ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံးမြို့ပေါ်တိုက်ပွဲ ကလေးတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရပြီး အိမ်သုံးဆောင်ပျက်စီး

Dawei Watch

June 2, 2026

လောင်းလုံးမြို့ပေါ် တိုက်ပွဲတွင် ကလေးတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး ဒဏ်ရာရပြီး နေအိမ်သုံးဆောင်ပျက်စီးကြောင်း မြို့ခံများက ပြောသည်။ လောင်းလုံးမြို့ပေါ်ရှိ စစ်အာဏာရှင်တပ်စခန်းများကို ဇွန်လ ၁ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတပ်တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထိုပစ်ခတ်မှုအတွင်း လောင်းလုံးမြို့ (က) ရပ်ကွက်ရှိ လူနေအိမ်နှစ်ဆောင်နှင့် (ခ) ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တို့ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ထို့အပြင် နှစ်ဖက်ပစ်ခတ်မှုအတွင်း အသက် ၁၄ နှစ်ခန့်အရွယ် ကလေးတစ်ဦးနှင့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ထိန်သစ်က ကလေးတစ်ဦးနဲ့ မြို့မ စျေးလမ်းကြားက အမျိုးသားတစ်ဦး ထိသွားတယ်။ စျေးလမ်းကြားမှာ ထိတဲ့ […]

လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်နာရီကြာ ပစ်ခတ်မှုဖြစ်

Dawei Watch

June 1, 2026

လောင်းလုံးမြို့ပေါ်ရှိ စစ်အာဏာရှင် တပ်စခန်းများကို တော်လှန်ရေးတပ်က ယနေ့ နံနက် ၉ နာရီအချိန်ခန့်မှစ၍ ဒရုန်းများဖြင့် လာရောက်ဗုံးချ ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ထားဝယ်မြို့ရှိ ကလေးကစားကွင်းတွင် ဆိုင်ကယ်တစ်စီး ထပ်အခိုးခံရ

Dawei Watch

June 1, 2026

ထားဝယ်မြို့ရှိ ကလေးကစားကွင်းတွင် မေလ ၃၁ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်တစ်စီး ထပ်မံအခိုးခံလိုက်ရကြောင်း ဆိုင်ကယ်အခိုးခံရသည့် ကာယကံရှင်နှင့် နီးစပ်သူထံမှ သိရသည်။ အခိုးခံလိုက်ရသည့် ဆိုင်ကယ်မှာ Wave အမျိုးအစား ဆိုင်ကယ်ဖြစ်ပြီး သားအမိနှစ်ဦး ဆိုင်ကယ်ထားပြီးနောက် ကစားကွင်းအတွင်း ဝင်ရောက်သွားရာမှ ပြန်ထွက်လာချိန်တွင် ဆိုင်ကယ်မှာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။ ယင်းနောက် ကစားကွင်းအနီးရှိ CCTV မှတ်တမ်းများကို ကြည့်ရှုရာ အမျိုးသားတစ်ဦးမှ ၎င်း၏ဆိုင်ကယ်အား ခိုးယူမောင်းထွက်သွားသည်ကို တွေ့ရှိရခြင်းဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ “သားအမိနှစ်ယောက်သွားတယ် ကစားကွင်းရောက်တော့ ကလေးက ဆင်းပြေးသွားတယ်ဆိုတော့ သူလည်း ဆိုင်ကယ်ကို သော့ခတ်ဖို့ သတိမထားမိဘဲ ဝင်သွားတယ်ထင်တယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။ ဆိုင်ကယ်ခိုးယူသူမှာ ဘောင်းဘီရှည်အမည်းရောင်၊ အင်္ကျီအမည်းရောင် ဝတ်ဆင်ထားပြီး […]

လောင်းလုံး ကဒက်ကြီးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်

Dawei Watch

May 30, 2026

လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာသို့ စစ်ကြောင်းထိုးရောက်ရှိနေသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ယနေ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့က ပြောသည်။ ကဒက်ကြီးကျေးရွာထဲရှိ ခြေတော်ရာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်သည် ကျောင်းထဲမှ ရွာထဲသို့ စစ်ကြောင်းထိုးထွက်လာချိန် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့ မေလ ၃၀ ရက် နံနက် ၁၀ နာရီဝန်းကျင်မှစပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နာရီခန့်အကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “တိုက်ပွဲဖြစ်ချိန်ဆို ကျွန်မတို့ ပြေးလို့မမီတော့ဘူး။ အိမ်ထဲမှာပဲ ဘုရားတပြီး ဝပ်နေလိုက်ရတယ်“ ဟု တိုက်ပွဲဖြစ်ချိန် ရွာထဲ ပိတ်မိခဲ့သူ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သွားခဲ့ပြီးနောက် မွန်းလွဲ ၂ နာရီကျော်တွင်မူ လက်နက်ကြီးပေါ်ကွဲသံများ […]

သရက်ချောင်းတွင် ကလေး နှစ်ဦး ရေနစ်သေဆုံး

Dawei Watch

May 30, 2026

သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာတွင် မေလ ၂၉ ရက် နံနက်ပိုင်းက အသက် ၅ နှစ်အရွယ် ကလေးနှစ်ဦး ရေနစ်သေဆုံးသွားကြောင်း ရွာသားများထံမှ သိရသည်။ ကလေးများ ပျောက်နေသဖြင့် မိဘများက လိုက်လံရှာဖွေရာ လယ်ကွင်းပြင်အတွင်း ရေနစ်သေဆုံးနေသည်ကို တွေ့ရကြောင်း ရွာသားတစ်ဦးက ပြောသည်။ ရွာအနီး ရေပြည့်နေသော လယ်ကွင်းပြင်၌ ရေကစားကြရင်း ရေနစ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ သေဆုံးသည့် ကလေးများ၏ ရုပ်အလောင်းကို မေလ ၂၉ ရက်တွင် ရန်တောင်ရွာ သုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။ မေလ ၂၇ ရက်ကလည်း ပုလောမြို့နယ်ရှိ ကျောက်လိပ်ရေတံခွန်တွင် ရေကစားသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး ရေနစ်သေဆုံးခဲ့သေးသည်။ ယခု မိုးဦးကျကာလ မေလအတွင်း၌ပင် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် […]

ရေဖြူ နဘုလယ်ဒေသတွင် စစ်အာဏာရှင်တပ်ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

Dawei Watch

May 29, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ နဘုလယ်ဒေသသို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် လဲရှောင်ကျေးရွာသို့ မေလ ၂၈ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးဝင်လာပြီးနောက် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များတွင် တပ်စွဲနေကြောင်း ဒေသခံများက ပြောသည်။ မေလ ၂၈ရက် ညနေ ၃နာရီကျော်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “နှစ်လုံးကျတယ်။ စံကင်းဘုန်းကြီးကျောင်းနားမှာ တစ်လုံးနဲ့ ဆေးခန်းနား တစ်လုံးကျတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် နှစ်ကြိမ်ပြန်လည်ပစ်ခတ်ပြီး ဒေသခံများ ထိခိုက်မှုမရှိကြောင်း ဒေသခံများက ဆိုသည်။ စစ်အာဏာရှင်တပ်အား မည်သည့်တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ကိုမူ အတည်မပြုနိုင်သေးပေ။ စစ်အာဏာရှင်တပ်သည် ယနေ့ မေလ ၂၉ […]

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ် ဒရုန်းဗုံးချခံရပြီးနောက် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး

Dawei Watch

May 29, 2026

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်က မေလ ၂၈ရက် မွန်းလွဲပိုင်းကစပြီး ထားဝယ်မြို့၏ အရှေ့တောင်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပေါက်တိုင်းတံတားဂိတ်နှင့် မြို့တော်ခန်းမအနီးဝန်းကျင်တို့တွင် မေလ ၂၇ရက် နံနက်ပိုင်းက ဒရုန်းဗုံးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း မြို့ခံများက ပြောသည်။ မြို့တော်ခန်းမသည် တိုင်းရဲတပ်ဖွဲ့မှူးရုံးအနီးတွင် တည်ရှိသည်။ ပေါက်တိုင်းတံတားဂိတ်အနီး ဗုံးနှစ်လုံးနှင့် မြို့တော်ခန်းမအနီး တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို မည်သည့်လက်နက်ကိုင်အဖွဲ့ က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။ ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် ၃၄ တို့၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံထံ ဆက်သွယ်မေးမြန်းရာ ယခုရက်ပိုင်းအတွင်း […]

လောင်းလုံး၊ ကဒက်ကြီးရွာရှိ နေအိမ်ခြောက်ဆောင်ကို စစ်အာဏာရှင်တပ် မီးရှို့

Dawei Watch

May 29, 2026

စစ်အာဏာရှင်တပ်သည် တောထဲတွင် တပ်ဖျောက်ပြီး ရွာထဲသို့ ရုတ်တရက် ဝင်ရောက်လာလေ့ရှိသဖြင့် ဒေသခံအမြောက်အမြား ဖမ်းဆီးခံရကြောင်း၊ ဒေသခံများထံတွင် ပါလာသည့် ငွေကြေးနှင့် ရွှေငွေပစ္စည်းများကို အဓမ္မယူဆောင်ကာ လူကိုပြန်လွှတ်ပေးလေ့ရှိသည်။