကုန်း (မိုးကုတ်) ဝိပဿနာရိပ်သာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်အား တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။ ယင်းတိုက်ပွဲအတွင်း ရိပ်သာအနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးနှင့် အသက် ၁ နှစ်ခွဲအရွယ် သားဖြစ်သူတို့ သေဆုံးကာ နောက်ထပ် ကလေးငယ် လေးဦးအပါဝင် ဒေသခံ ကိုးဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်း ဒေသခံများထံမှ သိရှိရသည်။ […]


