တနင်္သာရီတိုင်းတွင် မိုးရွာနိုင်
Dawei Watch
February 13, 2026တနင်္သာရီတိုင်းတွင် ယခုရက်သတ္တပတ်အတွင်း နေရာကွက်ကျား မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနများနှင့် မိုးလေဝသ လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။ တနင်္သာရီတိုင်းအပါအဝင် ရှမ်း (အရှေ့ပိုင်းနှင့် တောင်ပိုင်း) ၊ ကရင်၊ မွန်၊ ကရင်နီ(ကယား)၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့တွင် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာနက တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်တွင် ဖော်ပြသည်။ စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနကလည်း တနင်္သာရီတိုင်းတွင် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှ နောက် နှစ်ရက်အတွင်း နေရာကွက်ကျား မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ ယခုရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေပွေလှိုင်း တစ်ခုဖြစ်ပေါ်နေသဖြင့် မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးအနည်းငယ်ရွာနိုင်ကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ခန့်မှန်းသည်။ ထားဝယ်ခရိုင်နှင့် […]


