ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်ရဲ့ DSEZ ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုများ

July 30, 2026

ဇူလိုင်လဆန်းပိုင်းကစပြီး စစ်အာဏာရှင်တပ်က ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) ထဲကို အင်အား ထောင်ဂဏန်းအထိ သုံးပြီးတော့ စစ်ကြောင်းထိုးဝင်ရောက်လာနေပါတယ်။

စစ်အာဏာရှင်တပ်စစ်ကြောင်းက တပ်ခွဲတွေခွဲပြီး စီမံကိန်းဇုန်ဧရိယာတစ်လျှောက်နဲ့ အနီးဝန်းကျင်ကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးဝင်ရောက်နေတာပါ။

အဲဒီလို လှည့်ပတ်စစ်ကြောင်းထိုးနေစဉ်အတွင်းမှာပဲ အရပ်သားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်တာ၊ နှိပ်စက်သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ယူဆောင်တာစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်းပဲ ကျူးလွန်ခဲ့ကြပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ အခုလို ပြုမူဆောင်ရွက်ချက်တွေကြောင့် အထူးစီးပွားရေးဇုန်နဲ့ နီးစပ်ရာဧရိယာက အရပ်သားပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး ဘေးလွတ်ရာ တောတောင်တွေနဲ့ ဥယျာဉ်ခြံတွေထဲမှာ ခက်ခဲစွာ တိမ်းရှောင်နေကြရပါတယ်။

စစ်အာဏာရှင်တပ် စစ်ကြောင်းစတင်ဝင်ရောက်လာချိန်ကစပြီး ရက် ၂၀ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်လမ်းမီသမျှစုစည်းပြီး အချက်အလက် မှတ်တမ်းဖြစ်တင်ဆက်လိုက်ပါတယ်။

ဇူလိုင်လ ၈ ရက်မှ ၂၉ ရက်အတွင်း ကောက်ယူရသမျှ စာရင်းသာဖြစ်ပြီး မြေပြင်တွင် ယင်းပမာဏထက် ပိုများသည်။