ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ် ဒေသခံအချို့ကိုဖမ်းဆီးငွေညှစ်
Dawei Watch
October 28, 2025ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်းရှိသည့် နဘုလယ်ဒေသသို့ စစ်ကြောင်းထိုးရောက်ရှိနေသော စစ်အာဏာရှင်တပ်သည် ဒေသခံအချို့ကို ဖမ်းဆီးငွေညှစ်ကြောင်း နဘုလယ်ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် အင်အားအများအပြားဖြင့် အောက်တိုဘာလ ပထမပတ်ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန် အတွင်း ရောက်ရှိလာပြီးနောက် နဘုလယ်ဒေသတစ်ခွင် စစ်ကြောင်းထိုးနေကြောင်း ၎င်းဒေသခံများက ပြောသည်။ အောက်တိုဘာလ ၂၄ ရက်က နဘုလယ်ဒေသမှ ရေဖြူမြို့ဘက်သို့ လာသည့် ပရဒတ်ရွာသားနှစ်ဦးနှင့် ထိန်ကြီးရွာသား တစ်ဦးတို့ကို လမ်းပိုင်းတစ်နေရာတွင် ဖမ်းဆီးခဲ့ပြီးနောက် ရိုက်နှက်နှိပ်စက်ကာ သုံးရက်အကြာ အောက်တိုဘာလ ၂၇ရက်တွင် တစ်ဦးလျှင် ၂၅ သိန်းနှုန်းဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လူက ပြန်လွတ်လာပေမယ့် သုံးယောက်စလုံးမှာ ဒဏ်ရာတွေနဲ့။ ဆိုင်ကယ်နဲ့ ဖုန်းကတော့ (စစ်အာဏာရှင်တပ်) သူတို့လက်ထဲ ကျန်သေးတယ်”ဟု ၎င်းက ပြောဆိုသည်။ အဆိုပါစစ်ကြောင်းသည် ထားဝယ် ရေနက်ဆိပ်ကမ်းလမ်း […]


