ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်းနှင့် ပုလောတွင် စစ်ဘေးရှောင်များ မိုးကာလ နေရေးအခက်ကြုံ

Dawei Watch

May 25, 2026

စစ်ဘေးရှောင်အချို့မှာ ငွေကြေးမတတ်နိုင်သဖြင့် တဲဆောက်ရန် အခက်အခဲကြုံနေရပြီး အကူအညီ အထောက်အပံ့ ရရှိမှုလည်း နည်းပါးကြောင်း ဆိုသည်။

တနင်္သာရီတိုင်း စစ်အစိုးရဝန်ကြီးချုပ်ရုံးခန်းကို ဒရုန်းရန်ကာကွယ်ရေး ပိုက်ကွန်အုပ်

Dawei Watch

May 25, 2026

ထားဝယ်မြို့ ရှိ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးရှိ စစ်အစိုးရဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၏ ရုံးခန်းကို ဒရုန်းရန်ကာကွယ်ရန်အတွက် ပိုက်ကွန်များဖြင့် ဖုံးအုပ်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် မြို့ခံများက ပြောသည်။ အစိုးရအဆက်ဆက် ရုံးစိုက်ခဲ့သည့် ရုံးကြီးဟု လူသိများသော အဆောက်အအုံရှိ ရုံးခန်းတစ်ခုတည်းကို သံချောင်း (Hollow) ၊ သံဇကာနှင့် နေကာပိုက်ကွက်တို့ကို ခြင်ထောင်ပုံစံလုပ်ပြီး ဒရုန်းကာကွယ်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ရုံးကြီးလမ်းဆုံမီးပွိုင့်နှင့် ကပ်နေပြီး အဆောက်အအုံထောင့်စွန်းတွင်ရှိသည့် အဆိုပါရုံးခန်းမှာ လက်ရှိတိုင်းစစ်အစိုးရ ဝန်ကြီးချုပ်၏ ရုံးခန်းဖြစ်ကြောင်း စစ်အစိုးရနှင့် နီးစပ်သူများက ပြောဆိုသည်။ ယင်းအပြင် ရုံးကြီးပတ်ဝန်းကျင်တွင် ဂျမ်မာ (ဆက်သွယ်ရေးလှိုင်းဖြတ်ကိရိယာ) ဟု ယူဆရသည့် မိုက်ခရို ဖုန်းအငယ်စား ပုံစံကဲ့သို့ ကိရိယာအချို့လည်း ထောင်ထားသည်ကိုတွေ့ရသည်ကြောင်း မြို့ခံအချို့က ဆိုသည်။ အဆိုပါ ဒရုန်းကာကွယ်ရေးအစီအမံကို တိုင်းစစ်အစိုးရ ရုံးစတက်ရသည့် ဧပြီလကတည်းက […]

ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာဝန်းကျင်ကို စစ်အာဏာရှင်တပ် ဗုံးကြဲ

Dawei Watch

May 24, 2026

ရေး-ထားဝယ်လမ်းရှိ ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာ အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ယနေ့ မေလ ၂၄ ရက် နံနက်ပိုင်းတွင် ဗုံးကြဲကြောင်း တော်လှန်ရေးအင်အားစုများနှင့် ရွာသားများထံမှ သိရသည်။ နံနက် ၁၁ နာရီဝန်းကျင်တွင် ဗုံးကြဲခြင်းဖြစ်ပြီး ကျေးရွာအနီးသစ်ထုတ် လုပ်ငန်းခွင်တစ်ခုအနီးဝန်းကျင်နှင့် တောစပ် တစ်နေရာတို့တွင် ဗုံးကျရောက်ပေါက်ကွဲကြောင်း ရွာသားများက ပြောသည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အဆောက်အအုံနှင့် လူထိခိုက်မှု မရှိကြောင်း ရွာသားတစ်ဦးက ဆိုသည်။ နံနက် ၁၁ နာရီဝန်းကျင်တွင် ကျောက်ရှပ်ရွာဘက်သို့ ဦးတည်ကာ ရဟတ်ယာဥ်နှစ်စင်း ပျံသန်းသွားသည်ကို မြင်တွေ့ရကြောင်း ကလိန်အောင်နှင့် ကံပေါက် ဒေသခံများက ပြောဆိုသည်။ စစ်အာဏာရှင်တပ်၏ လေကြောင်းကို ကင်းထောက်နေသည့် EAR ချန်နယ်ကလည်း မြိတ်လေတပ်က ရဟတ်ယာဥ် တစ်စင်းသည် နံနက် ၁၁ နာရီဝန်းကျင်တွင် […]

ထားဝယ် မောင်မယ်ရှောင်ကျေးရွာအုပ်စုတွင် စစ်အာဏာရှင်တပ် နေအိမ်မီးရှို့

Dawei Watch

May 22, 2026

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ပခပ်အင်းရွာတွင် မေလ ၁၉ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်က အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ် တာဝန်ရှိသူထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် ထားဝယ်မြို့မှ ပခပ်အင်းဘက်သို့ စစ်ကြောင်းထိုးလာချိန် မေလ ၁၉ရက်က ပခပ်အင်းရွာတွင် တော်လှန်ရေးတပ်များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ပခပ်အင်းရွာထဲမှာ တိုက်ပွဲဖြစ်တယ်ဆိုတော့ ပခပ်အင်းရွာထဲက အိမ်တွေကို (စစ်အာဏာရှင်တပ်က) မီးရှို့သွားတာ ရှိတယ်။ ငါးဆောင်ပါ” ဟု ၎င်းက ပြောဆိုသည်။ ပခပ်အင်းရွာမှ ထွက်ပြေးလာသူ ဒေသခံအချို့ကလည်း စစ်အာဏာရှင်တပ်သည် အရပ်သားနေအိမ် သုံးဆောင် ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ် တစ်ဆောင် မီးလောင်ကြောင်း ဆိုသည်။ “လောလောဆယ်သိရတာကတော့ အဲဒီလောက်ပဲ သိရသေးတယ်။ အကုန်လုံးက […]

စစ်ကြောင်းထိုးလာသဖြင့် လောင်းလုံးမြို့အနီးက ဒေသခံများ ထွက်ပြေးနေရ

Dawei Watch

May 22, 2026

လောင်းလုံးမြို့နှင့် ကပ်လျက် စစ်ပြဲကျေးရွာနှင့် ညင်းမော်ကျေးရွာသို့ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် ယင်းကျေးရွာတို့က ရာနှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်းနေကြရကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇွန်လ ၂၂ ရက် နံနက် အရုဏ်တက်ချိန် ၄ နာရီခန့်တွင် လောင်းလုံးမြို့ထဲမှ စစ်ပြဲ၊ ညင်းမော်ကျေးရွာဘက်သို့ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်တို့နှင့် စစ်ပြဲကျေးရွာတွင် မိနစ်အနည်းငယ်ကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။ အနည်းဆုံး အင်အားတစ်ရာကျော် ပါဝင်သည့် စစ်ကြောင်းသည် ရုတ်တရက်ဝင်လာသဖြင့် အချိန်မီထွက်ပြေးမနိုင်သော ရွာသားအချို့ အဖမ်းခံထားရကြောင်း ၎င်းတို့က ပြောဆိုသည်။ စစ်ကြောင်းမှာ ညင်းမော်ကျေးရွာသို့ရောက်လာပြီး ထိုမှတဆင့် ညင်းမော်ကျေးရွာအုပ်စု ရင်းဘုတ်ကျေးရွာသို့ ဦးစွာ ရောက်ရှိပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲံသည့် ညင်းမော်ကျေးရွာ၏ အရှေ့ဘက် တစ်ဆက်တည်းရှိ စစ်ပြဲကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးသွားခဲ့ကြောင်း ဒေသခံများထံမှ […]

သရက်ချောင်း သရက်နှစ်ခွရွာက လူငယ်တစ်ဦးကို လက်နက်ကိုင်တစ်စု ဖမ်းခေါ်ပြီးနောက် သတင်းမရ

Dawei Watch

May 21, 2026

သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာတွင် လူငယ်အမျိုးသားတစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် သတင်းအစအန မရဘဲ ပျောက်ဆုံးနေသည်မှာ တစ်ပတ်ရှိလာပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ မေလ ၁၄ ရက် ည ၈ နာရီခန့်တွင် သရက်နှစ်ခွရွာသား အသက် ၂၇ နှစ်အရွယ် ကိုဇင်ကိုနိုင်အား အရပ်ဝတ် ဝတ်ဆင်ထား သည့် လက်နက်ကိုင်လူတစ်စုက လက်ထိပ်ခတ်၍ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ဆိုသည်။ “အဲဒီနေ့က သူ့အိမ်မှာ ပိုက်ဆံတောင်းတာ မပေးလို့ အိမ်မှာ ရိုက်ခွဲခတ်ခွဲ လုပ်တယ်လို့ပြောတယ်။ နောက် စာသင်ကျောင်း မှာပါ ရိုက်ခွဲခတ်ခွဲ သွားလုပ်တယ်လို့ပြောတယ်။ အဲဒီမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက သူ့ကို လာဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ လာရောက်ဖမ်းဆီးသွားသည့် လက်နက်ကိုင်အုပ်စုတွင် သရက်နှစ်ခွရွာသား သုံးဦးအပါအဝင် လူရှစ်ဦးခန့်ပါဝင်ကြောင်း ဒေသခံအချို့က […]

လောင်းလုံးသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ကို တိုက်ခိုက်

Dawei Watch

May 21, 2026

ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ကြောင် ဒေသခံများ၊ တော်လှန်ရေးတပ်တို့နှင့် နီးစပ်သူများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် လောင်းလုံးဘက်သို့ မေလ ၂၀ရက် ညသန်းခေါင်အချိန် စစ်ကြောင်းထိုးလာချိန် အင်းဇောက် ကျေးရွာအနီး၌ ည ၁၂ နာရီနှင့် ယနေ့ နံနက် ၁နာရီကြားတွင် ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ကြိုပြီးသိရင်တော့ ရှောင်လို့ရသေးတယ်။ အခုက ညဘက်ကြီးဆိုတော့ ဒေသခံတွေလည်း ရှောင်ချိန်မရလိုက်ဘူး။ (ပစ်ခတ်) အသံတော့ ကြားနေတယ်။ လက်နက်ငယ်တွေရော၊ အော်တိုသေနတ်တွေရောပဲ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ (မနက်) ၁နာရီကျော်လောက် မိုးရွာတော့မှ ပစ်ခတ်သံငြိမ်သွားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ထားဝယ်မြို့ဘက်က လာသည့် စစ်ကြောင်းတွင် အင်အား ၇၀ ဆယ်ခန့်ရှိပြီး ယခင်ကပင် လောင်းလုံးမြို့နယ် […]

၃ နှစ်ကြာရပ်ထားသည့် ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှု စာမေးပွဲ ပြန်ကျင်းပ

Dawei Watch

May 20, 2026

ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုစာမေးပွဲကို မေလ တတိယအပတ်တွင် မလွှဲတောင်အနီးရှိ အလယ်စခန်းရွာ၌ ပြုလုပ်ခဲ့ကြောင်း ရေဖြူမြို့နယ်ရှိ မွန်ကျောင်းများထံမှ သိရသည်။ ထားဝယ်ခရိုင်ထဲတွင်ရှိသော ရေဖြူမြို့နယ်မှာ မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် ထိစပ်နေပြီး မွန်ရွာများလည်း တည်ရှိသည်။ ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုစာမေးပွဲသည် နွေရာသီမွန်ကျောင်းများ၏ မြို့နယ်အဆင့် အတန်းတင်စာမေးပွဲဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ရေဖြူမြို့နယ်၊ ကျွဲသုံးညီမရွာတွင် နောက်ဆုံးကျင်းပခဲ့သည်။ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ရေဖြူမြို့နယ်၊ ကျေးရွာအချို့တွင် စစ်ရေးပြင်းထန်ခဲ့သဖြင့် မွန်ကျောင်းများ အပြည့်အဝမဖွင့်နိုင်ခဲ့ခြင်းကြောင့် မြို့နယ်အဆင့်စာမေးပွဲကို ရပ်နား၍ မိမိရပ်ရွာအလိုက်သာ စာမေးပွဲ ဖြေဆိုကြတော့ကြောင်း စာမေးပွဲစီစဉ်သူများထံမှ သိရသည်။ ယခုနှစ် ပြန်ကျင်းပသော ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှု စာမေးပွဲကို မေလ ၁၅ ရက်တွင် စာမေးပွဲရက်အဖြစ်လည်းကောင်း၊ မေလ ၁၈ […]