ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာအနီးတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

January 6, 2026

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်အာဏာရှင်တပ်တို့ ဇန်နဝါရီလ ၅ရက် နံနက်ပိုင်းတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်း ဝင်ရောက်ပစ်ခတ်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ငယ်အသံများအပြင် လက်နက်ကြီးပစ်ခတ်သံလည်း သုံးကြိမ်ကြားရကြောင်း အရှေ့တောဒေသမှ အမျိုးသမီးတစ်ဦးက ပြောသည်။ မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပြီးနောက် တော်လှန်ရေးတပ်များ ဆုတ်ခွာသွားပြီး စစ်အာဏာရှင်တပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့၏ နေရာတစ်ခုနှင့် လက်နက်ခဲယမ်းအချို့၊ ကားတစ်စီးတို့ကို သိမ်းဆည်းခဲ့ကြောင်း အရှေ့တောအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ဆိုသည်။ အထက်ပါ နှစ်ဖက်ပစ်ခတ်မှုတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်က သံမဏိပြောက်ကျားတပ်ဖွဲ့ (နဘယံ)၊ က္လားသစ္ဏတ် တပ်ဖွဲ့၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့တို့ ပါဝင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံတစ်ဦးတို့က ပြောဆိုသည်။ စစ်ကော်မရှင် လော်ဘီ တယ်လီဂရမ်ချန်နယ်အချို့တွင်မှု သင်္ကန်းတုံးကျေးရွာအနီးရှိ KNU/PDF စခန်းကို သိမ်းပိုက်ရရှိပြီး ပစ်ခတ်မှုတွင် […]

ရေဖြူ ကျောက်ထောင့်ရွာတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ပြန်ထွက်ချိန် ဆိုင်ကယ်ငါးစီးကို မီးရှို့ဖျက်ဆီးပြီး နှစ်စီးကိုယူဆောင်

Dawei Watch

January 6, 2026

ရေဖြူမြို့နယ်၊ ကျောက်ထောင့်ကျေးရွာတွင် စစ်အာဏာရှင်တပ် လေးရက်ကြာတပ်စွဲခဲ့ပြီးနောက် ဒေသခံများ ပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ် ငါးစီးကို မီးရှို့ဖျက်ဆီးကာ နှစ်စီးကိုမူ လှေဖြင့် လာရောက် သယ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။ အင်အား ၁၀၀ နီးပါးရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည့် ဇန်နဝါရီလ ၃ ရက် ညနေပိုင်းကစပြီး ကျောက်ထောင့်ကျေးရွာရှိ လူနေအိမ်များတွင် ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သည်။ ယင်းနောက် နေအိမ်များကို ဖောက်ထွင်းကာ ငွေသား၊ ရွှေနှင့် တန်ဖိုးကြီးပစ္စည်းအချို့ကိုလည်း ယူဆောင်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “ကျောက်ထောင့်ရွာကို စစ်ကြောင်းဝင်တယ်ဆိုတာ သိပ်မရှိ တတ်ဘူး။ လူတွေက အဲဒီမှာ အမှုမဲ့ အမှတ်မဲ့ နေကြတာပေါ့။ တကယ်လည်းဝင်လာ တဲ့ အခါကျတော့ ဘာမှ ပြင်ချိန် မရလိုက်ကြဘူး။ ရွေနဲ့ ငွေသားတွေ တော်တော်များများပါသွားခဲ့ကြတယ်။ အိမ်ပေါ်သူတို့ တက်ရှာရင်တွေ့မှာ […]

ထားဝယ်ထောင်တွင် ယားနာကူးစက်မှု အဖြစ်များ

Dawei Watch

January 6, 2026

ထားဝယ်အကျဉ်းထောင်တွင် ယားနာရောဂါကူးစက်ဖြစ်ပွားမှု များနေကြောင်း အကျဉ်းသူ၊ အကျဉ်းသား မိသားစုဝင်အချို့က ပြောသည်။ အိပ်ဆောင်တစ်ခုလျှင် လူဦးရေ ၆၀ မှ ၈၀ အထိ နေထိုင်ရပြီး ချိုးရေမလုံလောက်မှုကြောင့် ပွေး၊ ဝဲ၊ နှင်းခူကဲ့သို့သော ယားနာများ အဖြစ်များနေကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဖြစ်နေတာက တော်တော်တော့ကြာပြီ။ ဆေးက အမြဲဝယ်ထည့်ပေးနေရတယ်။ ထောင်မှာကလည်း နှာစေးဖျားနာ အတွက်ပဲ ဆေးရှိတာ။ ကျွန်မယောက်ျားမှာဆို လက်တွေမှာရော ကျောကုန်းတွေမှာ ပါဖြစ်နေတာ တစ်ကိုယ်လုံးပဲ။ လူတိုင်း ဖြစ်တယ်။ လူကလည်းများ ရေကလည်း ခွက်ရေနဲ့ပဲ ချိုးရတော့ ကူးကြတယ်ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့ပေါ်ရှိ အကျဉ်းသူ၊ အကျဉ်းသား မိသားစုဝင်များက တစ်ပတ်လျှင် တစ်ကြိမ် ထောင်ဝင်စာပို့ပေးနေသဖြင့် ဆေးဝါး၊ ဆပ်ပြာ၊ […]

ကံပေါက်တွင် နေအိမ်ဖောက်ထွင်းမှုများ ပြန်ဖြစ်

Dawei Watch

January 6, 2026

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းတို့တွင် နေအိမ်ဖောက်ထွင်းခိုးယူမှုများ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ နောက်ဆုံးအပတ်က ကံပေါက်ရွာ၊ လှည်းကုန်းရပ်ကွက်တွင် စျေးကားထွက်၍ နေအိမ်၌ လူမရှိချိန် နေအိမ်ဖောက်ထွင်းခံရကြောင်းကာယကံရှင်မိသားစု နှင့် နီးစပ်သူတစ်ဦးက ပြောသည် ။ “အရင်က စျေးကားထွက်ရင် အိမ်မှာ သမီးလေးတစ်ယောက်ကျန်နေခဲ့တယ်။ အခုက ကျောင်းပိတ်ရက်ဆိုတော့ သမီးလေးပါ စျေးကားလိုက်သွားတာ။ အိမ်မှာ လူမရှိချိန် နေခင်းကြောင်တောင် အဖောက်ခံရတယ်။ စုဗူးလေးလုံး စုစုပေါင်း သိန်းနှစ်ရာ (ကျပ်) လောက်ပါသွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်ကလည်း ကံပေါက်ရွာ မဂ္ဂင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သူခိုးကပ်ခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။ ရပ်ကွက်နေသူများက ဝိုင်းလိုက်သဖြင့် ပစ္စည်းနှင့် ငွေကြေးခိုးယူခံရခြင်း မရှိကြောင်း […]

ရေဖြူ ကျေးရွာနှစ်ရွာတွင် စစ်အာဏာရှင်တပ်နေအိမ်များကိုဖောက်ထွင်း

Dawei Watch

January 5, 2026

ရေဖြူမြို့နယ်ရှိ နတ်တွင်းနှင့် ကျောက်ထောင့်ကျေးရွာတွင် စစ်အာဏာရှင်တပ်က ဒေသခံ နေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းများကို အဓမ္မယူ ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အင်အား တစ်ရာနီးပါးရှိသည့် အဆိုပါစစ်ကြောင်းသည် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းမှစ၍ နတ်တွင်းကျေးရွာသို့ သေနတ်ပစ်ခတ်ဝင်ရောက်လာပြီး လူမရှိသည့် နေအိမ်များကိုလည်း ဖောက်ထွင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဒေသခံအမျိုးသားသုံးဦးကိုလည်း ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင် ပြန်လွှတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဆိုင်ကယ်က ၆ စီးလောက်ရှိတယ်။ ငွေ(သိန်း)ဆယ်ချီပါတဲ့ အိမ်ရှိတယ်။ နောက်ရွှေတွေလည်းပါသွားတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။ ယင်းနောက် ထိုစစ်ကြောင်းသည် ညနေပိုင်းတွင် နတ်တွင်းကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် ကျောက်ထောင့်ကျေးရွာသို့ ထွက်ခွာသွားနောက် ‌ကျောက်ထောင့်ကျေးရွာရှိ လူမရှိသည့် နေအိမ်များကို ထပ်မံ ဖောက်ထွင်းကာ ယင်းနေအိမ်များတွင်ပင် တပ်စွဲနေထိုင်နေကြောင်း ‌ဒေသခံအမျိုးသားတစ်ဦး […]

ထားဝယ်နှင့် မြိတ်ထောင်က အကျဥ်သား ၇၀ နီးပါး လွတ်ငြိမ်းဖြင့်လွတ်မြောက်

Dawei Watch

January 4, 2026

ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ တွင် စစ်ကော်မရှင် ၏ လွတ်ငြိမ်းခွင့်ဖြင့် ထားဝယ်နှင့် မြိတ်အကျဥ်းထောင်တို့က အကျဥ်သား ၇၀နီးပါး လွတ်မြောက်လာကြောင်း လွတ်​မြောက်လာသည့် ကာယကံရှင်များ နှင့် နီးစပ်သူများထံမှ သိရသည် ။ထားဝယ်ထောင်က အကျဉ်းသား ၂၃ ဦး အကျဥ်းသူ ၇ ဦး စုစုပေါင်း ၃၀ ဦးလွတ်မြောက်လာကြောင်း လွတ်​မြောက်လာသည့် ကာယကံရှင်များ နှင့် နီးစပ်သူများထံမှသိရသည် ။ ယင်းတို့အနက် နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူများ ပါဝင်လာခြင်းမရှိကြောင်း လွတ်မြောက်လာသည့် အကျဥ်းသူတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ မိသားစုဝင်တစ်ဦးက​ ပြောသည် ။ ” စလွတ်မယ်ဆိုပြီး စာရင်းလာယူကတည်းက မူးယစ်ဆေးနဲ့ နိုင်ငံရေး မပါဘူးဆိုပြီး ပြောတယ် ။ ဒီနေ့လွတ်တဲ့ သုံးဆယ်ထဲမှာလည်း နိုင်ငံရေးအမှု […]

ကမြောကင်းတံတား၌ ဒရုန်းဗုံးထိသည့် သားအမိတွင် မိခင်က ခြေထောက်ဖြတ်ရမည်ဖြစ်ပြီး သမီးက ဒဏ်ရာပြင်းထန်ဆဲ

Dawei Watch

January 2, 2026

ကမြောကင်းတံတား စစ်ဆေးရေးဂိတ် ဒရုန်းဗုံးချတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသည့် အမျိုးသမီးတစ်ဦးမှာ ခြေထောက်ဖြတ်ရမည်ဖြစ်ပြီး ၎င်း၏သမီးဖြစ်သူမှာလည်း ခွဲစိတ်ခန်း နှစ်ကြိမ်ဝင်ထားရကြောင်း ဆွေမျိုးနီးစပ်သူများ ထံမှသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူးနေ့တွင် ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးချတိုက်ခိုက်ခဲ့ရာတွင် ခရီးသွားပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ သာယာကုန်းကျေးရွာသူ မမိလတ်နှင့် သမီးဖြစ်သူ ပထမတန်းကျောင်းသူတစ်ဦး၊ ဒုတိယတန်းကျောင်းသူတစ်ဦး၊ မင်းရပ်တလိုင်းမော်ကျေးရွာမှ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ မောင်နှမနှစ်ဦး စုစုပေါင်းငါးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၁၁ နာရီ ဝန်းကျင်တွင် ပထမအကြိမ် ဒရုန်းဗုံး တိုက်ခိုက်ပြီးနောက် တံတားပြန်လည်ဖွင့်လှစ်ချိန်တွင် မမိလတ်မှာ ထားဝယ်မြို့ အိုးလုပ်ပြင်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် ၎င်း၏သမီး […]

ထားဝယ်ဒေသထွက် ကိုကိုးသီး စျေးကောင်းရ

Dawei Watch

January 2, 2026

ချောကလက်ကုန်ကြမ်းဖြစ်သည့် ထားဝယ်ဒေသထွက် ကိုကိုးသီး ယခုနှစ်တွင် ပြည်တွင်း အဝယ်လိုက်သဖြင့် စျေးကောင်း ရနေကြောင်း ကိုကိုးစိုက် တောင်သူများနှင့် အဝယ်ဒိုင်များထံမှ သိရသည်။ ယမန်နှစ်က ကိုကိုးသီး တစ်ကီလိုလျှင် ကျပ်ငါးရာဝန်းကျင် ခုနစ်ရာဝန်းကျင်အထိ စျေးရှိခဲ့ရာမှ ယခုနှစ်တွင် ကိုးရာကျပ် အထိ စျေးတက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကိုကိုးသီးကို တောင်သူများထံမှ အသီးတိုက်ရိုက်ဝယ်၍ ဒိုင်များထံတွင် အသီးခြောက်နှင့် ချောကလက် ကုန်ကြမ်းအဖြစ် ပြုလုပ်၍ ရန်ကုန်စျေးကွက်သို့ တင်ပို့ရကြောင်း ရေဖြူမြို့နယ်မှ ကိုကိုးသီး အဝယ်ဒိုင်တစ်ဦးက ပြောသည်။ “ချောကလက်ကုန်ကြမ်းက ပြည်ပစျေးကွက်ကနေ သွင်းရမတော့ ပြည်တွင်းစျေးကွက်ထဲ ကိုကိုးသီးက အဝယ်လိုက် လာတယ်။ အခုနှစ်မှာ ပိုရောင်းလာရတယ်” ဟု ၎င်းက ပြောဆိုသည်။ ချောကလက် ကုန်ကြမ်းဖြစ်သည့် ကိုကိုးအမှုန့်ကို ယခင်က တရုတ်နိုင်ငံထံမှတစ်ဆင့် […]