ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တောင်မင်းပြောင်နှင့် မြို့ဟောင်းရွာတို့တွင် စစ်အာဏာရှင်တပ် အိမ် ၁၀ကျော်မီးရှို့

July 30, 2026

လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်နှင့် မြို့ ဟောင်းကျေးရွာတို့တွင် နှစ်ရက်အတွင်း စစ်အာဏာရှင်တပ်က နေအိမ် ၁၀ကျော်ကို မီးရှို့ဖျက်ဆီးကြောင်း စစ်ဘေးရှောင် ဒေသခံ များက ပြောသည်။

အင်အား တစ်ရာဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၂၉ရက်နှင့် ၃၀ ရက်တို့တွင် တောင်မင်းပြောင်နှင် မြို့ ဟောင်းကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့သည်။

ဇူလိုင်လ ၂၉ရက်တွင် တောင်မင်းပြောင် ကျေးရွာ၌ နေအိမ် လေးဆောင်ထက်မနည်း နှင့် မြို့ ဟောင်းကျေးရွာတွင် နေအိမ် ခြောက် ဆောင် စုစု ပေါင်း နေအိမ် ၁၀ကျော်ကို မီးရှို့ဖျက်ဆီး ခဲ့ ကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် ဒေသခံများ ပိုင်ဆိုင်သည့် ထော်လာဂျီ၊ ဘေးတွဲဆိုင်ကယ် ၊ ဆိုင်ကယ် နှင့် အခြား တန်ဖိုးကြီးပစ္စည်း များ စွာ ကိုလည်း အဓမ္မယူ ဆောင်သွားခဲ့ ကြကြောင်း ဒေသခံ စစ်ဘေးရှောင်များက ပြောဆိုသည်။

ယင်းအပြင် ဒေသခံအမျိုးသား နှင့် အမျိုးသမီး စုစုပေါင်း လေးဦးထက်မနည်ကိုလည်း ဖမ်းဆီးကြောင်း ၎င်းတို့က ပြောသည်။

အထက်ပါစစ်ကြောင်းသည် မြို့ဟောင်းကျေးရွာတွင် ဇူလိုင်လ ၂၉ရက်က အသက် ၁၆ အရွယ်လူငယ်တစ်ဦးကိုလည်း ပစ်သတ်ခဲ့သေးသည်။

ယင်းအပြင် လုံး၀ အဆက်အသွယ်မရသေးသည့် ရွာသားများလည်း ရှိနေကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၃၀ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် လောင်းလုံးမြို့ ဘက်သို့ ပြန်လည်ထွက်ခွဲသွားခဲ့ သော်လည်း ဒေသခံများ ကျေးရွာများအတွင် ပြန်လည်ဝင်ရောက် နေထိုင် ခြင်းများမရှိ ကြသေးကြောင်း စစ်ဘေးရှောင် ဒေသခံများက ဆိုသည်။