ထားဝယ်နည်းပညာတက္ကသိုလ်တိုက်ပွဲတွင် ခရီးသွားလူငယ်တစ်ဦး ကျည်ထိမှန်
Dawei Watch
February 18, 2026ထားဝယ် နည်းပညာတက္ကသိုလ်တိုက်ပွဲတွင် ခရီးသွားလူငယ်တစ်ဦး ကျည်ဆန်ထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ထားဝယ်နည်းပညာတက္ကသိုလ်ရှိ စစ်အာဏာရှင်တပ်ဖွဲ့နှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းနှင့် ထားဝယ် ပကဖ (DGRF) တပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၁၆ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ရေဖြူမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားသုံးဦး အတူစီးနင်းလာစဉ် ဘုရားမဲဂိတ်အနီးသို့ ရောက်ရှိချိန်တွင် တိုက်ပွဲစတင်ဖြစ်ပွားရာ နောက်ဆုံးတွင် လိုက်ပါလာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး ကျည်ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက ဘောလုံး (ထိုင်းမှာ အလုပ်သွားလုပ်မယ့်သူ) ။ ရေဝိုင်းလမ်းကနေ အရှေ့တောဘက်ပို့ဖို့ ပွဲစားခေါ်လာတဲ့အချိန် ထိသွားတာ” ဟု ၎င်းက ဆိုသည်။ ကျည်ဆန်မှာ […]


