ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်းမြို့တွင် စစ်မှုထမ်းဟောင်းအမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

June 11, 2026

သရက်ချောင်း မြို့မရပ်ကွက်တွင် စစ်မှုထမ်းဟောင်း အမျိုးသားတစ်ဦး ဇွန်လ ၁၀ ရက် နံနက် ၆ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၆၀ ခန့်ရှိ အဆိုပါအမျိုးသားကို လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆိုင်ကယ်စီး လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပေါ်ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ ကျည်ထိမှန်ဒဏ်ရာဖြင့် အဆိုပါနေရာတွင် သေဆုံးကြောင်း ၎င်းက ပြောဆိုသည်။ သေဆုံးသူသည် သရက်ချောင်းမြို့တွင် နေထိုင်သည့် ဦးဝင်းဇော်ဖြစ်ပြီး ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကိုမူ မသိကြောင်း ဒေသခံအချို့က ပြောသည်။ ဦးဝင်းဇော် ပစ်ခတ်ခံရသည့် နေရာသည် ပန်းတော စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်နှင့် ဓာတ်မီးတိုင် သုံးခုခန့် အကွာတွင် ဖြစ်ကြောင်း အထက်ပါရပ်ကွက်နေသူက ဆိုသည်။ “သူက […]

ထားဝယ်တွင် ဖုန်းလိုင်း အပိတ်ခံရမှုများ ဆက်တိုက်ဖြစ်၊ စစ်အစိုးရကို အခွန်မဆောင်၍ဟုဆို

Dawei Watch

June 11, 2026

ထားဝယ်ခရိုင်တွင် ဒေသခံပြည်သူများ၏ ဖုန်းလိုင်းများ ဖြတ်တောက်ခံနေရပြီး စစ်အစိုးရကို ဖုန်းအတွက် အခွန်မပေးဆောင်၍ လိုင်းပိတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ဖုန်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ စစ်အစိုးရသည် မိုဘိုင်းဖုန်းများကို ထိန်းချုပ်မည့် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို မတ်လ ပထမပတ်မှစပြီး စတင်အကောင်အထည်ဖော်လာပြီးနောက် ထိုကဲ့သို့ ဖုန်းလိုင်းများ ဖြတ်တောက်ခံလာရခြင်းဖြစ်သည်။ စစ်အစိုးရမှ အကောင်အထည်ဖော်နေသည့် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) ထဲတွင် မိမိဖုန်းရှိ ဂဏန်း ၁၅ လုံးပါရှိသော IMEI နံပါတ်ကို မှတ်ပုံတင်ရမည်ဖြစ်ပြီး ထိုသို့မှတ်ပုံတင်ထားခြင်းမရှိသော ဖုန်းများအား မြန်မာပြည်ရှိ မည်သည့်ဆင်းကတ်ကိုမှ ထည့်သုံးနိုင်ခြင်းမရှိအောင် ဆောင်ရွက်ထားခြင်းဖြစ်သည်။ IMEI နံပါတ်ကို မှတ်ပုံမတင်ရသေးသော ဖုန်းဖြစ်ပါက ဖုန်းထဲသို့ ဆင်းကတ်စထည့်ချိန်မှစပြီး ရက်ပေါင်း ၃၀ တိတိ ပုံမှန်အတိုင်း ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက်သုံးစွဲခြင်းတို့ကို အသုံးပြုနိုင်မည်ဖြစ်သော်လည်း […]

ထားဝယ်တွင် ထီးဆောင်းပြီး ဆိုင်ကယ်မောင်းသူအချို့ အရေးယူခံရ

Dawei Watch

June 10, 2026

ထားဝယ်မြို့ပေါ်တွင် ထီးဆောင်းပြီး ဆိုင်ကယ်မောင်းနှင်သူအချို့ကို ယာဉ်ထိန်းရဲနှင့်ပူးပေါင်းအဖွဲ့က ဖမ်းဆီး အရေးယူကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံအချို့ထံမှ သိရသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့သည် ယနေ့ ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခန့်၌ DDPC လမ်းဆုံ မီးပွိုင့်တွင် ကား၊ ဆိုင်ကယ်များကို ရှောင်တစ်ခင်စစ်ဆေးကြောင်း ခရီးသွားဒေသခံများက ပြောသည်။ ယင်းသို့စစ်ဆေးနေစဉ် ထီးဆောင်း၍ သွားလာနေသည့် မော်တော်ဆိုင်ကယ်နှစ်စီးကို DDPC မီးပွိုင့်တွင် ခေါ်ယူစစ်ဆေးပြီး အရေးယူခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ခရီးသွားမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ ထီးဆောင်းပြီး ဆိုင်ကယ်မောင်းနှင်သဖြင့် ဖမ်းဆီးအရေးယူခြင်းဖြစ်သည်ဟု ပြောဆိုမှုကို ကြားရသလို ဒဏ်ငွေ ပေးဆောင် သည်ကိုလည်း မြင်တွေ့ခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။ ဒဏ်ငွေ မည်မျှ ပေးဆောင်ရသည်ကိုမူ သေသေချာချာ […]

ထားဝယ်တွင် ဇွန်လပထမပတ်အတွင်း လူငယ်ငါးဦးထက်မနည်း စစ်မှုထမ်းစုဆောင်းခံရ

Dawei Watch

June 10, 2026

ထားဝယ်မြို့တွင် ဇွန်လပထမပတ်အတွင်း လူငယ်အမျိုးသား ငါးဦးထက်မနည်း အဓမ္မစစ်မှူထမ်းစုဆောင်းခံရကြောင်း မြို့ခံများက ပြောသည်။ ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကြား မြစ်ကူးတံတားဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၇ ရက် နံနက် ၆နာရီခွဲခန့်တွင် ခရီးသွားလူငယ် လေးဦးထက်မနည်းကို စစ်အာဏာရှင်တပ်၏ စစ်မှူထမ်းစုဆောင်းရေးအဖွဲ့က ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းစုဆောင်းကြောင်း မြို့ခံခရီးသွားအချို့က ဆိုသည်။ “တစ်ယာက်က စက်ဘီးနဲ့ ထားဝယ်ဘက်ကနေလာတဲ့အချိန် အခေါ်ခံရတယ်၊ နောက် အဲဒီအချိန်မှာပဲ အလုပ်သမားတွေ တင်လာတဲ့ သုံးဘီး ဆိုင်ကယ်ပေါ်ပါလာတဲ့ အလုပ်သမားတွေ သုံးဦးလောက်ရှိမယ် သူတို ခေါ်ချသွားတာ” ဟု ကိုယ်တိုင် တွေ့ရသည့် မြို့ခံခရီးသွားတစ်ဦးကပြောဆိုသည်။ ယင်းအပြင် ဇွန်လ ၈ ရက် ညကလည်း ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက် ၊ မီးသုံးလုံး လမ်းဆုံအနီးနေအိမ်တစ်အိမ်တွင် လူငယ်တစ်ဦး […]

ထားဝယ်တွင် ယခုနှစ် ဆားအထွက်နှုန်းကောင်း

Dawei Watch

June 10, 2026

ထားဝယ်ခရိုင်တွင် ယခုနှစ် ဆားထုတ်လုပ်သည့်ရာသီတွင် ဖျက်မိုးနည်းသဖြင့် ဆားအထွက်နှုန်းကောင်းကြောင်း ဆားလုပ်တောင်သူအချို့က ပြောသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်းမှာ ဖျက်မိုးများခြင်း၊ မိုးရိပ်တတ်ခြင်း စသည်တို့ကြောင့် ဆားအထွက်နှုန်း လျော့ကျခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်တွင်သာ ဆားအထွက် ကောင်းလာကြောင်း ထားဝယ်မြို့ရှိ ရွှေပြည်သား ဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ဆိုသည်။ ယခုနှစ်တွင် နွေမိုးရွာသွန်းမှု နည်းပါးခြင်း၊ ဖျက်မိုးနည်းခြင်းတို့ကြောင့် ဆားအထွက်ကောင်းခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ယခင်နှစ်များက ဧက ၂၀၀ ခန့်ရှိ ဆားကွင်းနှစ်ကွင်းတွင်ဆိုလျှင် ဆားပိဿာချိန် ၁၃ သိန်းမှ ၁၈ သိန်းခန့်သာ ထွက်ခဲ့သော်လည်း ယခုနှစ်တွင် ဆားပိဿာချိန် ၂၅ သိန်းခန့်ထွက်ရှိကြောင်း ဦးသန်းဝင်းက ပြောသည်။ “အရင်နှစ်တွေက ရာသီမကောင်းဘူး။ ဒီနှစ်က ဖျက်မိုးနည်းတယ်” […]

ထားဝယ်ခရိုင်တွင် ဥယျာဉ်ခြံ တောထွင်ခဈေးထပ်တက်၊ တစ်ရက်ငှားရမ်းခ ကျပ်ရှစ်သောင်းဖြစ်လာ

Dawei Watch

June 9, 2026

ထားဝယ်ခရိုင်တွင် ရော်ဘာ၊ ကွမ်းသီး ဥယျာဉ်ခြံများ၏ တောထွင်ခ (ခြံရှင်းခ) စျေးတက်လာပြီး တစ်ရက်ငှားရမ်းခ ကျပ်ရှစ်သောင်းအထိဖြစ်လာကြောင်း ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ လူနှင့် စက် (စက်သုံးဆီအပါအဝင်) တစ်ရက်ငှားရမ်းခမှာ ကျပ်လေးသောင်းခွဲမှ ငါးသောင်းအထိ စျေးရှိပြီး ရွာအချို့တွင် ကျပ် ခြောက်သောင်းအထိ ပေးရကြောင်း ၎င်းတို့က ဆိုသည်။ ယခုနှစ်တွင် တောထွင်ရှင်းလင်းရန် တစ်ရက်ငှားရမ်းခ ကျပ် ရှစ်သောင်းအထိ ဖြစ်လာကြောင်း ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောဆိုသည်။ “တရက် ရှစ်သောင်းဆိုတာက သူ့စက်နဲ့သူ စက်သုံးဆီပါ အပြီးအစီးပေါ့နော်။ ကိုယ်က စက်သုံးဆီပေးမယ်ဆိုရင် တစ်ရက်ငါးသောင်းပေးရတယ်။ မနှစ်က သူ့စက်နဲ့သူ့ဆီနဲ့ကို တစ်ရက်ခြောက်သောင်းနဲ့ ငှားရတယ်” ဟု ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာက ကွမ်းသီးခြံရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ်က […]

ရုရှားကုမ္ပဏီနှင့် လောင်းလုံးစီးပွားဖွံ့ဖြိုးရေးကုမ္ပဏီတို့ ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံအတွက် MOU ရေးထိုး

Dawei Watch

June 8, 2026

ရုရှားနှင့် မြန်မာ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်ကိုလည်း လက်မှတ်ထိုးခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လည်း ပါဝင်သည်ဟု ရုရှားစီးပွားရေးဝန်ကြီးက ဆိုသည်။

လောင်းလုံးမြောက်ပိုင်းကို စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထပ်ထိုး

Dawei Watch

June 8, 2026

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသဖြင့် လောင်းလုံးမြို့နယ်တွင် မေလနှောင်းပိုင်းကစပြီး တိုက်ပွဲ ခုနစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။