တန်ဆောင်တိုင်ပြီးနောက် ထားဝယ်တွင် စစ်အာဏာရှင်တပ် ညဘက် စစ်မှုထမ်းဝင်ဆွဲ
Dawei Watch
November 13, 2025ထားဝယ်မြို့တွင် တန်ဆောင်တိုင်ကာလပြီးနောက် နိုဝင်ဘာလ ဒုတိယအပတ်တွင် စစ်အာဏာရှင်တပ်က နေအိမ်များကို ညဘက်ဝင်ရောက် စစ်မှုထမ်း ဖမ်းဆီးစုဆောင်းမှု ပြန်လုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ရက် ညက ဘုမ္မော်၊ ဆန်းချီ၊ ညောင်ရမ်းတောင်၊ ပိန္နဲတော စသည့် ရပ်ကွက်များတွင် နေအိမ်အချို့ကို စစ်အာဏာရှင်တပ်က ဝင်ရောက်ကာ စစ်မှုထမ်း စုဆောင်းခဲ့ကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။ ဘုမ္မော်ရပ်ကွက်၊ (၂) လမ်းတွင် နေအိမ်နှစ်အိမ်အား ညသန်းခေါင်ယံအချိန်တွင် စစ်အာဏာရှင်တပ်သားများ လာရောက်ကာ အမျိုးသားတစ်ဦး စစ်မှုထမ်းစုဆောင်းသွားကြောင်း ဘုမ္မော်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။ “နှစ်အိမ်ဝင်တာ တစ်အိမ်ပါသွားတယ်။ ယောက်ျားလေး တစ်ယောက်ပါသွားတယ်။ နောက်တစ်အိမ်က ကာယဗလမောင် တစ်ယောက်ရဲ့အိမ်။ သူက အိမ်မှာ မရှိလို့ မပါသွားဘူး။ လာရှာနေတာတော့ နှစ်ခါရှိပြီ” ဟု ၎င်းက […]


