တနင်္သာရီတိုင်းတွင် စစ်အုပ်စုပါတီက သုံးဦးထပ်အနိုင်ရ
Dawei Watch
January 20, 2026ရွေးကောက်ပွဲအပိုင်း (၂) ပြုလုပ်ခဲ့သည့် ရေဖြူ၊ ကျွန်းစု၊ တနင်္သာရီသုံးမြို့နယ်ထဲတွင် စစ်အုပ်စု ကျောထောက်နောက်ခံ ဖြစ်သည့် ကြံ့ခိုင်ရေးပါတီက သုံးဦး ထပ်မံအနိုင်ရကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်တို့တွင် ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့ကို ပေါင်းထားသည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) တို့တွင် အနိုင်ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း (၂) တွင်ပါဝင်သည့် တိုင်းဒေသကြီးလွှတ်တော်နေရာအတွက်မူ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းအထိ ထုတ်ပြန်ခြင်း မရှိသေးပေ။ ရွေးကောက်ပွဲအပိုင်း (၁) ဖြစ်သည့် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းတို့တွင်မူ ကြံ့ခိုင်ရေးပါတီက လွှတ်တော်သုံးရပ်ပေါင်း ကိုယ်စားလှယ် ၁၃ ဦး အနိုင်ရထားပြီး ပြည်သူ့ပါတီက တိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ဦး […]


