လောင်းလုံးနှင့် ရေဖြူတွင် စစ်အာဏာရှင်တပ် အင်အားအများအပြားဖြင့် လူဦးရေစာရင်းကောက်
Dawei Watch
November 6, 2025လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့က ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က အင်အားအများအပြားအသုံးပြုပြီး လူဦးရေစာရင်း လိုက်လံကောက်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သားများ ရှေ့ပြေးရောက်ရှိလာပြီးနောက် ယနေ့ နိုဝင်ဘာလ ၆ရက် နံနက်ပိုင်းကစပြီး လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာအုပ်စုတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် လူဦးရေနှင့် အိမ်ထောင်စုစာရင်း လိုက်လံစစ်ဆေး ကောက်ယူ နေကြောင်း ဒေသခံအမျိုးသားတစ်ဦး ပြောသည်။ “အဖွဲ့စုံပဲ။ လဝကလည်း ပါတယ်။ အိမ်မှာ ဘယ်နှစ်ယောက်ရှိလဲလို့ မေးတယ်။ မရှိတဲ့သူတွေကျတော့ ဘယ်သွားလဲလို့ မေးတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းအပြင် ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာတွင်လည်း စစ်အာဏာရှင်တပ်သည် နိုဝင်ဘာလ ၄ ရက်နှင့် နိုဝင်ဘာလ ၅ ရက် နှစ်ရက်ကြာ လူဦးရေစာရင်း စစ်ဆေးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “သူတို့က ဘုန်းကြီးကျောင်းမှာ […]


