ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲ ညဘက်ပြန်ကျင်းပမည်
Dawei Watch
October 16, 2025ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲကို ယခင်အတိုင်း ညဘက်တွင်လှည့်လည် ကျင်းပမည်ဟု ရပ်ကွက်ဂေါပကများနှင့် ဘုရားကြီးဂေါပကတို့ ယနေ့ (အောက်တိုဘာ ၁၆) ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေး တက်ခဲ့သည့် ဂေါပကများထံမှသိရသည်။ စက်တင်ဘာလက ပြုလုပ်ခဲ့သည့် ပထမအကြိမ်အစည်းအဝေးတွင် နေ့ဘက်တွင်လှည့်လည်မည်ဟု ဆုံးဖြတ်ခဲ့သော်လည်း ယနေ့အစည်းအဝေးတွင် အများသဘောဖြင့် ညဘက်ပြန်ကျင်းပရန် ဆုံးဖြတ်လိုက်ကြောင်း ၎င်းတို့က ဆိုသည်။ ” ဘုရားထွက်မယ့်အချိန်ကိုတော့ ယခင် ည ၇ နာရီမှ ထွက်မယ့်အစား ည ၆ နာရီမှာ တစ်နာရီ စောထွက်မယ် ” ဟု အစည်းအဝေး တက်ခဲ့သည့် ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခုမှ သက်ကြီးပိုင်း ဘုရားလူကြီးတစ်ဦးကပြောသည်။ ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲလှည့်ပွဲကို ကိုဗစ်ကာလကတည်းက ရပ်နားထားပြီး ၂၀၂၃ နှင့် ၂၀၂၄ […]


